watercolour white and black colour.
ရေဆေးပန်းချီကားတွေရေးဆွဲရာမှာ အဖြူချန်ပြီး
ရေးဆွဲသူနဲ့အဖြူတို့ပြီးရေးဆွဲသူများ တခါတလေ
အငြင်းပွားစရာလေးတွေ တွေ့ရှိရပါသည်။
နိူင်ငံတကာရေဆေးအသင်းကြီးတချို့စည်း
ကမ်းစနစ်ကြီးတဲ့အသင်းတချို့ကရေဆေးပန်းချီ
ကားကိုအလင်းမှာထောင်ကြည့်လို့အရောင်မထွက်ဘဲအမှောင်ရိပ်ကွက်နေတာမြင်ရင်ရေဆေး
ကားအဖြစ်လက်မခံပါဘူး ပိုစတာကာလာ
ဘော်ဒီကာလာ ရေဆေးအထူ အလင်းပိတ်
ပန်းချီကားအဖြစ်သတ်မှတ်ကြပါသည်။ထိုအုပ်စု
ကို ကွန်ဆာဗေးတစ် ရှေးရိုးဆန်သောအုပ်စုလို့
သတ်မှတ်လေ့ရှိကြသည်။
အလင်းနေရာတွေကို အဖြူနု့ဲ ရောစပ်တို့
ထိရေးဆွဲတဲ့သူတွေကိုတော့လစ်ဘရယ်သမား
တွေပေါ့တစ်ချိန်ကဆရာကြီးအတော်များများက
အဖြူတို့တာမကြိုက်ကြပါဘူး့အဖြူတို့တာပန်းချီ
ကားရဲ့အဆင့်အတန်းကိုထိခိုက်စေတယ်တဲ့
အဖြူတို့တဲ့ပန်းချီဆရာကလဲ အဖြူသုံးရလို့ အဖြူ
ဆေးတောင့် ရေဆေးဘူးတွေမှာ ထည့်ပေးတာပေါ့လို့အကြေင်းပြချက်ပေးပါတယ်
သီအိုရီလိုက်စားတဲ့ရေဆေးဆရာကြီး
တချို့ကတော့ အဖြူဆေးကို ဆေးသားထူတို့ခိုင်း
တာမဟုတ်ဘူး အရောင်ရဲ့စွမ်းအားကိုလျော့ဘို့
အတွက်ရေအစား အဖြူဆေးကိုအသုံးပြုစေချင်
လို့အဖြူဆေးတောင့်ထည့်ပေးထားတာတဲ့
အမဲလဲ ထို့အတူဘဲအရောင်သုံးရောင်
ရောစပ်မှမဲနက်တာထက် အမဲရောင်ဆေးကို
ရောစပ်သုံးခြင်းဖြင့်အရင့်ဆုံး အမှောင်ကို
ကြည်လင်စွာရရှိစေပါသည်။
ရေဆေးမှာ ဂလစ်ဆလင်း အလှဆီရော
စပ်ပါဝင်သည့်အတွက် အင်းဆက်ပိုးမွှားတွေ
အကြိုက်ဆုံးပေါ့ ရေဆေးအဖြူတို့ထိထားသည်ု
နေရာသည် ပိုးမွှားအလွယ်တကူ ကိုက်စားလွယ်
သည့်အတွက် ရေဆေးပန်းချီကား ထိခိုက်ပျက်ဆီးလွယ်လို့ဆရာတွေကမသုံးစေချင်
ပါဘူး။စနစ်ကျတဲ့ပန်းချီဆရာတချို့ကတော့ အဖြူ
တို့ထိထားရင်အပေါ် ချူပ်ဆေး စပရေးဘူးနဲ့
ဖျန်းပြီးကာကွယ်တတ်ကြပါတယ်။
အဖြူရဲ့အားနည်းချက်ကိုသိလို့ အဖြူသား
ချန်တဲ့မီဒီယံ masking fluid ကိုတီထွင်ထုတ်လုပ်
ခဲ့ကြပါသည်။ရောဘာစေးပါဘဲ စုတ်တံမပျက်ဆီး
ရအောင်ဆပ်ပြာနဲ့စုတ်တံကိုအရင်တို့ထိပြီးလိုအပ်တဲ့နေရာကို တို့ထိထားရတာပါ။
အဖြူဆေးသားနဲ့ပက်သက်ပြီးအယူ
အဆသုံးမျိုး ရှိထားရာမှာ မိမိ နှစ်သက်သလို
ယူဆနိူင်ကြပါသည်။
ကျွန်တော်ကတော့ တို့ထိတဲ့ဆရာနဲ့
ရော မတို့ထိတဲ့ဆရာနဲ့ရော သီအိုရီစနစ်ကျတဲ့
ဆရာနဲ့ကောသင်ဘူးသည့်အတွက် အငြင်း
မပွားလိုပါ။
ယခုထိရေဆေးပန်းချီကားများကိုအဖြူ
လုံးဝမထိတို့ပါ။ masking fluld သုံးပြီး မူလ
စက္ကူအဖြူသားသာ ချန်ထားတတ်ပါသည်။
တစ်ချိန်က ရေဆေးဆရာကြီးတချို့၏
အဖြူဆေးအသုံးပြခြင်းအပေါ် သုံးသပ်ပုံတို့ကို
ဗဟုသုတအနေနှင့်မျှဝေခြင်းသာဖြစ်ပါသည်။
all fri thank.artht.
crd: artist Hla Tun
Pages
watercolour white and black colour.
Subscribe to:
Post Comments (Atom)
No comments:
Post a Comment