Pages

တိုးတက်ပြောင်းလဲခဲ့သော ပန်းချီသမိုင်း၊ ပို့စ်အင်ပရက်ၡင်ခေတ်၊ စေဇာန်းရဲ့ အစဦးပိုင်းစိတ်ရေးဟန်

 


အာရုံမြင်ခေတ်လွန် (ပို့စ်အင်ပရက်ရှင်) ပန်းချီတွေက ၁၈၈၀ ကျော်ဝန်းကျင်လောက်မှာ စတင်ခဲ့တယ်။ စေဇာန်း၊ စူရက်၊ ဂေါ်ဂင်၊ ဗန်ဂိုး နဲ့ တူးလုစ် လော့ထရက် စသူတို့ပါဝင်ခဲ့တယ်။ ဒီအထဲမှာ ပေါလ်စေဇာန်း (၁၈၃၉-၁၉၀၆) ကို ကုဗဟန် (ကျူဗစ် ဇင်) နဲ့ မော်ဒန်ပန်းချီကို ဦးဆောင်စတင်ခဲ့သူလို့ အားလုံးက လက်ခံအသိမှတ် ပြုကြတယ်။
အင်ပရက်ရှင်ဟာ လေဟာနယ် အပြင်ဖက်က အလင်းနဲ့ အရောင်တွေရဲ့ အလှပနဲ့ ပြောင်း လဲမှုဖြစ်စဉ်တွေအပေါ် ကြည့်မြင်မှတ်မိနေခြင်းမျိုးဖြစ်ပေမယ့်၊ အင်ပရက်ရှင်ရဲ့ အားနည်းချက် လိုအပ် ချက်တွေကို ရှာဖွေနိုင်ခဲ့တာဟာ ဆက်သွားနေတဲ့ ဖန်တီးမှုတွေကြောင့်ဆိုရပါမယ်၊ ဘယ်လိုဆက်သွားနေ သလဲဆိုတာ အရေးကြီးပါတယ်၊ သဘာဝကို တုပနေရင်း ပန်းချီဆရာရဲ့ဖြစ်တည်မှု တဖြည်းဖြည်း ကျဉ်းမြောင်းလာတဲ့ အကန့်သတ်တွေကို မြင်လာခြင်းပါပဲ၊ အကန့်သတ်တွေထဲမှာ မရှိနိုင်တဲ့ လွတ်မြောက်နေတဲ့ စိတ်ဝိညာဉ် ကို ရှာဖွေတွေ့ရှိလာတာကြောင့်လို့ ဆိုနိုင်ပါလိမ့်မယ်။ ဒီလိုအတွင်းစိတ်ကို ခြေရာကောက်နိုင်တာရဲ့ အစဟာ လက်ရှိအခြေနေကနေ ခွဲထွက်လိုက်ခြင်းပါ၊ ခွဲထွက်ပုံတွေကွဲပြားတာကြောင့် အတွေးရှုထောင့် တွေဟာလည်း များစွာကွဲပြားပေါ်ထွက်လာတယ်၊ ဒီအထဲမှာ စေဇာန်းရဲ့ ရေးချက်ဖေါ်ထုတ်မှုဟာ ပထမဆုံး အရိပ်မိုးအောက်ကလွတ်မြောက်မှုလို့တင်စားကြတယ်။
သူ့ရဲ့ အဓိကရေးဆွဲ တဲ့အကြောင်းရာတွေက ခပ်ရိုးရိုးရှင်းရှင်းပါ။ ငြိမ်ငြိမ်သက်သက် ထိုင်နေတဲ့ ပုံတူတွေ၊ အများအားဖြင့် သက်ငြိမ်(သစ်သီး၊ ရေတကောင်းအိုး) စသည်တို့နဲ့ ၊ တောင်ကုန်းရှုခင်းလေး တစ်ခုသာပါ။ သူ့ရဲ့ အင်ပရက်ရှင်ဟန် ရေးချက်ဟာ ယခင်ရေးဆွဲနေတဲ့ ပြင်ပသဘာဝမြင်ကွင်းတွေ၊ လူတွေရဲ့ လှုပ်ရှားမှုပုံရိပ် တွေ ကနေစတင်ခွဲထွက် ပြလိုက်တာဖြစ်ပါတယ်။ သူရွေးချယ်တဲ့အကြောင်းအရာတွေမှာ သိပ်ထူထူးခြားခြား မဆန်းသစ် လှပေမယ့် ရေးဆွဲတဲ့ဟန်ကိုတော့ အသစ်ထွင်လိုက် နိုင်ခဲ့တယ်။ သူဟာ သဘာဝအမြင်ကို လိုင်း ထူထူ တွေ မျက်နှာပြင် ခွဲခြမ်းစိတ်ဖြာပြီး ဖွဲ့စည်းပုံဖော်နည်းနဲ့ ရေးခဲ့တယ်။ သူ့ရဲ့ တီထွင်ဆန်းသစ်ခဲ့မှုဟာ သူ့နောက်ပိုင်းမှာပေါ်ထွက်လာကြမယ့် ဂေါ်ဂင်၊ ဗန်ဂိုးတို့ကို များစွာလွှမ်းမိုးခဲ့ပါတယ်။
(အဖွင့်စာမျက်နှာမှာ)ဖော်ပြထားတဲ့ ရေချိုးနေသူများ ပုံကြမ်းဟာဆိုရင် ၁၈၉၈ မှာ ရေးဆွဲခဲ့တဲ့ သူ့ရဲ့ အရေး ပါတဲ့ ထူးခြားတဲ့ လက်ရာတစ်ခု ဖြစ်ပါတယ်။ နောက်ခံရှုခင်းသစ်ပင်တွေ တောင်ကုန်းတွေက သဘာဝအတိုင်း အမြင်ကို ကူးရေးထားတာ မဟုတ်ပါဘူး။ နောက်ပြီး အဲဒီရှုခင်းထဲကို လူတွေကိုနေရာတကျထည့်သွင်းထား ပုံမျိုးပါ။ ပန်းချီကားတည်ဆောက်ပုံကို ဂျီဩမေတြီပညာမှာ အချိုးချသလိုပိုင်းခြားပြီး နေရာချပြီး ပန်းချီကားကို ဖွဲ့စည်းမှုအလေးချိန်ညှိမှု ဘက်ညီချိန်ဆမှုတွေသုံးပြီး ရေးချက်ကိုတော့ ခပ်ကြမ်းကြမ်း မျဉ်းအတိုအပြတ်လေး တွေနဲ့သာ ရေးဆွဲထား တာတွေ့ရပါမယ်။
ပုံ၊
(၁) ပေါလ်စေဇာန်း၏ ရေချိုးသူများ (ပုံကြမ်း)၊ မင်ခြစ်လက်ရာ
The Large Bathers', Paul Cézanne, c.1898 | Tate
(၂) ကိုယ်တိုင်ရေးပုံတူ
(၃) Paul Cezanne, Mount Sainte-Victoire 1904 Oil on canvas. Philadelphia Museum of Art, Philadelphia, USA(သူ၏ နာမည်ကျော် ဗစ်တိုးရီးယား တောင်ကုန်း Subject ဖြစ်သည်)။

 

No comments:

Post a Comment