ဒြပ်မဲ့ခံစားမှုဖွင့်ထုတ်ခြင်းဝါဒ(အက်ဘ်စရက်အိတ်စ်ပရက်ရှင်နစ်ဇင်)
..............................
တဖြည်းဖြည်းနဲ့ မော်ဒန်ပန်းချီရဲ့အရေးပါတဲ့အပိုင်းတွေခြုံငုံမိလာပြီထင်ပါတယ်၊ အခုအဆင့်ပြီးတဲ့နောက်မှာ ပေါ့ပ်အတ်နဲ့ မီနီမယ်လစ်ဇင်တွေကို ဆက်မှာဖြစ်ပြီး
အဲဒီနှစ်ခုပြီးရင်တော့ ယနေ့ခေတ်ပြိုင်အနုပညာအပိုင်းတွေကို ရောက်ရှိပါပြီ။
(ယခင်အပိုင်းများကို ပေ့ချ်တွင်ဖတ်ရှုပါ)။
မော်ဒန်ပန်းချီကို လူငယ်တွေနားလည်ဖို့ ခပ်ရှင်းရှင်း အဓိကအချက်လက်လေးတွေနဲ့ ရှင်းပြတဲ့
အခု စာပုဒ်လေးတွေကိုကြည့်ရင် စူးစမ်းတတ်တဲ့ကလေးတွေအဖို့ လမ်းမလွဲစေပဲ အမြန်ဆုံးအချိတ်အဆက်မိသွားစေမှာဖြစ်ပါတယ်။
.........................................
စက္ကန့် (၃၀) ရှင်းလင်းချက်....
ဒုတိယကမ္ဘာစစ်ပြီးတဲ့ ၁၉၄၀-၁၉၅၀ နှစ်တွေမှာ Abstract Expressionism လို့ခေါ်တဲ့ ပန်း ချီလှုပ်ရှားမှုတစ်ခု အမေရိကားမှာပေါ်ထွက်ခဲ့တယ်။ ဒြပ်မဲ့ဝေဒနာဖွင့်ထုတ်ခြင်းလို့ တစ်ချို့ ခေါ်ဝေါ်ကြပြီး AbEx ဟုလည်းအတိုကောက်သိကြတယ်။ အဓိကအချက်က ကြည့်သူတွေ ကို အနုပညာရှင်တွေက လက်ရှိ ကမ္ဘာ့အခြေနေတွေအပေါ် သူတို့ဘယ်လိုတုန့်ပြန်ရှင်သန် သလဲဆိုတာကို ပြသခြင်းအပြင် သူတို့ရဲ့အတွင်းစိတ်ခံစားမှုတွေကို ဘယ်လိုဖွင့်ထုတ်ထား တယ်ဆိုတာကိုပါ ပြသတာဖြစ်တယ်။
ဆာရီရယ်လစ်ဇင်လိုပဲ အက်ဘ်စရက်အိတ်စ်ပရင်ရှင်ကလည်း မသိစိတ်အခြေပြုပြီးလျှပ်တစ် ပြက်ဖွင့်ထုတ်လိုက်တဲ့ စိတ်အခြေနေပေါ်မူတည်တယ်။ ဘာအရာဝတ္ထု ဘယ်သူရဲ့ပုံဆိုတာ မရှိပဲ အရောင်တွေ၊ ဆေးရေးချက်တွေ၊ အတိကျမရှိတဲ့ပုံသဏ္ဍာန်တွေ၊ ပြီးတော့ပန်းချီဆွဲသူ ရဲ့စိတ်တွင်းခံစားချက်တွေ။ ပန်းချီကားအပေါ်ကြည့်သူရဲ့တုန့်ပြန်မှုကလည်းအရေးပါတယ်။
ဒီပန်းချီဟန်မှာ လက်ရာအရွယ်စားအကြီးကြီးတွေရေးလေ့ရှိပြီး အဓိကရေးဟန်ပုံစံ ၂ မျိုး ရှိပါတယ်။ Action Painting အရှိန်နဲ့ရေးတဲ့ပုံစံက Jackson Pollocak ပေါလော့ခ်, Le Kras- ner လီကရက်စနာနဲ့ W. de Kooning ဝီလျမ်ဒီကူးနင်းတို့ရေးဆွဲတဲ့ပုံစံတွေပါ။ သူတို့ဟာ ဆာရီရယ်လစ် အော်တိုမက်တင်ဇင်သမားတွေနဲ့ဆင်တူတယ်။ အခြား AbEx ပန်းချီဆရာတွေ မှာ Mark Rothko ရော့သ်ကို, Clyfford Still စတေးလ် နဲ့ Barnett Newman ဘားနက်နယူး မန်း တို့ဟာ ပိုပြီးထိမ်းကွပ်မှုနဲ့ တိကျတဲ့ အရောင်ပြင်ညီတွေရေးတယ်၊ နောင်မှာ ရောင်ပြင် ပန်းချီ Color Field Painting လိ့ု ခေါ်ကြတယ်။ AbEx ဟန်မှာ ပန်းချီအပြင်ပန်းပု(၃ ဖက်မြင် ရုပ်လုံး)တွေလဲရှိ တယ်။ ဂျက်ဆင်ပေါလော့ခ်ဟာ သူ့ရဲ့(အက်ရှင်)ပန်းချီကားကြီးတွေကို ကြမ်းပြင်မှာအချပ်လိုက်လှဲပြီး အပေါ်ကဆေးတွေပက်ဖျန်းပြီးရေးတယ်။ ဆေးစက်တွေကိုအ ထိမ်းကွပ်မရှိကြဲပက်တာပေါ့။ ရောင်ပြင်ပန်းချီဆရာတွေကတော့ ညီညာတဲ့သတ်သတ်မှတ် မှတ်ဆေးရောင်ပြင်ညီတွေကို စနစ်တကျရေးကြတယ်။
............................................
၃ စက္ကန့် အတိုချုပ်
ပန်းချီရေးသူရဲ့ ခံစားမှု စိတ်အခြေနေများကို ဖွင့်ထုတ်ရေးဆွဲဖန်တီး လေ့ရှိပြီး လက်ရာအရွယ် စားများကြီးမားစွာဖန်တီး လေ့ရှိကြသည်။
........................................
ကိုယ်တိုင်နမူနာ စမ်းသပ်ကြည့်ချင်တယ်ဆိုရင်တော့....။
ပုံဆွဲစာရွက်ထူပြင်ညီပေါ် ဆေးရောင်တစ်ခုဖျော်ပြီးအနဲငယ်လောင်းချပြီးပုံ ထားပါ။ ပြီးနောက် စိတ်ကိုစုစည်း ခံစားမှုတစ်ခုခုကိုအာရုံသွင်းပါ၊ ၎င်းဆေးရည်ကို အအေးသောက်ပိုက်တံဖြင့် ဝဲယာဘေးဖက်မှ ဖြန့်ပြီး လေမှုတ်ထုတ်ပါ၊ ဝါဂွမ်းစ အတံဖြင့်လဲလိုရာကိုဆွဲယူပုံဖေါ်နိုင်သည်၊ စာရွက်ကို ဘေးဘယ်ညာစောင်းလှဲ့ပြီး ဆေးများကို စီးကျအောင်လုပ်ပါ။ ထ့ိုနောက် နောက်ထပ်ဆေးရောင်တစ်ခုကိုပုံပြီး ယခင်အတိုင်းလုပ်ပါ၊ ဒုတိယအရောင် တတိယအရောင်တို့ဖြန့်ကျဲရောထပ်သွား သည့်အခါ #ဒြပ်မဲ့ခံစားမှုဖွင့်ထုတ်မှု ပုံစံ ပန်းချီလက်ရာတစ်ခုရရှိပါပြီ။
Photo credit: Clyfford Still Museum.
Pages
#မော်ဒန်ပန်းချီအခြေခံမိတ်ဆက် (၆)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment