Pages

စိတ်‌ထဲထင်‌ရာ‌တွေးမိခြင်‌း


အပီ‌ရေးတဲ့ ပန်‌းချီဟာ
တို့ဟူးကျိုသလိုများလား ၊
အချက်‌‌ပေါင်‌းများစွာ ‌မွှေ‌နေရသလို
တစ်‌ချက်‌ နှစ်‌ချက်‌‌မွှေတာနဲ့
တိုဟူး‌ကောင်‌းဖြစ်‌မလာ ၊
ပုတီးစိပ်‌တာများလည်‌း
တစ်‌လုံးစိပ်‌တာနဲ့
( ၉ ) လုံး ပုတီး
( ၂၇ ) ပုတီး
( ၁၀၈ ) ပုတီး
တစ်‌ပတ်‌မပြည်‌့နိုင်‌
တစ်‌လုံးစီ စိပ်‌သွားမှ
အချိန်‌တန်‌ရင်‌ တစ်‌ပတ်‌ပြည်‌့မှာ ၊
ထမင်‌းစားတာလည်‌း
ထမင်‌းတစ်‌လုပ်‌ စားလိုက်‌တာနဲ့
ထမင်‌းပန်‌းကန်‌ထဲက ထမင်‌း‌တွေ
ဗိုက်‌ထဲအကုန်‌မ‌ရောက်‌နိုင်‌
‌ရောက်‌ခဲ့လျှင်‌လည်‌း အစာ‌ကြေ‌အောင်‌
မဝါးနိုင်‌ ၊
လမ်‌း‌လျှောက်‌တာလည်‌း
တလှမ်‌း လှမ်‌းတာနဲ့
အ‌တော်‌အတန်‌ ‌ဝေးတဲ့‌နေရာ
လိုတဲ့ ပန်‌းတိုင်‌ မ‌ရောက်‌နိုင်‌ ၊
ဤအ‌တွေးသည်‌
ပန်‌းချီ‌ရေးဆွဲလျှင်‌ အလျှင်‌အမြန်‌ ပီးချင်‌စိတ်‌
မထားပဲ
တ‌ရွေ့‌ရွေ့ ‌ရွေ့ရင်‌း ‌ရွေ့ရင်‌း
လုပ်‌ရင်‌း လုပ်‌ရင်‌း
‌ရေးရင်‌း ‌ရေးရင်‌း
ငါသိသ‌လောက်‌
ငါတတ်‌သ‌လောက်‌
အစွမ်‌းကုန်‌‌ရေးမယ်‌
မသိ‌သေးတာ‌တွေလည်‌း
သိ‌အောင်‌ ရှာ‌ဖွေ ‌လေ့လာရပါမယ်‌ ဆိုတဲ့
အ‌တွေး‌တွေ ‌တွေးရင်‌း .........

Artist Than Tun

No comments:

Post a Comment