Pages

စာမြည်း..... (ဒီနေ့ စာမြည်းလေးတစ်ပုဒ်ရှယ်လိုက်ပါတယ်)။


...........
ခရီးသစ်တစ်ခုလို...။
အနုပညာကိုနားလည်ဖို့ဆိုတော့ကျွန်တော်တို့ပထမဆုံးတွေးမိကြတာကဆေးရောင်ဟာမိုနီတွေနားလည်ရမလား၊ မျဉ်းကြောင်း၊အထားအသို၊အနုအရင့်၊ ပုံတူမတူ စတဲ့ပန်းချီပုံဆွဲအခြေခံတွေကို သိထားရမှာလားတွေးမိကြမယ်။ ဒါမှမဟုတ် အစ်ဇင်တွေဖြစ်တဲ့ အင်ပရက်ရှင်ဝါဒလား၊ အိတ်စ်ပရက်ရှင် ဆိုတာလား၊ အနုပညာသမိုင်းတွေ အချက်တွေလား၊ လောကမြင်ကွင်းတွေကို ပန်းချီဆန်ဆန်မြင်တတ်ရမှာလား စသဖြင့်လားပေါင်းများစွာ မှန်းဆမိတတ်ကြတယ်။
 လူတိုင်းအနုပညာနဲ့မကင်းနိုင်သလို ကျွန်တော်တို့ဟာ တစ်နည်းနည်းနဲ့ အနုပညာ ဗဟုသုတတွေ၊ခံစားမှုအတွေ့အကြုံလေးတွေတော့ရှိကြတာပဲ..။ဖန်တီးသူ နေရာ၊ခံစား သူနေရာရောနှောကြည့်နေမိတယ်။ ပြီးတော့ကျွန်တော်တို့ဟာ ကိုယ့်စံနှုန်းကိုယ့်စဉ်းစားမှုဘောင်နဲ့ကိုယ်နားလည်ကြတယ်။ ဒီနေရာမှာသိပြီးသားအမြင်တွေကိုခံစားသုံးသပ်တာနဲ့ မမြင်ဖူးမသိဖူးတာကိုနားလည်အောင်ကြိုးစားတာဟာ သဘာဝချင်းမတူပြန်ဘူး။ တစ်ကယ်တန်းစစ်စစ်ပေါက်ပေါက်သိနားလည်ချင်သူ တွေဟာ ပညာရပ်တစ်ခုရဲ့အနက်ရှိုင်းဆုံးအထိတတ်နိုင်သမျှရောက်အောင်သွားကြရတယ်။
 အနုပညာလက်ရာလို့သိခဲ့ဖူးတာတွေဟာ ကျွန်တော်တို့မှတ်ဉာဏ်ထဲသိမ်းထားပြီးသားဖြစ်မှာပေါ့ ဒီလိုသိဖို့ပန်းချီပညာတတ်မြောက်စရာမလိုဘူး၊ ဒါပေမယ့် လူတိုင်းဟာ မိမိမလုပ်နိုင်ပေမယ့်လို့ လက်ရာတစ်ခုကိုမည်သို့မည်ပုံလုပ်ထားသလဲ ဆိုတာကိုတော့သိချင်တယ်။ ဒါဟာအနုပညာကိုနားလည်ဖို့ ကြိုးစားတဲ့နည်းတစ်ခုပါပဲနည်းစနစ်ကို နားလည်ခြင်းပေါ့။ (ရုပ်ရှင်တွေမှာ မိတ်ကင် ကြည့်သလိုမျိုး)။ ဒါကြောင့် ဒီနေ့ကွန်တန်ပိုရာရီအနုပညာတွေမှာ ပြသထားတဲ့လက်ရာထက်လုပ် ကိုင်လာတဲ့(ပရောဆက်)က ပိုပြီးစိတ်ဝင်စားဖွယ်ဖြစ်လာတယ်။ ကျနော်တို့ဟာမိမိသိထားပြီးသားတွေကိုမမေ့တတ်ကြပါဘူး၊ ဒီတော့သိပြီးသားတွေဖြစ်နေခဲ့ရင်စိတ် ဝင်စားမှုနည်းသွားတယ်၊ (တချို့ကျတော့ကိုယ်မသိသေးတဲ့အရာဆိုရင် မစူးစမ်းချင်တော့ဘူး)။ ဒါဟာ အနုပညာတစ်ခုကို နားလည်ဖို့ကြိုးစားတဲ့အခါ တွေ့ရမယ့် စိတ် လွန်ဆွဲခြင်းတွေလို့ဆိုရမှာပါ၊ (ရပ်မလား၊ဆက်လိုက်မလားပေါ့)။
ဒီတော့ဆိုလို ချက်ကိုပြန်ကောက်ရရင် အနုပညာကိုနားလည်ဖို့သိပြီးသားအချက်တွေက ဦးနှောက်ကိုဦးဆောင်တယ်။ ပိုပြီးသိချင်စိတ်အာသီသရှိလာရင် အဲဒီသိပြီးသားတွေကိုဖယ်ထားတယ်၊ ကိုယ်မသိသေးတဲ့အချက်ကိုရှာတယ်။ အဲဒါကိုတွေ့ရှိတာနဲ့သေသေချာချာနားလည်အောင်ကြိုးစားတော့တာပါပဲ၊ အနုပညာသမားက ဘယ်အတွက်ဘာကိုဖန်တီးတာလဲ၊ ဘယ်လိုဖန်တီးတာလဲ။ ပြပွဲတစ်ခုဟာဘယ်ရည်ရွယ်ချက်၊ ဘာကြောင့်ဖွင့် လှစ်ပြသရသလဲ။ ဒါကိုခရီးသစ်တစ်ခုသွားခြင်းလို့ ပြတိုက်ကျွမ်းကျင်သူပြပွဲ ကျူရေတာတယောက်က ဆိုခဲ့ဖူးပါတယ်။ Travelling inside Art ပါ့။ ဒီတော့ ကနေ့ခေတ်အနုပညာကိုနားလည်အောင်ကြိုးစားဖို့ဟာမရောက်ဖူးသေးတဲ့ခရီးတစ်ခုကိုသွားရသလို အာသီသနဲ့ ရှာဖွေစူးစမ်းပါလို့ ဆိုလိုချင်တာပါ။ (၂၁ရာစုအနုပညာကိုနားလည်ခြင်း စာအုပ်မှ...)

No comments:

Post a Comment