Pages

"ရေဆေး အစိုရေးနည်း အကြံပြုချက်(5)ခု" " Wet-In -Wet watercolor paintng ( 5 ) Tips and Tricks" ×××××××××××××××××××××××××××××××××


   ညီငယ် ညီမငယ်များသိထားပြီးသည့်အတိုင်း
ရေဆေးအစိုရေနည်း (Wet-In-Wet) သည်
ရေစိုနေသော စက္ကူ ပေါ်သို့ ဆေးနှင့်ရေပေါင်းစပ်မှုကို ရေးခြင်း တစ်နည်း အစိုပေါ် အစိုရေးနည်း
ဖြစ်သည်။
    အခြောက်ရေးနည်း (Wet-In-Dry) သည်
စက္ကူ အခြောက်ပေါ် ဆေးနှင့်ရေပေါင်းစပ်မှုကို
ရေးခြင်း တစ်နည်းအခြောက်ပေါ် အစိုရေးနည်း
ဖြစ်သည်။
    ထိုမှ Wet-in-Wet ရေးနည်းသည် ရေဆေး
ရေးနည်းများထဲတွင်သိသာစွာကွြဲပားခြားဆုံး
နည်းတစ်ခုဖြစ်သည်။
     ဆိုလိုသည်မှာ Wet-in-Wet ရေဆေးကား
တစ်ချပ်သည် အခြား Wet -In-Dry ရေဆေးနှင့်
လုံးဝခြားနားနေသည့်အချက်မှာ Color shape
အနားစွန်း(edges) ပျော့ပြောင်း ညက်ညောခြင်၊
ဆေးတစ်ရောင်နှင့်တစ်ရောင်ကူးစက်ပျံနှံ့ ပေါင်း
စပ်ဖြစ်တည်နေမှု အခြေသည် ဆေးရောင်ကို
တစ်ထပ်ခြင်း ၊တစ်လွှာခြင်းတင်ထားခြင်းကြောင့်
ဖြစ်ပေါ်လာသော အခြေအနေနှင့် သိသာစွာ ကွြဲပားထူးခြားနေသည်။
     ၎င်း ရေဆေးအစိုရေးနည်း(Wet-on-Wet)
ဟူသော ခက်ခဲသောရေးနည်း(challenging
Method) သည် ကြို တင်ခန့်မှန်း၍ မရနိုင်သည့်
ရလဒ်များကို ဖြစ်စေသည်။
     အဘယ်ကြောင့် ရေဆေးအစိုရေးနေစဉ်မှာ
ရေးဆွဲသူသည် မိမိတင်လိုက်သော ရေးချက်
Wash တစ်ခုသည် မည်သို့ဖြစ်ရမည်ဟု အတိအကျ ကြိုတင်မသိနိုင်ရခြင်း အချက်အလက်များမှာ များစွာရှိလေသည်။
    ၎င်းအချက်အလက်များမှ အဓိက အချက်အလက်အချို့မှာ....သုံးနေသော စက္ကူ ၏ အသား
သဘော(Texture) အနေအထား။စက္ကူ တွင်
ရေပြည့်ဝမှု အခြေအနေ(amount of water)
နှင့် စုတ်တံတွင်ရှိဆေး၏ပျော်ဝင်မှုပမာဏ
(thickness of pigment) တစ်နည်းအားဖြင့်
၎င်းတို့ကို တိုင်မင်(timing) အချက်ကျညီညွတ်ခြင်း တစ်နည်း စည်း၊ဝါး(ဂီတ တွင်) တနည်း ရေချိန်၊ဆေးချိန် ဟုလည်းခေါ်သည်။
    ဆိုလိုသည်မှာ ရေဆေး အစို wet-in-wet
ရေးရာတွင် စက္ကူ တွင် ရေရှိနေမှု အခြေအနေ
အချိန်အခါ အမှန်နှင့် စုတ်တံတွင်ပေါင်းစပ်ထားသော ဆေး+ရေ ၏မှန်ကန်သော ပေါင်းစပ်မှု
အချိုးအစား နှစ်ခုတို့ိုကို ပေါင်းစပ်ပေးရာတွင် Timing ကိုက်ဘို့လိုပေသည်။
    (Wet-in-Wet,one of the most distinctive techniques of watercolor painting,is basically an application of
Pigment to wet paper.
     This challing method produces
highly  inpredictable results,because
there are so many factors that matter
(Such as paper texture and weight,the amount of water,the thickness of pigment or the timing).
    ၎င်း ရေဆေးအစို(Wet -in-Wet)ပန်းချီကား
တစ်ချပ်တွင် အရောင်များတစ်ရောင်စီးမျောပေါင်း
စပ် ဖြစ်ပေါ်နေမှုသည် မျက်လှည့်ဆန်ဆန်ပေါင်း
စပ်ဖြစ်တည်နေပြိး အရောင်အသွေးအသီးအသီး တို့သည်လည်း သိသာထင်ရှားစွာ လှပနေကြ
သည်။
    ၎င်း Wet in wet painting တွင် ဆေးရောင်များတစ်ရောင်နှင့်တစ်ရောင် အလိုအလျောက် ပေါင်းစပ်ဖြစ်တည်မှုသည် အံ့သြဘွယ်
ဖြစ်သည်။
   ထို့ပြင် ရေဆေးအစိုရေးရခြင်းသည် Wet in dry (ရေဆေးအခြောက်)ရေးရခြင်းထက် စုတ်တံကို ထိန်းချုပ်ရေးရခြင်း၌ (little control)
အနည်းငယ်သာ ထိန်းချုုပ် ရေးရသည်။
    ( There's something magical about
the way colors flow and blend with each other ,creating a beautiful ,
striking effect.
     While spontaneity is a wonderful
thing about wet-in-wet watercolor painting ,it never hurts to have a little control over the process.)
   ထို့ကြောင့် ရေဆေးအစို (Wet-in-Wet)ရေးရာတွင် နည်းယူလိုက်နာသင့်သည့် အကြံပြုချက်(5)ခုကို ဖော်ပြပေးလိုက်ပါသည်။
(1)မှန်ကန်သော ရေဆေးစက္ကူ ကို ရွေးချယ်ပါ။
    (CHOOSE THE RIGHT PAPER)
   ရေဆေးအစိုရေးရာတွင် စက္ကူ၏ အသား
သဘော(TEXTURE or surface texture /tooth)ပါရှိမှုသည် အရေးကြီးသော အခန်းမှ  ပါဝင်နေသည်။
    ရေဆေးစက္ကူ အမျိုးအစားမှာ (3)မျိုးရှိသည်။
(1) Hot pressed paper
(2) Cold-pressed paoer နှင့်
(3) Rough paper တို့ဖြစ်သည်။
     Hot pressed paper သည် မျက်နှာပြင်အသားချောသည်။အသေးစိတ်ရေးရသော
subject များအတွက်ကောင်းသည် ။
သေသပ်သော ဆေးလိုင်း(fine line)များကို
ဖြစ်ပေါ်စေသည်။
    ၎င်း Hot pressed paper စက္ကူ သားသည် ရေစုတ်ယူနိုင်မှု နည်းသည်။(less absorbent)
ထို့ကြောင့် တင်လိုက်သော ဆေးရောင်များသည် စက္ကူ သားပေါ်တွင် ကြာကြာစီးမျောနေမည်။
  ထို့ကြောင့်သာရေဆေး အစို(Wet-in-Wet) ရေးဖို့အတွက် ၎င်း Hot pressed paperသည် မသင့်လျှော်ပါ။
    # Cold-pressed paper နှင့် Rough paper တို့သည် မျက်နှာပြင်အသားကြမ်းသည်။
တစ်နည်း -Sutface texture tooth ပါရှိသည်။
    Rough paper သည် မျက်နှာပြင်အသား
(Surface texture) အကြမ်းဆုံးဖြစ်သည်။
    ၎င်း Cold-pressed paper နှင့် rough paper တို့သည် ရေကိုများများနှင့် မြန်မြန်စုတ်ယူနိုင်သည်။
   ထို့ပြင် ရေဆေးအစို ရေးဘို့ စက္ကူ ရွေးချယ်ရာတွင် မိမိအတွက် ပြည့်စုံကောင်းမွန်သော
စက္ကူ ဖြစ်ရန် အကောင်းဆုံး နည်းလမ်းတစ်ခုမှာ
လက်တွေ့ စမ်းသပ်ရေးဆွဲ ဖော်ထုတ်သည့်
နည်းဖြစ်သည်။
     ဆောင်းပါးရှင် Maria Stezhko ၏
ရေဆေးအစို wet in wet ရေးရာတွင် သူ
အနှစ်သက်ဆုံး စက္ကူ အမျိုးအစားမှာ Cold-pressed paper, 140 lb ဖြစ်သည်။
    ၎င်း Cold-pressed paper ,140 lb စက္ကူ
ကို 100% ဝါချည် (100-percent cotton) ဖြင့်
ပြုလုပ်ထားခြင်း ဖြစ်သည်။
   ( The texture of the paper plays an imporant role when you paint Wet in Wet.
   Hot pressed paper is less absorbent,
so colors will float on the surface longer.
   Cold-pressed and Rough papers,
on the other hand,absorb the water much faster.
    The only way to find a perfect paper for your needs is by trying it out.
    My personal favourite for Wet-in-Wet technique is cold-pressed ,140
Pound (lb),100-percent cotton watercolor paper.)
# 2- အချိန်တိုအတွင်းမှာ အမိဖမ်းပါ(ဝါ)
       Timing ကိုက်ရေးပါ။
   ( CATCH THE RIGHT MOMENT)
  စက္ကူ ကို ရေသွင်း/ ရေဆွတ်ထားစဉ် ရေများသည် စက္ကူ သားထဲသို့ ကောင်းမွန်စွာ စိမ့်ဝင်မှု မရှိမီ စက္ကူ ပေါ်တွင် ရေများတင်ကျန်နေ၍
ရေကြောင့်စက္ကူသားတောက်ပြောင်နေစဉ်(shiny wet)တွင် ဆေးတင်မိပါက အရောင်များသည် စက္ကူ နေ ရာကျယ်ကျယ်သို့ ပျံ့နှံ့ရောက်ရှိသွားပြီး သတ်မှတ်မရနိုင်သော ပုံစံ(SHAPES) တို့ကို ဖြစ်ပေါ်စေမည်။(အောက်ပုံတွင် စုတ်ချက် 3 ခုရှိ ပထမ စုတ်ချက် အနေအထားကို ကြည့့်ရန်)
     ရေဆေးအစိုကား၏ ဆေးရောင် shape အနားစွန်းများ ပျော့ပြောင်းခြင်း(soft edges)နှင့် ဆေးရောင်တစ်ရောင်နှင့်တစ်ရောင်
ညက်ညောစွာပေါင်းစပ် ဖြစ်တည်မှု အမြင်ရရန်အတွက် မှာမူ စက္ကူ မျက်နှာပြင်သည် ရေကြောင့်တောက်ပြောင်နေမှုအခြေ ကုန်ဆုံးသည်အထိ စောင့်ရပေမည်။သို့သော် စက္ကူ သားသည် အတွင်းရှိ ရေကြောင့် စိုစွတ်/စိုထိုင်းနေဆဲ(Still damp)ရှိပြိး စက္ကူ သားကို ထိကြည့်လျှင် အတွေ့အထိမှာ အေးနေရမည်။
    (If you apply paint when the paper
is shiny wet,colors will spread over
the large area of your painting,
producing  undefined shapes.
    When you need to make a soft, but
not too diffused brush stroke,just wait
until the surface is no longer ,but still
damp and cool to the touch.)
    # ရေဆေးအစို ရေးရာတွင် အထက်မှာ ရှင်းခဲ့ သလိုပဲ ရေနှင့်ဆေး ပေါင်းစပ်မှု ပမာဏအချိုးနှင့်
ထိတွေ့မှု ခြေအနေ အချိန် (timing) ကိုက်ညီဖို့ အလွန်ကို အရေးကြီးပါတယ်။
  အောက်ပုံမှာ ပြထားသည့်အတိုင်း စုတ်ချက်(3) ခုတွင် ၊ ပထမစုတ်ချက်သည် TIMING မကိုက်သော ဆေးနှင့်ရေရောင်ဖြင့် တောက်ပြောင်နေနေသော စက္ကူ  (Shiny wet)ထိတွေ့မှုဖြစ်သည်။
    ဒုတိယစုတ်ချက်သည် ဆေးနှင့်ရေခိုအောင်း
စက္ကူ  တို့ timing ကိုက် ထိတွေ့သည့် အနေ
အထားဖြစ်သည်။ wet in wet,  wash အမှန်ဖြစ်သည်။
စက္ကူသည် တောက်ပြောင်နေမှု မရှိသော
အနေအထား(no longer glossy)ဖြစ်သည်။
သို့သော် တင်လိုက်သော ဆေးရည် ပေါင်းစပ်မှုအချိုးမှန်ကို စက္ကူ သားသည် ကောင်းစွာဆေးရောင်ပျံ့နှံ့မှု ပေးနိုင်သည်။တနည်းအားဖြင့် paper တွင်းတွင် ကောင်းစွာ ရေစိမ့်ပျော်ဝင်နေမှု အခြေ (still damp)ရှိသည်။
    တတိယစုတ်ချက်မှာ ဒုတိယစုတ်ချက်တင်သည့် စက္ကူ  အနေအထား(still damp)ဖြစ်သော်လည်း တင်လိုက်သော စုတ်တံရှိ ဆေးနှင့်ရေ ပေါင်းစပ်ပျော်ဝင်မှုအချိုးတွင် ဆေးပါဝင်မှု ပမာဏ များသဖြင့်(ဆေးသားထု) စက္ကူ အနေ
အထား(wet paper )မှန်သော်လည်း ဆေးရောင်ပျံ့နှံ့နိုင်မှု အခြေ မရှိတော့ပေ။ timing out သော စုတ်ချက်လည်း ဖြစ်သည်။
    (The water/pigment ratio is very
important.
    On the picture bellow,the first brush stroke was applied to the shiny
Wet paper.
    The second one was made when the paper was no longer glossy,but the paint happened to be very watery,
so it spread significantly.
     The third brush strokes as made at the same time,but using thick pigment.)
# 3.LIFT WITH  A "THIRSTY"BRUSH
 (ရေဆာနေသော(ဝါ)ရေမရှိသောစုတ်တံဖြင့်
  မလိုသောဆေးရောင်အားကို ဖိမ ဖယ်ထုတ်
  ပါ)
   WET IN WET ရေးနေသည့်အတွက် စက္ကူ
သည် စိုထိုင်းနေဆဲဖြစ်သဖြင့် ထိုအချိန်တွင်
WATERCOLOR လုပ်မှားကိုင်မှားများဖြစ်သော
ဆေးရောင်ကျွံ သွားခြင်း၊အရောင်မှားခြင်း
၊HOGHLIGHT နေရာများ ပျောက်သွားခြင်း
စသည် တစ်ခုခု များယွင်းသွားလျှင်ရေမရှိသော
စုတ်တံဖြင့် ပြင်ချင်သော နေရာကို တိကျ
သေချာစွာဖိမ၍ လွယ်ကူစွာဆေးရောင်ဖယ်ထုတ်ပစ်နိုင်ပါသည်။
    သို့သော် အချို့နေရာများအတွက် ဆေးရောင်ကို စုတ်တံဖြင့်ဖိမဖယ်ထုတ်၍ အလွယ်တကူမရသည့်အခါ ရေသန့်ဖြင့် ဆေးပြန်နှုတ်မည့်နေရာကို ရေပေး၍ ဖယ်ထုတ်ဖို့ လိုအပ်လေသည်။
    ထို့ပြင် စက္ကူ စိုထိုင်းနေဆဲအခြေအနေတွင်
မလိုသော ဆေးရောင်ကိုဖယ်ထုတ်သည့်အခါ
စုတ်တံသည်ဖယ်ထုတ်မည့် ဆေးရောင်ပေါ်တွင်ဖိထားစဉ်  ဆေးရေများစွာစုတ်ယူ ထားနိင်မှုမှာ
စုတ်တံကို မ လိုက်စဉ်ထက် ပိုများလေသည်။
   ထို့ကြောင့် ထိုအခြေအနေတွင် မလိုသောဆေးရောင်ကို မြန်မြန် ဖိ မ ဖယ်ထုတ်ပစ်ရမည်။
  (As long as the paper is still wet,you can easily make corrections if something goes wrong.
    Just blot your brush thoroughly and lift the paint back off the paper.
   In some cases,you may need to add clean water to the surface before lifting.
    The trick here is that the damp but
blotted brush absorbs more water than it  releases,so it will quickly pick the wet color up from your painting.)
    ထို့ပြင် စက္ကူ ခြောက်သွားသည်အခါမှာလည်း
ဆေးရောင်အမှားပြင်မှုများကို ပြုလုပ်နိုင်ပါသည်။
သို့သော်လည်း ထိုသို့ စက္ကူခြောက်သွားပြိးမှ
လုပ်မှားကိုင်မှားများကို ပြင်ခြင်းသည် ပန်းချီကား
၏ ဆေးရောင်ကြည်လင်မှုကို ဆုံးရှုံးနိုင်၊ထိခိုက်နိုင်သည့်အပြင် ပြင်ထားသောနေရာများကြောင့် ပန်းချီကားသည် လုပ်ချက်များသည့်အသွင်ကို ဆောင်နေပါသည်။
   ( It's also possible to do some corrections when the paper is dry,but
there are decent chances your painting will loose freshness and look
overworked.)
     ထိုသို့ မလိုသောဆေးရောင်များကို ဖယ်ထုတ်ရာ၌ မိမိသုံးစွဲနေသော ဆေးရောင်များ
သည် စွဲအားကောင်းသောဆေးရောင်(stainng colors) နှင့် စွဲအားမကောင်းသောဆေးရောင်များ(non-stainng colors)ဟူ၍ ခွဲခြားသိထား
သင့်ပေသည်။ စွဲအားမကောင်းသောဆေးရောင်များသည် ဆေးပြန်နှုတ်ရာတွင် လွယ်ကူသည်။
   ဆေးစွဲအားကောင်းသော ဆေးရောင်များကို ဖယ်ထုတ်သည့်အခါ အရောင်ကုန်စဉ်အောင် ဖယ်ထုတ်မရသည့် အခက်အခဲများနှင့်ကြုံ တွေ့ရ
ပါသည်။
# 4. USE A HAIR DRYER
   ( ဆံပင်အခြောက်ခံ ပစ္စည်းကိုသုံးပါ)
  ရေဆေးအစို(WET IN WET)ရေးသည့်အခါ
တင်ပြီးဆေးများအမြန်ခြောက်စေဖို့ ဆံပင်အခြောက်ခံပစ္စည်း(HAIR DRYER)ကို သုံးရသင့်ပေသည်။
    ထိုသို့ Hair dryer ကိုသုံးသဖြင့် စက္ကူသား
လေသလပ်၍ ပြီးပြည့်စုံအောင်ခြောက်သည်အထိ ပျင်းရိဘွယ်ရာ စောင့်နေစရာ မလိုပေ။
    ဆောင်ပါးရှင်သည် အောက်တွင်ဖော်ပြထားသည့် ရှဉ့်ပုံကို ရေးဆွဲသည့်အခါ Hair dryer (လေပူထုတ်စက်)ကို ကောင်းစွာအသုံးချ
ထားပါသည်။
     Paper တွင်ဆေးလွှာအသီးသီးတင်ပြီးသားနေရာကို ဉီးတည်၍ hair dryer ဖြင့် ဆေးကို
အမြန်ဆုံးခြောက်စေသဖြင့် စုတ်ချက်(brush strokes)များနှင့် ပျော့ပျောင်းသော ဆေးရောင်အနားစွန်းများ(soft edges) ထင်ရှားစွာပေါ်ထွက်လာသည်။
     ထိုအခါ Wet in wet ပန်းချီကားတွင် သိမ်မွေ့သော အရောင်အသွေးများပေါင်းစပ် ဖြစ်တည်နေမှုနှင့် ဆေးရောင်တို့သည် သလင်းကျောက်ကဲ့သို့ ကြည်လင်သော အမြင်တို့ကို
တွေ့မြင်နိုင်ပေသည်။
    Hair dryerဖြင့် ဆေးရောင်များကို အမြန်ခြောက်စေသည့်အခါ သတိထားရမည့် အချက်မှာ မိမိခြောက်စေချင်သည့် နေရာ(wash)ကိုသာ
ကွက်၍ ခြောက်စေပြီး အခြားနေရာများပေါ်သို့
မရောက်စေရန်ဖြစ်သည်။
   (Use the hair dryer when painting
wet in wet,and you won't have to get
bored waiting for the paper to dry to
a perfect consistency.
     For example,I've made a good use of my hair dryer when painting a squirrel.
     The paper was blow dried to the
Point when it's almost completely dry between applying each layer,so watercolor brush strokes came out well defined and soft edged at the same time.
   I love this method because it gives
watercolor a delicate ,crystal-translucent look.
  Note: Be careful not to over dry the
paper or blow the wash around.)
# 5.USE DAMP FABRIC TO RETAIN
      MOISTURE
   (ရေဆေးအစို ရေးလျှင်ရေငွေ့ကိုထိန်းထားနိုင်ရန် စိုစွတ်သော ချည်ထည်စ ပါးပါးကို ခံရေးပါ)
   WET IN WET ရေးသည့်အခါ စက္ကူ ကိုရေငွေ့များဖြင့် အချိန်ကြာကြာ စိုစွတ်နေစေချင်လျှင် ရေငွေ့ကို တားဆီးနိုင်သည့် မှန်ချပ်ကိုအောက်ခံထား၍ အပေါ်မှ စိုထိုင်းနေသောချည်ထည်ပိတ်စ ပါးပါး တစ်ခုကို ဖြန့်ခင်းပြီး ၎င်းပိတ်စပေါ်မှာ paper ကို ထားရေးဆွဲရမည်။
   ဆောင်းပါးရှင်သည် ၎င်းအတွက် ဓာတ်ပုံဘောင်ပါ မှန်တစ်ချပ် ကိုအသုံးပြုထားသည်။
Paper ထိပ်နားကို ဘောင်အတွင်း အနားဖြင့်
ဖိညှပ်ထားသည်။ထို့နောက်Paperကို
 ဘေးနှစ်ဘက်မှ ရေငွေ့ပေးရမည်။
    ထို့ပြင် Paper နှင့်အတူ မှန်ဘောင်တို့ကို အပြားလိုက်(flat) ချထား ရေးဆွဲရမည်။၎င်း အနေအထားသည် စက္ကူ တွင်းရှိရေကို နာရီပေါင်း
များစွာ ထိန်းထားနိုင်လေသည်။
   (If you need paper to  stay wet for a longer period of time,you can take a
moisture-resistant surface (I use the
glass from a photo frame),place a thin
damp cotton fabric on it,and then put a sheet of paper,moistened from both sides,on top of this "sandwich".
     With this simple trick,the paper will lay flat and retain water for several hours.)
    ထို့ကြောင့် Wet in wet လေ့ကျင့်မည့် ညီငယ်ညီမငယ်များအနေဖြင့် အထက်ပါ အကြံပြုချက်များကို မှတ်သား၍ လေ့ကျင့်မှု များများ ပြု လုပ်ပြီး လက်တွေ့ဖြစ်ပေါ်လာသော
 အခြေအနေကို သုံးသပ်ကာ( ဆေး+ရေ)နှင့် damp paper တို့ကို timing ကိုက် အတွဲညီ
စေရန် ထိန်းညှိပေးနိုင်လာသည့်အခါ
wet in wet technique ၏ ကြည်နူးဘွယ်ရသကို ခံစားရမည်ဖြစ်ကြောင်း အကြံပြုရင်း
ပို့စ်ကို ရပ်နားလိုက်ပါသည်။
××××××××××××××××××××××××××××××××
   ယခု ညီငယ်ညီမငယ်များ watercolor
Wet in wet technique ဖြင့်ရေဆွဲထားသော
still-lifes,landscapes နှင့် portrait painting အချို့ကို ဖော်ပြပေးလိုက်ပါသည်။
    ×××××××××××××××××××××××××××

Crd: Artist Tin Tun






No comments:

Post a Comment