Pages

တိုးတက်ပြောင်းလဲလာသော ပန်းချီသမိုင်း အင်ပရက်ရှင်ပန်းချီဆရာများရဲ့ ကောက်ကြောင်းများ။


ပွင့်လင်းသာယာလာတဲ့ ဥရောပရဲ့ ပန်းချီပန်းပု အနုပညာခေတ်ကာလမှာ ပီစာရို၊ မာနေး၊ မိုနေး၊ ရေနွား စတဲ့ ပြောင်းလဲရေးဆွဲလာကြတဲ့ ပန်းချီအုပ်စုအသိုင်းဝိုင်းဟာ အာရုံခံစားမှုကိုပိုမိုအလေးပေးလာကြသလို၊ လျှပ် တစ်ပြက်အလင်းရောင် လွှမ်းမိုးတဲ့ သဘာဝကျမှု ပန်းချီဟန်တစ်ခုပေါ်ပေါက်လာခဲ့တယ်။ စတူဒီရို အတွင်းမှာ စိတ်ကူးယဉ်ဆန်စွာ ပိတ်လှောင်ဖန်တီးနေကြတာထက် ပြင်ပလောက အရှိတိုင်းအမြင်တွေကို အမိအရဖမ်း ဆုပ်ယူဖို့နဲ့ လူသားတွေရဲ့ ရှင်သန်မှု၊ လှုပ်ရှားနေထိုင်ကြပုံတွေ ဟာ သူတို့ကို ပိုမို ဆွဲဆောင်လာခဲ့ပါတယ်။ သူတို့ ကိုယ်တိုင် ကျင်လည်ပျော်ပါးနေထိုင်နေတဲ့ ခေတ်ရဲ့ သရုပ်သကန်တွေကို သရုပ်ဖေါ်သီကျူးရင်း သူတို့ရဲ့ ခံစားမှုအလိုက် အမျိုးမျိုးရေးဆွဲလာခဲ့ကြတယ်။
အင်ပရက်ရှင်ဟာ အခြားပန်းချီအနုပညာဝါဒတွေထဲမှာ နားလည်ရအလွယ်ဆုံးနဲ့ ပါဝင်စီးမြောခံစားဖို့ အမြန် ဆုံးပန်းချီဝါဒ (ဟန်) တစ်ခုဖြစ်ပါတယ်။ အလွယ်ကူဆုံး အဓိပါယ်ဖွင့် ဆိုရမည်ဆိုလျှင် သဘာဝ ကိုကြည့်ရှုပုံ နည်းလမ်းတစ်ခုသာဖြစ်ပါတယ်။ ဒါ့အပြင် တစ်တင်္ဂခဏအမြင်၊ လျှပ်တစ်ပြက် အလှကိုဖမ်းယူခြင်းနဲ့၊ ကြည့်ရှုရန် လွယ်ကူသက်သာစေသလို ရည်ရွယ်ချက်မဲ့ စိတ်တွင်းစီးမြောနေဖို့ ကောင်းတဲ့ဟန်တစ်ခုလို့လည်း ဆိုနိုင်ပါတယ်။ မြင်ရတဲ့မြင်ကွင်းတွေ အကြောင်းရာတွေ အပေါ်မှာ အမှုလိုက် စုံထောက်တစ်ယောက်လို အကျိုးအ
ကြောင်း စေ့ငုအဖြေရှာနေပုံမျိုးတွေ မဟုတ်ပဲ လက်ငင်းသဘာဝက ပြပေးနေတဲ့ အလင်းအရောင် အရိပ်တွေနဲ့ လှုပ်ရှားအသက်ဝင်နေတာလေးတွေကိုကြည့်ရှု ခံစားရုံသက်သက်ဖြစ်ပါတယ်။ တစ်နည်းဆိုရလျှင် လောက မြင်ကွင်းတွေကို အပေါ်ယံမျက်နှာပြင်သက်သက် ဖေါ်ပြခြင်းသာဖြစ်ပါတယ်။
အခု သူတို့တစ်ဦးချင်စီရဲ့ လက်ရာတွေကို ဆက်လက်လေ့လာကြည့်ရအောင်ပါ။
ဆက်ရန်-

 

No comments:

Post a Comment