Pages

တိုးတက်ပြောင်းလဲခဲ့သော ပန်းချီသမိုင်း (၁၉)ရာစု အစောပိုင်းကာလ၊ ရိုမန်တစ်ဇင်ခေတ်၊


ပန်းချီပညာကိုလေ့လာရာမှာ သမိုင်းစာမျက်နှာတွေဟာ ဟောင်းသော်လည်း ကျော်သွားလိုက်ဖို့ မဖြစ်နိုင်တဲ့ ချိတ် ဆက်မှုတွေ ရှိနေပါတယ်။ ဒါကြောင့် ပန်းချီခေတ်တွေရဲ့ မူလဖြစ်တည်ခဲ့ရာ လမ်းကြောင်းလို့ဆိုနိုင်မဲ့ အစော ပိုင်း ၁၉ ရာဇု ဥရောပ လက်ရာအချို့ကနေ စတင်ဖေါ်ပြ လိုက်ပါတယ်။
ဖရန်စစ္စကို ဂိုယာ
ဥရောပရဲ့ လွန်ခဲ့သော ဂန္ထဝင်ပန်းချီ တော်လှန်ပြောင်းလဲမှုများရဲ့ အစကနဦး လှုပ်ရှားမှုတွေမှာ အရေးကြီးတဲ့ ပန်းချီဆရာတစ်ဦးရှိပါတယ် သူ့အမည်က ဖရန်စစ္စကို ဂိုယာ (၁၇၄၆-၁၈၂၈) ဖြစ်ပါတယ်။ နည်းဟောင်းပန်းချီပညာကျွမ်းကျင်မှုသာမက သာမန်အလှအပထက် သာလွန်ဆန်းပြားတဲ့တစ်ဖက်ဆီကို တော်လှန်ပြောင်းလဲခဲ့တဲ့ စပိန်ပန်းချီဆရာတစ်ဦးဖြစ်ပါတယ်။ သူဟာ မင်းစိုးရာဇာတွေ လက်စွဲသုံးခဲ့တဲ့ ပန်းချီတော်တစ်ဦးဖြစ်သော်လည်း ခေတ်ကိုမျက်ကွယ်မပြု သာမန်လူတွေရဲ့ ခံစားမှုတွေ နာကျင်မှုတွေကို အမိအရမှတ်တမ်းတင်ခဲ့သူ ဖြစ်တယ်။ လူကြိုက်များတဲ့ ဂုဏ်ဒြပ်တွေရဲ့ လှပမှုပန်းချီတွေကနေ ခွဲထွက်ပြီး သူတွေ့ကြုံရတဲ့ လူသားတွေရဲ့ဘဝအစစ်အမှန်တွေ၊ မတရားမှုတွေ လူမဆန်မှုတွေ စက်ဆုပ်ရွံ့ရှာဖွယ်တွေကိုထိထိမိမိပုံဖေါ်ခဲ့တယ်။ အိမ်မက်ဆိုးတွေ လို ကြုံဆုံမြင်တွေ့တဲ့ဘဝတွေကို ခေတ်ရဲ့သရုပ်မှန်စစ်တွေအဖြစ်တွေ ပြောင်းလဲထားခဲ့တယ်။ ခေတ်စနစ် ရဲ့ ဆိုး ရွားရက်စပ်မှုတွေဟာ လူတွေအပေါ် ဘယ်လို အကျိုးသက်ရောက်သလဲဆိုတာနဲ့လူသားရဲ့ အတွင်းစိတ်ကလှို့ ဝှက်နက် နဲဆန်းကြယ်စွာ တည်ရှိနေတဲ့ခွန်အားတွေ၊ စိတ်ရိုင်းအသွင်သဏန်တွေအဖြစ် ဖေါ်ကျူးခဲ့ပါတယ်။
ဂိုယာရဲ့လက်ရာ ကောက်ကြောင်း ပန်းချီတစ်ခုက ဆိုးသွမ်းခြင်းဆိုတဲ့ ကျောက် ပုံနှိပ်လက်ရာဖြစ်ပါတယ်။ နောက်ခံ သစ်ပင် တွေက သဘာဝကို ပိုမိုပံ့ပိုးပေးပြီး ပဟေဠိ ဆန်တဲ့ လက်မောင်ပြတ်နေတဲ့ လူပုံဟာ အဓိက ဇာတ်ကောင်အဖြစ် တွေ့ရတယ်။နည်း ပညာသဘောအရ လူပုံအချိုးအစား၊ ခန္ဒာဗေဒအရ ကောင်းမွန်တိကျတာတွေ့ရ တယ်။ နောက်ခံက လူပုံတွေဟာ စစ်ရဲ့ အနိဌာရုံကြမ်းကြုတ် ရက်စက်မှုကိုပြသ နေပါ တယ်။ ဒီလက်ရာကို ပီကာဆိုရဲ့ စပိန်ပြည်တွင်းစစ်သရုပ်ဖေါ် ဂွာနီကာနဲ့ နှိုင်းယှဉ် လေ့ လာနိုင်ပါတယ်။
ယခုဖော်ပြထားတဲ့ ညအမှောင်မှာ ထိုင်နေတဲ့ မကောင်းဆိုးဝါးတစ်ကောင်လို ပုံဟာ ဂိုယာရဲ့ သိသာထင်ရှားတဲ့ လက်ရာထဲက တစ်ခုဖြစ်ပါတယ်။ တိရစ္ဆာန်တစ်ကောင်အလား လူသားတစ်ယောက်ရဲ့ ညအမှောင်ထဲကဘဝ ပုံရိပ်ကို ခြောက်ချားစရာပုံဖေါ်ထားတာပါ။ လူအများကြောက်လန့်စေဖို့ ဇွတ်အတင်းဖန်တီးယူရတဲ့ မျက်လုံးရဲရဲ ပြူးပြူးတွေ သွားအစွယ်ဖွေးဖွေးကြီးတွေ လက်သက်ရှည်ကြီးတွေမျိုးမတွေ့ရပါဘူး။ လူသားနဲ့ သဘာဝလောရဲ့ အမြင်အတိုင်းအအစစ်မှန်ကို ကာလနဲ့ နေရာတစ်ခုကို ဖန်တီးထည့်သွင်းထားပြီး ဇာတ်လမ်းတစ်ပုဒ်အသွင် ယူထားခြင်းပါ။ လေအဝှေ့မှာ ဖြတ်ခနဲလှည့်ကြည့်လိုက်တဲ့အရှိန်မှာ မျက်လုံးစူးစူးကိုထည့်မရေးထားပေမယ့် ကိုယ့်ကိုစူးစိုက်လှည့်ကြည့်လိုက်သလို ခံစားမိစေတယ်။ နည်းပညာပိုင်းအားဖြင့် ရေးချက်လက်ရာ အလင်း အမှောင်ပြတ်သားပြီး ဖော်ပြမှုက စွမ်းအားပြည့် ရိုးရှင်းတယ်။
ပဒေသရစ်ဓနရှင်ခေတ်ကိုတော်လှန်သူ။
ဒီလက်ရာဟာ ကြေးပြားပုံနှိပ်နည်းပညာနဲ့ ရေးခြစ်ထားတဲ့ လက်ရာပါ။ ရုပ်ဝထƒုပစ္စည်းထည်ဝါ ခန့် ညားမှု တွေအလွန်မက်မောတဲ့ ပဒေသရစ်ဓနရှင်ခေတ်တွေမျိုးမှာ ပကာသနတွေကနေ လုံးဝရှောင်ထွက်ထားတဲ့ အနုပညာရှင်ရဲ့ ဝိညာဉ် စေစားရာဖြစ်ပါတယ်။ အတုယောင်အလှပအပျော်ရွှင်တွေဟာ တစ်နေရာတစ်ဆင့်မှာ လူကြိုက်များလို့ ရေပေါ်ဆီဂုဏ်တင့်နိုင်ပေမယ့် လူသားချင်း တန်းတူအခွင့်ရေးနဲ့ ခံစားတတ်တဲ့နှလုံးသားတွေကို အလွန်တန်ဖိုးထားကြလေ့ရှိတဲ့ အနုပညာသမား‌ေတွရဲ့ စိတ်ဓာတ်ကို ယခုလိုလက်ရာတွေမှာ မြင်တွေ့နိုင်ပါလိမ့်မယ်။
....
ပုံစာများ။
၁။ ဂိုယာ ဖရန်စ္စကို၊ ကိုယ်တိုင်ရေးပုံတူ၊
သတƒုပြား ရေဆေးပုံနှိပ်၊ ၁၇၉၇။
၂။ ဂိုယာ ဖရန်စ္စကို၊ ဆိုးသွမ်းမှု၊ သတƒုပြား ရေဆေးပုံနှိပ်၊ ၁၈၁၀-၂၀။
ဂိုယာရဲ့ သရုပ်မှန်ရေးချက်ကောက်ကြောင်းတွေထဲမှာ ကြောက်မက်ဖွယ်ရာ စစ်ပွဲရဲ့ကပ်ဘေးဆိုးနိမိတ်ပုံပါ။
ဒီလို စစ်ပွဲဘေးဆိုး ပုံမျိုးကို ပီကာဆိုရဲ့ ဂွာယာနီကာပန်းချီနဲ့ နှိုင်းယှဉ်ကြည့်နိုင်တယ်။
၃။ ဂိုယာ ဖရန်စ္စကို၊ ဧရာမ သတ္တဝါ၊ ကြေးပြား ပုံနှိပ်၊ ၁၁ ထ ၈
မက်ထရိုပိုလီတန် ပြတိုက်၊ နယူးယောက်

 

No comments:

Post a Comment