Pages

" ဘာကိုပန်းချီဆွဲမှာလဲ၊ ဘယ်လိုပန်းချီဆွဲမှာလဲ ဆိုတာကို ဘယ်လို ဆုံးဖြတ်မလဲ" (How to Decide What and How to Paint" ××××××××××××××××××××××××××××××××


   ဒီခေါင်းစဉ်နှင့်ပါတ်သက်၍ ပန်းချီဆွဲမည့်
ညီငယ် ညီမငယ်များ ကြိုတင်လေ့လာမှတ်သားနိုင်စေရန် ပန်းချီဆရာ၊စာရေးဆရာမ-
Robie Benve ရဲ့ ရသဆောင်းပါးကို ဖော်ပြ
ပေးမှာဖြစ်ပါသည်။
     ပန်းချီဆွဲရန် အကြောင်းအရာ ရှာရာတွင်
ဓာတ်ပုံများမှ ပန်းချီဆွဲသည်ဖြစ်စေ၊မိမိစိတ်ကူး
ဖြင့်ပဲ ပန်းချီဆွဲသည်ဖြစ်စေ၊ သို့မဟုတ် plein air painting ဟူသော outdoor painting
ပန်းချီကားပဲ ဆွဲသည်ဖြစ်ပါစေ ကြုံတွေ့ရသည့်
အခက်အခဲ တို့သည် ပန်းချီရေးဆွဲသူအတွက်
အတူတူသာဖြစ်ပါသည်။
    ၎င်းပန်းချီဆရာကြုံတွေ့ရသောပြဿ     နာမှာ
ရေးဆွဲသည့်ရှုခင်းအပေါ် ပန်းချီဆရာ၏ စိတ်ခံစားမှု(emotions)နှင့်ပါတ်သက်၍ ပန်းချီကား
ကြည့်သူအား သယ်ဆောင်ပေးအပ်ဖို့ရေးဆွဲ
သည့်ရှုခင်း၊အရာဝတ္ထုကို အပြည့်အဝပုံဖော် နိုင်ရန် မည်သို့ဖန်တီးမည်ဟူသော ပြဿ     နာ/အခက်အခဲ ဖြစ်ပါသည်။
     ဤသို့ ပန်းချီအနုပညာ ဖန်တီးမှုဆိုင်ရာ ဖြစ်စဉ်များပေါ်ပေါက်လာသည့်အခါ သေချာသည့် အချက်တစ်ချက်မှာပန်းချီ ကားရေးဆွဲနိုင်ရန် ခိုင်မာသော၊မပြောင်းလဲသော စည်းကမ်းများမရှိ
သည့်အပြင် ပြည့်စုံကောင်းမွန်သော နည်းလမ်း
တစ်ခုမျှပင် မရှိသည်ကို သိထားရပေမည်။
(When it comes to the creative process of art making one thing is sure: there are no fixed rules and there isn't one perfect way to approach the painting.)
    သို့သော်လည်း ဆေး(medium: oil,acrylic,watercolor ...စသည့်)ပိုင်းဆိုင်ရာအလိုက် ရေးနည်း (techniques)များကိုတော့ လေ့လာ လေ့ကျင့်နိုင်ပါသည်။လေ့ကျင့်
ထားရပါမည်။
    ထို့ကြောင့်ဆေး(medium)အလိုက် ပစ္စည်း
ကိရိယာများဖြင့် လက်တွေ့လေ့ကျင့်စမ်းသပ်မှု
များကို ပြုလုပ်ရပါမည်။
    သို့သော် ပန်းချီကားရေးဆွဲနေစဉ်မှာတော့
ပန်းချီဆရာတိုင်းသည် တစ်ယောက်တည်းသာ
ိမိမိဖြစ်ချင်တာကို လွတ်လွတ်လပ် လုပ်နိုင်ရန်/
ဖန်တီးနိုင်ရန် မိမိ၏ စိတ်ကူးစိတ်သန်းများပေါ်
တွင်သာ မှီတည်နေပေသည်။
     ထိုသို့ ပန်းချီရေးဆွဲနေစဉ် အထီးကျန်ဆန်မှု၊
လွတ်လပ်မှုများသည် အလွန့်အလွန် လွတ်မြောက်နေခြင်း၊ငြိမ်းချမ်းမှုများ၊စိတ်ကြည်နူးမှုများ
ကို ဖြစ်ပေါ်စေနိုင်သော်လည်း အနုပညာဆိုင်ရာ
ညဏ်ကွန့်မြူးမှု မရှိခြင်း သို့မဟုတ် အထူးသဖြင့်Mediumဆေးအလိုက် ရေးဆွဲနည်းဆိုင်ရာများ
(technical problem) များနှင့်ရင်ဆိုင်ရသည့့်အခါ(ဝါ) ရေးဆွဲနည်းများကို မလေ့လာ၊
မလေ့ကျင့်ထားလျှင် ပန်းချီဆွဲနေစဉ်ခြိမ်းခြောက်မှု
များခံရမည် (ဝါ) ပန်းချီကားဆိုင်ရာပြဿ     နာ
များကို မဖြေရှင်းနိုင်သဖြင့် ပျော်ရွှင်ငြိမ်းချမ်းမှုများလည်း ပြောက်ဆုံးနေမည် ုဖြစ်ပေသည်။တစ်နည်းအားဖြင့် ပန်းချီဆွဲရတာ မပျော်ရွှင်နိုင်တော့ပေ။
    ထို့ပြင်ပန်းချီကားရေးဆွဲမည်သူသည် မရေးဆွဲခင် မိမိရေးဆွဲမည့် ရှုခင်း Subjects နှင့့်ပါတ်သက်ပြီး ရွေးချယ်ဆုံးဖြတ်မှုများ ပြုလုပ်ရပါမည်။
    ၎င်း ဆုံးဖြတ်ချက်များချနိုင်ရန် အောက်ပါမေးခွန်းအချို့ကို မိမိဘာသာရှင်းလင်းစွာဖြေဆိုနိုင်ရန် လိုအပ်ပေသည်။
    ၎င်း မေးခွန်းများမှာ....
* What am I going to paint ?
    (ဘာကို ငါ ပန်းချီ ဆွဲမှာလဲ။)
  ရေးဆွဲမည့် ကြောင်းအရာ(အရာဝတ္ထု /ရှုခင်း)
နှင့်ပါတ်သက်၍ မိမိနှစ်သက်ရာကို ရွေးချယ်ရေးဆွဲရန် ဆိုလိုခြင်း ဖြစ်ပါသည်။)
* What mood and feeling am I going
   to convey?
 ( ရေးဆွဲမည့် အရာဝတ္ထု/ရှုခင်းနှင့် ပါတ်သက်၍
ိမည်သို့သော ခံစားချက်/စိတ်ခံစားနေရမှု
အခြေအနေ (mood and feelings)ကို ပန်းချီ
ကားကြည့်သူသို့ ပို့ဆောင်ပေးမည်နည်း။)
* What kind of shapes and lines will
  I use in my composition?
 ( မိမိ၏ ပန်းချီကားဖွဲ့စည်းမှု အတွက် မည်သို့သော shapes များ၊ lines များကို အသုံးပြုမည်နည်း။)
# What size will my painting support,
my brushstrokes, and my color ateas be?
( ရေးဆွဲမည့် ရှုခင်း၊အရာဝတ္ထု နှင့်ပါတ်သက်ပြီး
သင့်တော်မည့် မည်သည့် canvas/paper အရွယ်အစားကို ရွေးချယ်မည်နည်း။ရွေးချယ်သည့် ပန်းချီကား အရွယ်အစားအလိုက် စုတ်ချက်စုတ်ရာ(brushstrokes)များနှင့်ဖြည့်ရမည့်
အရောင်အသွေး အကျယ်အဝန်း(areas)တို့
သည် ပြောင်းလဲမှု ရှိပေမည်။
    ဆိုလိုသည်မှာ မိမိရေးဆွဲမည့် အရာဝတ္ထု ရှုခင်းသည် ကားကြီးကြီးဖြင့်လိုက်ဖက်သလား၊
ကားသေးသေးဖြင့်သာ လိုက်ဖက်သလားဆို
သည်ကို ရွေးချယ်တတ်ရန် ဆိုလိုခြင်းဖြစ်သည်။
* What paint medium(s) will I use?
( မည်သည့်ဆေးကို အသုံးပြု ၍ ပန်းခိျီ ဆွဲမည်နည်း)
    ဆေး(medium) ရွေးချယ်မှုနှင့်ပါတ်သက်ပြီး
# Oils,
# Acrylics
# Watercolor
# Gouache (ရေဆေးအထူ/body color)
# pastels (soft pastels,oil pastels)
# Colored pencils
# Charcoal (မီးသွေး)
# Graphite (ခဲ)
# Crayons စသည်ဖြင့် ဆေးအမျိုးအစားများစွာ
  ရှိသည့်အထဲမှ မိမိနှစ်သက်ရာ တစ်မျိုးကို ရွေးချယ်၍ ပန်းချီဆွဲရန် ဖြစ်သည်။
* What techniques and textures will I
   incorporate?
( ပန်းခိျီကားတွင် ဘယ်လို ရေးနည်း
(techniqes)များနှင့် အသားသဘော
(textures) များကို ပေါင်းစပ် ရေးဆွဲမည်နည်း။
# What color scheme will I follow?
 (ဘယ်လိုအရောင်အစီအစဉ်(Color scheme)
မျိုးကို အမှီပြု၍/နောက်လိုက်၍ ရေးဆွဲမည်နည်း)
     ပန်းချီဆရာများအသုံးပြုသည့် Color schemes များ အများအပြား ရှိပါသည်။ဥပမာ-
Complementary color schemes.
    (yellow and Violet
     Red and Green
     Blue  and orange )
# color schemes အကြောင်း ပို့စ်ရေးသားပြီး
ဖြစ်ပါသည်။
     ပန်းချီ ကားစတင်ရေးဆွဲနိုင်ရန် နည်းလမ်း
အမျိုးအစား များစွာ ရှိသော်လည်း အရေးကြီးဆုံး
 လိုအပ်ချက်မှာ ပန်းချီဆွဲချင်သော ပြင်းပြသည့်
ဆန္ဒ ရှိဘို့ လိုသည်။
 (There are all sorts of ways to start
Painting, but the most important requiremet is the desire to paint.)
   ထို့ပြင် ပန်းချီဆွဲဘို့ လုပ်ငန်းစဉ်စရန် အကောင်ဆုံးနည်းလမ်း တစ်ခုမှာ မိမိသုံးနေသောဆေး
(Medium)နှင့်လိုက်ဖက်မည့် အထောက်အကူပစ္စည်းများ (art supplies; paint,
canvas/paper,brushes) စသည်တို့
(resources)များစုဆောင်းထားရမည့်အပြင်
အထောက်ကူပြုရန် မှီငြမ်းမည့်ပစ္စည်းများ ဥပမာ- ဓာတ်ပုံများ နှင့် မိမိလေးစား အားကျရသော
ပန်းချီ ဆရာ၏ လက်ရာပန်းချီ ကား (photo) တို့ကိုပါ မိမိပန်းချီ ဆွဲသည့် ဘေးတွင်အဆင်သင့်ရှိရန် စုဆောင်း ထားရပေမည်။
   ၎င်းတို့သည် ပန်းချီဆွဲရန် စိတ်ကူးစိတ်သန်း
များ(ideas) ရှာဖွေသည့်အခါ မိမိအား ဘာကို
ဆွဲရမည် ဘယ်လိုဆွဲရမည်ကို တကယ်
မီးမောင်းထိုးပြ လှို့ုဆော် ပေးနိုင်သော/ပေးစေသော အရာများ ဖြစ်ကြပါသည်။
   (The best way to get started in the
ီူpainting process is by having a collection of resources  and references,like photos and other artists'artwork that you admire.
     This can be really inspiratinal when looking for ideas on what and how to pant.)
    # art ဝါသနာရှင်ညီငယ် ညီမငယ်များမှစ၍
ပန်းချီဆရာများအထိ ပုံကြမ်းရေခြစ်ရန်၊မှတ်သားရန် ပုံကြမ်းစာအုပ်(sketchbook )ထားရှိ
ခြင်းသည် တစ်ကယ့်ကို ကောင်းမွန်အသုံးဝင်ပေသည်။နောက်ရေးဆွဲမည့် ပန်းချီကားများ
အတွက် စိတ်ကူးစိတ်သန်းများ(ideas)ကို မှတ်သားထားနိုင်ပေသည်။
    ထို့ပြင် မိမိမြင်နေရသည့် အရာဝတ္ထု ရှုခင်း၏
အရောင်အသွေး ပြောင်းလဲမှုများ။အရာဝတ္ထု များ၏ ဖွဲ့စည်းထားသည့် လက္ခဏာများကိုမှတ်သားထားနိင်ပြီး ၎င်းမှတ်သားထာမှုများကို မိမိ၏
Studio သို့ ပြန်ရောက်သည့်အခါ ပန်ချီကား
ရေးရန် မှီငြမ်းမှု(reference) အဖြစ်အသုံးပြုနိုင်ပါသည်။
   ၎င်း အပြင် လက်တွေ့ စမ်းသပ်လေ့ကျင့်မှုများ၊
ရှုခင်းတွင် ဖြစ်တည်နေသည့် အရောင်အသွေး
အစီအစဉ်များ(color scheme) ပန်းချီကား
ဖွဲ့စည်းမှုကိုပါ(composition) လက်တွေ့
စမ်းသပ်လေ့ကျင့်ပြီး မှတ်သားထားနိုင် ပါသည်။
    ထို့ပြင် Sketchbook သည် လေ့ကျင့်ထားသော artistic skills များကိုသိမ်းဆဲထား
သဖြင့် အလွန်အသုံးဝင်သော/တန်ဘိုးကြီးမားသော လက်နက်တစ်ခုလည်း ဖြစ်သည်။
  ၎င်းအပြင် sketchbook ထားရှိခြင်းသည်
ပန်းချီရေးဆွဲရန် စိတ်ကူးစိတ်သန်းများ လိုအပ်နေသည့်အခါ မှီငြမ်းဖို့အတွက် လွန်စွာ
အထောက်အကူ ဖြစ်ပေသည်။
     ထို့ကြောင့် ဝါသနာရှင်ညီငယ် ညီမငယ်များလည်း ယခုကတည်းက Sketchbookကို သွားလေရာ ဆောင်ထားပြီး composition လေ့ကျင့်ခြင်း၊ မြင်တွေ့နေရသော အနီးအဝေး
အရောင်အသွေးများ မှတ်သားလေကျင့်ခြင်း၊
လင်းမှုမှောင်မှုများ လေ့ကျင့်ခြင်း၊သဘာဝရှိ
အရာဝတ္ထု အသီးသိးတို့၏ ကိုယ်ပိုင်လက္ခဏာ
(character)များကို လေ့လာလေ့ကျင့် မှတ်သား
ခြင်းများ ပြု လုပ်ခြင်းဖြင့် ပန်းချီကားရေဆွြဲခင်း အတတ်ပညာ၊အနုပညာပိုင်းများ အမှန်တိုးတက်လာပေလိမ့်မည်ကို သိစေချင်ပါသည်။
   (Also keeping a skectchbook is really useful,for jottng dow ideas about future painting,taking notes about what you see ,and use it as
reference once back  in your studio,and keeping a sketche also
makes you draw and experiment with
subjects,color schemes,and compositions.
     A sketchbook is a very precious tool that keeps your artistic skills trained ,and serves as reference when hungry for painting ideas.
    # ပန်းချီကားရေးရန် အကြောင်းအရာ
           ( subject )ရွေးချယ်ခြင်း။
(Deciding the subject of a painting.)
     ပန်းချီရေးဆွဲဘို့ အကြောင်းအရာ၊ရေးကွက်
(Subject)ရှာသည့်အခါ ပန်းချီဆရာအများစု
အစဉ်အလာရ ရေးဆွဲလာကြသည့် အကြောင်း
အရာ(subject)များမှာ.....
      * Still-life (သက်ငြိမ် ပန်းချီ)
      * Landscape (ကုန်းရုှခင်းပန်းချီ)
      * Seascape (ပင်လယ်ရှုခင်း)
      * Urban scene (မြို့တွင်းရှုခင်း)
      * Street scene ( မြို့ပြလမ်းရှုခင်း)
      * Interior (အဆောက်အဉီး အတွင်းပိုင်း)
      * Wildlife (တိရစ္ဆာန်များ သဘာဝ/
                       တိရစ္ဆာန် ပန်းချီ)
      * Portrait (လူပုံတူပန်းချီ)
      * figure panting ( လူနေမှု သဘာဝ)
စသည့်ဖြင့် အကြောင်းအရာရွေးစရာအများကြီး
ရှိပါသည်။
     တစ်နည်းအားဖြင့်် ပန်းချီ ဆရာများ အတွက်
ရေးစရာ အကြောင်းအရာမှာ အဓိကအားဖြင့်
နှစ်မျိုးသာ ရှိသည် ။ ၎င်း မှာ...
    * သြကာသ လောက ဟုခေါ်သည့် တောတောင်ရေမြေသဘာဝရှုခင်း နှင့်
    * သတ္တလောကဟု ခေါ်သည့် လူ၊တိရစ္ဆာန်များ ဖြစ်ကြသည်။
    လောက ၃ ပါး ရှိသည့်အနက် သခါၤ ရ လောက သည် အထက်ပါ လောက နှစ်ခု တွင် အကြုံး ဝင်ပြီးသားဖြစ်သည်။
     တည်မြြဲခင်းကင်းသော သဘောသဘာဝ
သည် သခါၤရ လောကပင် ဖြစ်သည်။
    အထက်ပါ ပန်းချီရေးရန် အကြောင်းအရာရှာ
ရာတွင် အကြောင်းအရာ များစွာရှိသည့်အပြင်
၎င်းအကြောင်းတစ်ခုခြင်းတွင်ပင် ရေးကွက်များမှာ ရေးမကုန်နိုင်အောင် များပြားလှပါသည်။
      သို့သော် ညီငယ်ညီမငယ်များအနေဖြင့်
ပန်းချီရေးရန် အကြောင်းအရာရှာရာတွင် အရေးကြီးဆုံးအချက်မိမိနှစ်သက်သော အကြောင်း
အရာကိုသာ ရွေးချယ်ရန်ဖြစ်သည်။   
     ဆိုလိုသည်မှာ မိမိမနှစ်သက်သော်လည်း
ဆရာ့ဆရာကြီးများရေးသည့် အကြောင်းအရာမို့ လိုက်ရေးရသည့် အဖြစ်မျိုးကို မဖြစ်စေရန်ဖြစ်သည်။
    ထိုနည်းတူစွာ ဆေးပိုင်း (medium) ရွေးချယ်ရာတွင်လည်း မိမိနှစ်သက်သော/အဆင်ပြေမည့် ဆေး(Medum)ကို ရွေးချယ်ပြီး တစ်သက်လုံး ကိုင်စွဲသွားရန်ုဖြစ်သည်။
     အထင်ကြီးခံရအောင် ကိုယ်မနှစ်သက်ပဲ သူများဆီဆေးရေးလို့ လိုက်ရေးခြင်းမျိုးမဖြစ်သင့့်ပါ။
   (When choosing a subject to paint,
  the majority of artists turn to the classic themes:  still life,landscape,
interiors,wildlife ,portraits,and figure
painting.
    Avoidng setting yourself ip for
disappointment: choosing a subject and a medium that you feel comfortable with ,one that you feel
you can handle.)
    မည်သည့်အကြောင်းအရာကိုပဲ ရေးရေး၊
ပန်းချီစရေးသည့် အချိန်မှာတော့ ရိုးရှင်းသည့် Subject ကိုသာ ရွေးချယ်ပြီး အခြေခံပုံဆွဲ
(BASIC DRAWING)နှင့်အလင်းအမှောင်
(LIGHT&SHADE)တို့ကိုလေ့လာပြီး အာရုံစိုက်ရေးဆွဲရမှာဖြစ်ပါသည်။
   ထို့ပြင် ဆေး(Medium)အလိုက် ရေးဆွဲနည်း
(Techniques)များ၊အရောင်ပိုင်းဆိုင်ရာ(color
Mxing) နှင့် ကားဖွဲ့စည်းမှု (composition)
အပိုင်းတို့ကို လေ့ကျင့်ခြင်းအားဖြင့် လေ့လာခြင်း
ကို ပြုလုပ်ရပါမည်။
   ထိုသို့ မိမိက အစစအရာရာ ပန်းချီကားရေးဆွဲ
နိုင်ဘို့ လေ့လာလေ့ကျင့်ထားသော်လည်း၊
တစ်ကယ် လက်တွေ့ ရေဆွဲသည့်အခါ မိမိမျှော်မှန်းထားသလိုဖြစ်မလာခဲ့လျှင်လည်း စိတ်ပျက်
အားလျော့ခြင်းမျိုး ဖြစ်စရာမလိုပဲ အစကပြန်ရေးဆွဲ ဖြစ်သည်။
    ပန်းချီကားရေဆွဲခြင်းသည် အနုပညာ ဖန်တီး
သည့်အလုပ်ဖြစ်သဖြင့် (ဝါ) အနုပညာနှင့် အတတ်ပညာ ဟန်ချက်ညီစွာ ပေါင်းစပ် ဖန်တီး
ရခြင်းဖြစ်သဖြင့် အနုပညာပိုင်းေရော အတတ်ပညာပိုင်းပါ ရင့်ကျက်ဘို့ အထူးလိုအပ်ပါသည်။
    professional ပန်းချီ ဆရာများလည်း၊
subject ,medium ရွေး၍ ရေးဆွဲနေကြသည့့်အပြင် ရေးဆွဲသည့်ကားတိုင်းစိတ်တိုင်းကျ ကားတိုင်းဖြစ်ချင်မှ ဖြစ်မှာပါ။
   ခုလိုပန်းချီစဆွဲကာစ ညီငယ် ညီမငယ်များ
အနေဖြင့်ကတော့ ရေးဆွဲကာစမှာ ဘယ်လိုနည်း
နဲ့မှ စိတ်တိုင်းကျ ကားမဖြစ်နိုင်ပါဘူး။
    ထို့ကြောင့် Subject တစ်ခုကို တစ်ခါရေးလို့
စိတ်တိုင်းမကျရင် အထပ်ထပ်အခါခါ ပြန်ရေးဆွဲ
သင့်ပါတယ်။ (ဆီဆေးဆိုလျှင် ဆေးရောင်များကို palette knife/ painting knife ဖြင့်ခြစ်
ထုတ်ပစ်ပါ။) အစက ပြန်ရေးပါ။နေရာမှာ မာနခံနေစရာ မလိုပေ။
    ထိုသို့ အထပ်ထပ်အခါခါ ပြန်လေ့ကျင့်တိုင်း
စုတ်ချက်(brushstrokes)တို့သည် မိမိကို
အမှန်လမ်းကြောင်းပေါ်ရောက်အောင် သင်သွားပါလိမ့်မည်။
 (Start from simple subject matter,
focusing on learning the basic skills of panting.
   Learn by doing  ,experimenting with colors ,techniques,and composition.
    Even if your painting  does not come out as you expected ,even if you need to wipe it off and atart again,I assure you it was not in vain.
    Every bruhstroke teaches you something.)
  ထို့ပြင် မည်သည့် အကြောင်းအရာ(subject)
ကိုပဲ ပန်းချီဆွဲဘို့ ရွေးချယ်သည်ဖြစ်ပါစေ၊ရွေးချယ်
လိုက်သော အကြောင်းအရာ ရေးကွက်subect
သည် မိမိတကယ် နှစ်သက်သဖြင့်၊မိမိနှင့်အဆင်ပြေ လိုက်ဖက်သဖြင့် ရွေးချယ်လိုက်သည့် subject သာ ဖြစ်ရပါမည်။
   ထို့ပြင် ရွေးချယ်လိုက်သည့် Subject ကိုလက်တွေ့သရုပ်ဖော်ရာတွင်လည်း subject နှင့်ပါတ်သက်၍(ဝါ)subect အပေါ်မြင်သောရေးဆွဲသူ၏
ခံစားမှု ကိုထင်ဟတ်အောင် သရုပ်ဖော်ရပေမည်(ဝါ) ဖွင့်ပြရပေမည်။
     တစ်နည်းဆိုရသော် ပန်းချီရေးဆွြဲခင်းသည်
ရေးဆွဲသူ ပန်းချီဆရာအဖို့ အရောင်အသွေးများ
ဖြင့် (subject ကြောင့်ဖြစ်ပေါ်ခံစားရသော)
ရေးဆွဲသူ၏ ခံစားမှု (feeling) သို့မဟုတ် ခံစားချက်ဝေဒနာ ပြင်းပြမှု(passion)ကို ဖော်ပြနိုင်ရန် အခွင့်အရေး(Opportunity)
တစ်ခုဖြစ်ပါသည်။
    ဆိုလိုသည်မှာ ရေးဆွဲမည့် အကြောင်းအရာ
(subject)သည် မိမိစိတ်ကို လွမ်းစေသလား၊
စိတ်ကြည်နူးစေသလား၊တိတ်ဆိတ်ငြိမ်သက်
ခြင်းကို ဖြစ်ပေါ်စေသလား။အေးချမ်းစေသလား။ ပျော်ရွှင်စေသလား စသည့် ရသကိုးပါးထဲမှ တစ်ပါးပါးကို ပေါ်လွင်အောင်သရုပ်ဖော်ပြီး ကြည့့်သူအား ထိုခံစားမှုရသကို မျှဝေခြင်း ဖြစ်ပါသည်။
   ( Whatever you decide to paint let it be your own choice and make sure to
express your personal interpretation of the subject.
    Painting is an opportunity for you
to be yourself,using paint and color to express feelings and passion.
     ထို့ပြင် ပန်းချီရေးဆွဲသူသည် မိမိ၏ ပျော်ရွှင်/
ကျေနပ်မှုကို ပန်းချီရေးဆွဲခြင်းဟူသည့် ခရီးတွင် ရှာဖွေရမည်ဖြစ်ပါသည်။
    ခရီးဆိုသော်လည်း ဒီခရီးသည် အရောက်သွားရသည့် ပန်းတိုင်မျိုး မဟုတ်ပါ (ဝါ)ပန်းတိုင်နှင့်မတူညီပါ။
   ဆိုလိုသည်မှာ ပန်းချီရေးဆွဲသူသည် မိမိ၏
ခံစားမှုကို ပရိသတ်အားမျှ ဝေနိုင်အောင် ပန်းချီ
ကားတွင် အရောင်အသွေးများကို အသုံးပြု၍/
ကိုယ်စားပြု၍ သရုပ်ဖော်နိုင်/ဖန်တီးနိုင်လျှင် ရေးဆွဲနေချိန်တွင် ပျော်ရွှင်မှု/ကျေနပ်မှုကိုရလာပါလိမ့်မည်။
      ထိုသို့ ရသ/ခံစားမှုကို ထင်ဟပ်ပုံဖော်နိုင်ဘို့ို
ဆိုသည်မှာလည်း ရေးဆွဲသူသည် အတတ်ပညာပိုင်းတွင် ကျွမ်းကျင်မှုနှင့်ပြည့်စုံရမည်ဖြစ်ပြီး
အနုပညာပိုင်းတွင်လည်း အလှ/ရသကို ခံစား
တတ်ရပါမည်။မြင်တတ်ရပါမည်။
    သို့မှသာ စိတ်၏ စေရာကို လက်က နာခံနိင်
(ဝါ) ပုံဖော်ပေးနိုင်ပါလိမ့်မည်။၎င်းကို စိတ်နှင့်လက်အတွဲညီ လိုက်ဖက်သည်၊သဟဇာတ ဖြစ်သည်ဟု ဆိုနိုင်ပါမည်။
     ၎င်းစိတ်နင့်လက်တွင် တစ်ခုခုက အားနည်းနေပါက ပန်းချီ ရေးဆွဲနေစဉ် ပျော်ရွှင်မှု/ကျေနပ်မှု ကို မရရှိ နိုင်ပါ။
   (Find your fun and gratification in the journey,not the destination.)
    တစ်ကယ်တော့ ပန်းချီရေးဆွဲသည် ဆိုသည်မှာ မိမိရေးဆွဲမည့် အကြောင်းအရာ(subject)
ကို အမြင်အာရုံမှတဆင့်စိတ်(heart)ဖြင့်ခံစား
၍ ဉီးနှောက်(Brain)ဖြင့် သုံးသတ်ဆုံးဖြတ်ပြီး လက်က(Hand) ပုံဖော်ပေးခြင်းဖြစ်ပါသည်။
   # Planing Your painting before you
                          Start.
( ပန်းချီ မရေးခင် အကွက်ကျကျ စီမံခြင်း )
××××××××××××××××××××××××××××××
        ပန်းချီဆရာ အများစုကတော့ ပန်းချီရေးဘို့ ပထမဉီးဆုံး အဆင့်အနေဖြင့် ဘာလုပ်သလဲဆိုလျှင် ရေးဆွဲမည့် ရှုခင်းကို လေ့လာ
(Studies)ကြသည်။ ပြီးမှ ပုံကြမ်း(sketches)
ရေးဆွြဲကသည်။
   ရေးဆွဲမည့်ရှုခင်းကို ပုံကြမ်း မရေးခင် လေ့လာ
ကြသည်ဆိုသည်မှာ ဘာတွေကိုလေ့လာရမည်နည်း။ဘာတွေကို လ့လာသင့်သနည်း။ရှုခင်းပေါ်သို့(subject/object )ကျရောက်နေသော အလင်းအမှောင်။ ဖွဲ့စည်းထားသော
အရာဝတ္ထုများ (shape /form) မိမိအသားပေးဖော်ပြမည့် main subject သို့မဟုတ် main interest သို့မဟုတ် Emphasis အဖြစ်ထားမည့် အရာဝတ္ထု  ၊အရောင်အသွေးဖွဲ့စည်း
ထားမှု နှင့် အလှအပဆုံး ရှုခင်း (subject/ object)တို့၏ ရှုဒေါင့်(View or angle) စသည့် အချက်အလက်တို့ကိုလေ့လာသင့်သည်။
      ထိုသို့ ရေးဆွဲမည့် အကြောင်းအရာတို့ကို
ပုံးကြမ်းမရေးခင် ဉီးစွာလေ့လာပြီးမှ ပုံကြမ်း
(Sketches) ရေးဆွဲမှု ပြုလုပ်ခြင်းသည် မှားသော နည်းလမ်းမဟုတ်သလို၊ထိုသို့ လုပ်မှ မှန်သည့်နည်းဟုလည်း ဆို၍မရပေ။
    အဘယ်ကြောင့်ဆိုသော် အချို့ပန်းချီဆရာ
များသည် မိမိရေးဆွဲမည့် အကြောင်းအရာရှိ
အရာဝတ္ထု များ၏ shape /form တို့ကို outline /sketch အတိအကျ သေးစိတ်ရေးကြသလို၊အချို့မှာ အရာဝတ္ထု တို့၏ အခြေခံ
မျဉ်းများ(basic lines) လောက်သာ ရိုးရှင်းစွာရေးဆွဲကြသည်။ဆိုလိုသည်မှာ မိမိပန်းချီကား၏
ဖွဲ့စည်းမှု (composition) မည်သို့ မည်ပုံထွက်လာမည်ကို မှန်းဆ ကြည့်ရန်အတွက် ယေဘူယျ ပုံကြမ်း (general idea / wash drawing) ရေးဆွဲ ခြင်းသာဖြစ်သည်။
     အချို့မှာ ရေးဆွဲသည့် အကြောင်းအရာ Subject အတွက်ဉီးစွာ ပုံကြမ်းပင် မရေးဆွဲ
ကြပဲ၊sketch ရေးဆွြဲခင်းအပိုင်းကို ကျော်ပြီး
အရောင်အသွေးတို့ဖြင့်စတင် ရေးဆွဲ ကြသည်။
    အထက်ပါ ညွှန်းခဲ့သလို ပုံကြမ်း Sketch/
outline ကို တိတိကျကျ ရေးဆွဲခြင်း၊မရေးဆွဲ
ခြင်းသည်မှန်သည်၊မှားသည်ဟု တိကျသည့်
စည်းမျဉ်းများ(fixed rules) မရှိသော်လည်း
ခုမှ ပန်းချီရေးဆွဲမည့် ညီငယ် ညီမငယ်များ
အတွက်မှာမူ ဆေးရောင်မတင်မီ ပုံကြမ်း sketch /outline ကို မှန်မှန် ကန်ကန် တိတိကျကျ ရေးဆွဲသင့်ပါသည်။
    အထက်မှာ ဆရာ့ဆရာကြီးများပုံကြမ်း
(Sketch) အပြည့်အဝမရေးခြင်း၊လုံးဝ မရေး
ကြခြင်းသည် Drawing ကို မကျွမ်းကျင်၍ မဟုတ်၊အချိန်မပေးချင်၍ သော်၎င်း၊ပင်ကို စရိုက်အရ သော်၎င်း၊အရောင်အသွေးများတင်ရင်းဖြင့်
ဖွဲ့စည်းထားသည့် lines/shape/form တို့ကို ပုံဖော်သွားမည်ဟူသော ရည်ရွယ်ချက်ကြောင့်သာ
ဖြစ်ကြသည်။တစ်နည်းအားဖြင့် ဖွဲ့စည်းထား
သည့် အရာဝတ္ထု တို့၏ lines/shape/ form တို့ကို ခြုံငုံမြင်ထားပြီး၊ သိထားပြီး ဖြစ်ကြသည်။
    (The first step of a painting for most artists is making studies and
Sketches of the painting
      There is not right or wrong way to do this.
    Some artist make accurate drawings,some other just draw simple and basic lines,or wash drawing ,to sketch a general idea of how the
composition will look.
     As I mentioned there are no fixed
rules in painting,in fact many artists
Jimp right in and astart putting color in the canvas with no prior sketch.)
     ထို့ကြောင့် ဆေးရောင်မတင်မီ ပုံကြမ်း
အတိအကျ ရေးခြင်း၊မရေးခြင်းနှင့် လုံးဝ မရေးဆွဲ
ခြင်းတို့သည် ပန်းချီဆွဲသူ၏ သဘောအတိုင်းသာ
ဖြစ်သည့်အပြင် ပန်းချီကား၏ lines/shapes/ forms တို့ ဖွဲ့စည်းတည်ရှိပုံ အနေအထားကို
မြင်ချင်သိချင်သည့်အပြင်၊ အချိန်လည်း
လုံလောက်စွာ ရှိမည်ဆိုလျှင်ပုံကြမ်း sketch ကို
ဂရုတစိုက်ဖြင့် perspective မှန်အောင် အတိအကျ ရေးဆွဲနိုင်ပေသည်။
    (It all depends on your personality,
if you like to be careful and precise you may want to spend a good amount of time planning your painting so you know exactly how it will look.)
    # Shapes in a Paintimg #
(ပန်းချီကားတွင် ဖွဲ့စည်းထားသည့် Shapesများ)
  ပန်ူးချီကားအဖြစ်မည်သို့သော အကြောင်း
အရာ Subject/object တွေကိုပဲရေးရေး
canvas/paper ပေါ်တွင်ရေးဆွဲသည့်အခါ
အခြေခံအားဖြင့် shapes များကိုသာ ရေးဆွဲရလေသည်။
     Shapes တွေသည် သဘာဝရှိ အရာဝတ္ထု၏
အစစ်အမှန် shapes များ၊ စိတ်ကူးသက်သက်ဖြင့်ရေးဆွဲထားသော abstract shapes များ
(non objective) (ဝါ)ရောင်ပြင်သက်သက်
ရေးဆွဲထားသောShapes များ၊background ဟုခေါ်သော negative space များဖြစ်ကြသည်
      ၎င်း Shape အသီးသီးတွင် အနားစွန်းများ
(edges)ဟူသောမျဉ်းများ(lines)ဖြင့်သာဖွဲ့စည်း
ထားပြီး ၊၎င်းမျဉ်းတို့သည် ဒေါင့်(angular)
မျဉ်းကွေး(Curved)သို့မဟုတ် လေးဒေါင့်(rectangular) စသည်တို့ ဖြစ်နိုင်သည်။
    ၎င်း Shapes များကိုဖွဲ့စည်းထားသော အနားစွန်း ဟူသော lines အမျိုးမျိုးကိုပန်းချီကား
တွင် ဖွဲ့စည်းမှု(composition )ကောင်းစေရန် အခြေခံစည်းမျဉ်းများဖြစ်သည့် လိုက်ဖက်ခြင်း၊(harmony) ဟန်ချက်ညီခြင်း(balance)တို့ဖြစ်စေရန် အတူတကွ ပေါင်းစည်း၍ ဖန်တီးဖွဲ့စည်းပေးရလေသည်။
   ထိုသို့ ပန်းချီကားတွင် shapes များဖြင့်ဖွဲ့စည်း
သည့်အခါ shape အမျိုးအစားတစ်ခုကိုအကြီး
ဆုံး ထား၍ (to be dominant)ဖွဲ့စည်းရမည်။
အရောင်အသွေးဆိုလျှင်လည်း အရောင်အသွေး
တစ်ရောင်၏ လွှမ်းမိုးမှုဖြင့် ဖန်တီးရမည်။
 (Anything you paint is ultimately
just a shape.
    Shapes can be realistic,abstract,or non-objective.
     Each shape will have edges,whose lines can be angular,curved,or rectangular.
   To create harmony and balance in the painting,aim for only one type of shape to be dominant.)
    # ထို့ပြင် ပန်းချီကားတစ်ခုတွင် Depth or distance or space or fore,mid,
background တို့ကို ဖော်ဆောင်နိုင်ရန်တစ်ခုနှင့်တစ်ခု နဘေထပ်ထပ်သော shapes( overlapping shapes)များသည် အလွန်
အရေးကြီးပေသည်။
    သို့သော်လည်း ပန်းချီကားရေးဆွဲတိုင်း
Overlapping shapes ကို အမြဲတန်း အသုံးပြုဘို့ မဖြစ်နိုင်သလို၊အမြဲတန်းအသုံးပြုဘို့
လဲ မသင့်လျှော်ပေ။
    သို့သော်လည်း ပန်းချီကား အောင်မြင်ဘို့
အတွက် သင့်လျော်တဲ့အခါ ထိုသို့ အသုံးပြုနိုင်ရန်
Shapes များအကြောင်းကို နားလည်ထားရပေမည်။
   ထို့အပြင် Shape နှင့် form သည် ဆက်နွယ်လျှက်ရှိသည်။Shape တစ်ခုကို form (ဝါ)
ထုထည်(3-D) ဖြစ်ရန် shapeကို လင်းမှုမှောင်မှု
ဟူသော Value ပေါင်းထည့်ပေးနိုင်သလို form ကိုလည်း shape အဖြစ်ပြု ပြင်ပြောင်းလဲနိုင်ပါတယ်။
    Shape မှာ နှစ်မျိုးသာရှိသည်။Geometric shapes နှင့် Organic shapes တို့ဖြစ်သည်။
    (1)Geometric shapes
             ၎င်း Geometric shapes များသည်
တိကျမှန်ကန်သော shapes များဖြစ်ပြီး သင်္ချာပုံ
သေနည်းများကို အသုံးပြု၍ ဖော်ပြနိုင်သည်။
    ၎င်းGeometric shapesများမှာ...
# စက်ဝိုင်း(circle)
# စတုရန်း (square)
# တြိဂံ (triangle)
# ဘဲဉပုံ (Oval)
# ဒေါင့်မှန်လေးဒေါင့် (rectangle)
# အနားပြိုင် စတုဂံ ( parallelogram)
# အနားမပြိုင် လေးဒေါင့် ( trapeziun)
# hexagon (ဆဌဂံ)
# Octagon (အဌဂံ) စသည်တို့ဖြစ်သည်။
(2) Organic shapes or  freeform shapes
   ၎င်း Organic shapes များသည် လူတို့ပြုလုပ်ထားသော shapes များမဟုတ်ပဲ
သဘာဝ အလျှောက်ဖြစ်ပေါ်နေသောshapes များဖြစ်သည်။
     ၎င်း တို့သည် တိကျမှုမရှိသော/ပုံမှန်မဟုတ်သော၊မညီညာသော Shapes များဖြစ်ကြသည်။
  ၎င်းShapes များ၏  outline တို့သည် မျဉ်းကွေး(curved) မပြေပစ်သော ဒေါင့်ချွန်းများ
(angular) များရှိကြပြီး၊ မျဉ်းကွေးများနှင့်ဒေါင့်ချွန်းနှစ်ခု ပေါင်းစပ်မှုများလည်း ရှိကြသည်။
      ထို့ပြင် သဘာဝရှိ သက်ရှိသက်မဲ့ ပစ္စည်းမှန်
သမျှ (ဝါ)ရှုပ်ထွေးစွာဖွဲစည်းဖြစ်ပေါ်နေသော အရာဝတ္ထုများ (organic shape)တို့အား geometric shape များကို အခြေခံတည်၍ ပုံဖော်ရေးဆွဲလျှင် ပို၍ လွယ်ကူစွာရေးဆွဲနိုင်သည်ကို တွေ့မြင်ရသည်။
    ရေးဆွဲပုံမှာ သဘာဝရှိ သက်ရှိ သက်မဲ့အရာ
ဝတ္ထု များ(organic shapes) များမှ အခြေခံကျသော ၊အခြေခံဖြစ်သော Geometric shapes တို့ကို ခွဲထုတ်၍ ပုံဖော် နိုင်ပါသည်။
     ဥပမာ- လိမ္မော်သီးပုံစံသည် Organic shape ဖြစ်သည်။၎င်း လိမ္မော်သီးshape ကိုရေးနိုင်ရန် သူနှင့်အလားသန္ဌာန်တူသည့်
စက်ဝိုင်း(circle) Geometric shape ကို ရေး၍ဆက်လက်ပုံဖော်ရသည်။၎င်းရေးဆွဲနည်း
ကို တည်ဆောက်ရေးဆွဲနည်း(constructive drawing)ဟု ခေါ်သည်။
(ပိ့ု့စ်အဖြစ်လည်း ရေးထားပါသည်။ရေးနည်းရှိ
တယ် လေ့ကျင့်မယ်။)
      Shapes များတွင် positive shape
(space )နှင့်Negative shape (space)ဟူ၍ နှစ်မျိုးရှိသည်။
       ဥပမာ- ကုလားထိုင်တစ်လုံးတွင် ကုလားထိုင်သည် Positive shape ဖြစ်ပြီး ကျန်လစ်ဟာနေသော နေရာများနှင့် ကုလားထိုင်၏ အနားပတ်ပတ်လည် တစ်လျောက်ကို Negative shapeများ ဟုခါ်သည်။
      ပန်းခိျီကားတစ်ချပ်တွင် အရာဝတ္ထုများနေရာယူထားသည့်နေရာများကို Positive
Shape ဖြစ်ပြီး ကျန်ကွက်လပ် များနှင့်
ကောင်းကင်ပိုင်းသည် Negative shape ဖြစ်ကြသည်။
     ထို့ပြင် Lines,shapes,forms များသည်
ပန်းချီအနုပညာ၏ Elements များဖြစ်ကြသည့့်အပြင် shapes ကို လိုင်းဖြင့်ပင် ဖွဲ့စည်းပုံဖော်ထားပြီး form ကို contour line များဖြင့်ပုံဖော်ထားသည်။
      ထို့ကြောင့် ပန်းချီဆရာတစ်ယောက်သည်
Composition တွင် lines များကို သုံးသည့့်အခါ ကြည့်သူကို ပန်းချီကား၏ focal point
ဆုံချက်သို့ တိုက်ရိုက် ညွန်ပြနိုင်ရန် ရည်ရွယ်သုံးရမည့်အပြင် ပန်းချီကား၏ အပြင်သု့ိ ညွှန်ပြမှုမျိုး မဖြစ်စေရပဲ၊ ကားအတွင်းမှာသာ ရွေ့လျားနေရန်ဖြစ်သည်။
      ထို့ပြင် Lines များကို ပန်းချီကားတွင် ညီညွတ်မှု နှင့်အတူ ဟန်ချက်ညီအောင်ဖွဲ့စည်း
မိဘို့ ရည်ရွယ်ရမည်။
     ထို့ပြင် ပန်းချီကား၏ စိတ်ဝင်စားဘွယ်အကောင်းဆုံးနေရာဖြစ်သည့် Main interest /
Main object ပေါ်လွင်စေရန်/မပျောက်စေရန်
အတွက်ပန်းချီရေးဆွဲသူသည် မည်သည့့်အလှတရားနှင့် မည်သို့သော ခံစားမှုမျိုးကို ကြည့့်သူအားပို့ဆောင် နိုင်အောင် ပုံဖော်ရမည့် အချက်သည် အရေးကြီးပေသည်။
     ထု့ိကြောင့် အထက်ပါ အလှတရားနှင့် ခံစားမှုကို ကိုယ်စားပြု ပုံဖော်ပေးမည့် lines များနှင့် shapes များကိုရွေးချယ်ရာတွင် ဖွဲ့စည်းမှု
အတွက် အကောင်းဆုံးဖြစ်စေမည့် lines များ
နှင့် shapes များကို ရွေးချယ်ရပေမည်။
     တစ်ကယ်တော့ Lines များနှင့် shapes များသည် ပန်းချီကားဖွဲ့စည်းမုှု၏ အမာခံကြောရိုး
များလည်းဖြစ်ကြသည်။
    တစ်နည်းအားဖြင့် ပန်းချီဆရာတစ်ယောက်
သည် ပန်းချီကားတွင်ဖွဲ့စည်းထားသည့့်Elements များ(lines,shapes,form,value,
Colors,texture)တို့ကို နားလည် ထားခြင်း
သည် အောင်မြင်သည့် ပန်းချီကားဖွဲ့စည်းမှု တံခါးကို ဖွင့်နိုင်သည့် သော့တစ်ချောင်း
ရှိထားခြင်းနှင့် တူပါသည်။
    ထို့ပြင် ပန်းချီကားတွင် အရောင်များ/စုတ်ချက်များ ၏ ဧရိယာအသီးသီးကို shapes များအဖြစ်ဖြင့် မြင်နိုင်သည့်အပြင် အထူးသဖြင့်
၎င်း Shapes တို့သည် လင်းမှုမှောင်မှု(value) shapes များအဖြစ် သိသာ ပေါ်လွင်နေသည်။
     Shape အသီးသီးတို့တွင် အနားစွန်းများရှိ
ကြပြီး ၎င်းအနားစွန်းများကို lines များအသွင်အဖြစ် ကျွန်ုပ်တို့၏ ဉီးနှောက်က မှတ်ယူကြ
သည်။
    ထို့ကြောင့် မည်သည့် ပန်းချီကား(any artwork) ကိုကြည့်ကြည့် မတူညီသော
အရောင်သွေးများကြားတွင်၎င်း၊မတူညီသော
shape များကြားတွင်၎င်း line ရှိသည်ကို တွေ့မြင်နိုင်သည်။
     ထို့ကြောင့် ပန်းချီကားကြည့်သူ၏ အမြင်အာရုံကို focal point သို့ ဆွဲခေါ်ချင်လျှင်/ ညွှန်
ပြချင်လျှင် line များဖြင့် ညွှန်ပြနိုင်သလို၊အခြားနေရာရှိ shape တို့ကို ညွှန်ပြချင်လျှင်လည်း line များဖြင့် ညွှန်ပြနိုင်ပေသည်။
    တစ်ကယ်တော့  ပန်းချီကားရှိ မတူညီသော နေရာအသီးသီးသို့ ကြည့်သူအားသတိပြုမိစေရန် လမ်းညွှန်ပြရာ၌ အကောင်းဆုံး နည်းလမ်းသည်
 lineများကို အသုံးပြု ခြင်းဖြစ်သည်။
   (If you want to viewer's eye to be
carried to the focal point and at the
same time you don't want it to be
'stuck' there.
     lines are a great way to guide the
Viewer's attention to different areas
around the picture.
     ထို့ပြင် Line များသည် object အားပုံဖော်ပေးယုံသာမက ကားဖွဲ့စည်းမှု composition ကောင်းခြင်း၊ မကောင်းခြင်းကိုပါ အဆုံးအဖြတ်
ပေးနိုင်ပေသည်။
    Lines များကို ပန်းချီကားတွင် ရွေ့လျားမှု၊
စွမ်းအင်များနှင့် ညိမ်သက်ခြင်းတို့ကို ဖော်ဆောင်
နိုင်ရန် အသုံးပြုနိုင်ပေသည်။
     ထို့ကြောင့် Line များသည် ပန်းခိျီကား
ဖွဲ့စည်းမှုအတွက် အလွန်အရေးကြီးသဖြင့်/
အရေးပါသဖြင့် ၎င်းတို့ကို နားလည်သဘော
ပေါက်ထားရမည်။
     သို့သော် အချို့သော Line များသည် ပန်းချီ
ကားဖွဲစည်းမှုကို မည်သို့ အနှောက်အယှက်ပေး
နိုင်သည်။အချို့lines များသည် ပန်းချီကားဖွဲ့
စည်းမှုကို ပျက်စီးစေနိုင်သည်ကို အပြည့့်အဝ
နားလည် သဘောပေါက်ဘို့ရာ အလွန်မလွယ်ကူပေ။
    ထို့ပြင် ပန်းချီကားတွင် Lines များနှင့်တူသော သစ်ပင်ကိုင်းများ၊မြက်ပင် အရှည်များ၊
အိမ်/အဆောက်အဉီ အမိုးစွန်းများ၊လင်းမှု မှောင်မှု ပြောင်းလဲမှု (value shifts)များသည်
ပန်းချီကားတွင် ကြည့်သူ၏ အမြင်အာရုံကို
လမ်းညွန်ပြနေပေသည်။
    (It is very important to be aware of lines,and it is not so easy to grow awareness of how some lines can be
distracting or even ruin a composition.)
 # ပန်းချီကားတစ်ခုအတွင်း
                        အရွယ်အစား အမျိုးမျိုး#
    ( Many Sizes in a Painting)
ပန်းချီ မဆွဲခင် မိမိရွေးချယ်ထားသော ရှုခင်း/
အရာဝတ္ထု နှင့်လိုက်ဖက်မည့် Canvas /paper
အရွယ်အစား(Size) ကိုရွေးချယ်ရပေမည်။
    ထို့ပြင် Canvas/paperကို ဒေါင်လိုက်အနေအား(vertical lay out) သို့မဟုတ် အလျား
လိုက်အနေအထား (Hoizontal layout)ကိုပါရွေးချယ်ရပေမည်။
      Canvas/ paper အရွယ်အစားကို မည်သည့်အရွယ်အစားဖြင့်ရေးမည်ဆိုလျှင် မိမိအလေးအထား ဖော်ပြချင်သည့် အလှရသပြကွက်
(Main interest) ကို ပေါ်လွင်အောင် ဖော်ပြနိုင်မည်ကို တွက်ရပေမည်။
    ထို့ပြင် မည်သို့သော စုတ်တံအရွယ်အစား
(Brush Size) များကို သုံးမည် စသည့်အချက်ကိုပါ စဉ်းစားသင့်ပေသည်။
    အဘယ်ကြောင့်ဆိုသော်ပန်းချီကား တစ်ကားတွင်ဖွဲ့စည်း သော Elements of art
ဖြစ်သည့် Shapes,lines,areas of color,
Value, နင့် texture တို့သည် အရွယ်အစား
အမျိုးမျိုးတို့ဖြင့် ဖွဲ့စည်းထားသောကြောင့် ဖြစ်သည်။
     ထို့ကြောင့် ပန်းချီကားထဲရှိ elements များ ၏ အရွယ်အစား သို့မဟုတ် ပန်းချီကားတွင် မိမိအသားပေးဖော်ပြထားသည့်အလှဆုံးပြကွက်
နေရာ(main interest or main subject)
သည် စိတ်လှုပ်ရှားမှုကို ဖြစ်ပေါ်စေသည်။
      အောင်မြင်သည့် ပန်းချီကားတစ်ခုဖြစ်ဘို့
အတွက် ပါဝင်ဖွဲစည်းထားသော Line,shape,
form, value, color ,texture တို့အားလုံး
သည် အရွယ်အစားတူ မဖြစ်သင့်ပဲ အားလုံးပြောင်းလဲနေရမည်။
    (Every element of your painting
can be made in variety of sizes: shapes,lines,areas of color and texture.
     Size can be used to produce drama or emphasize the importance of a certain element in a painting.
  As rule of thumb for a successful painting keep all sizes varied.
    No two of anything should be the same size.)
   # ဆေး (medium)ရွေးချယ်ခြင်း#
     (Choosing your painting medium)
တစ်သက်လုံး ၎င်းဆေး(medium)တစ်မျိုး
ထည်းဖြင့်ရေးပြီးအောင်မြင်နိုင်မည့်၊သင့်တော်သည့် ၊နှစ်သက်သည့် ဆေးကိုသာ ရွေးချယ်ရန်ဖြစ်သည်။
    သို့သော် မည်သို့သော ဆေး(medium:
oil or acrylic or watercolor or pastel
or color pencil) ကိုပဲ ရွေးရွေး ၊ရွေးချယ်လိုက်သော medium နှင့်ပါတ်သက်ပြီး quality
အကောင်းစားကိုသာ ဝယ်ယူ လေ့ကျင့်ရေးဆွဲ
ရန် ဖြစ်သည်။
   ၎င်း အရည်အသွေးကောင်းသည့်ဆေးများ
သည် နောက်ပိုင်း ကြာလာလေလေ ဈေးကြီးပေးဝယ်ရကျိုး နတ်သည်ကို တွေ့မြင်ရပေမည်။
    ဆေးများတွင် Artist quality နှင့် studient quality နှစ်မျိုးသာရှိသဖြင့်တစ်သက်လုံး ပန်းချီဆွဲမည့်သူအတွက်ကတော့ Artist
quality ကို ဝယ်ယူ လေ့ကျင့်ရေးဆွဲရန်ဖြစ်သည်။
  (When Choosing a painting medium,
go for the one that suits you and can
Producethe effect you are trying to attain.
    Whatever medium you decide to
use,make sure you buy the best quality.
      Usually you find studient or artist
quality ,go for the latter,it well worth the money.)
   # မည်သို့သော အရောင်အတွဲအဖက်များဖြင့်
     ပန်းချီဆွဲမည်ကို ဆုံးဖြတ်ရန်။
( Decide on the color scheme for
   a painting.)
       အရောင်ဆိုတာ ပန်းချီဆရာအတွက်တော့
စွယ်စုံအသုံးဝင်ဆုံး လက်နက်တစ်ခုဖြစ်သည်။
အရောင်များကို ကြီးမားသော အကျိုးသက်ရောက်မှုနှင့်အတူ မိမိ၏ ခံစားချက်ကိုပါ ဖော်ထုတ်ဖွင့်ပြနိုင်သလို သဘာဝလောကရှိ အရောင်အသွေး အစစ်မှန်ကိုပါ ဖော်ပြနိုင်ပေသည်။
    ထို့ပြင် မိမိမြင်တွေ့နေရသော အရောင်အသွေးရရှိရန် ဆေးရောင်စပ်၍ ယှဉ်တွဲကြည့်ပြီး၊
လေ့ကျင့်ရသည့် လုပ်ငန်းသည်လည်း သိမ်မွေ့သော လုပ်ရပ်တစ်ခုဖြစ်ပါသည်။
    ထို့ကြောင့် မိမိရေးဆွဲမည့် Subject ကို ဂရုတစိုက် ခွဲခြမ်း စိတ်ဖြာ လေ့လာဘို့ လိုအပ်
သည့်အပြင် အမှန်တကယ် မြင်တွေ့နေရသော
အရာဝတ္ထု ၏အရောင်အသွေး(local color)ကို
ပုံဖော်တင်ပြနိုင်ဖို့ Local color ကို အနည်းငယ်
ပြု ပြင်ပေးရပေမည်။
    ထို့ကြောင့် လိုချင်သည့်အရောင်အသွေးရရန်
မည်သို့ ဆေးရောင်စပ်ရသည်ကို လေ့လာလေ့ကျင့် ရပေမည်။ ဆိုလိုသည်မှာ ပိုလင်းသော၊
( Lighter ) သို့မဟုတ် ပိုမှောင်သော(darker)
ပိုနွေးသော(warmer) သို့မဟုတ် ပိုအေးသော
(Cooler) အရောင်အသွေးများကို ဆေးစပ်နိင်ရမည့်အပြင် ဆေးရောင်ပြင်းပြင်း(intense) သို့မဟုတ် ဆေးရောင်ဖျော့ဖျော့ (sofer) တို့ကိုလည်း ပန်းချီကားတွင် ကောင်းစွာ ဟန်ချက်ညီအောင် (well-balance) ဖန်တီးရန်
ဖြစ်ပြီး ၎င်း balance သည် ပန်းချီကား၏ အလင်းအမှောင် ဧရိယာများ(areas of light and shade) ကို ဖော်ပြခြင်းလည်း ဖြစ်သည်။
     Oil သို့မဟုတ် acrylic painting ကို
ရေးမည်ဆိုလျှင် အမှောင်ဆုံးအရောင်အသွေးများ(from Darkest dark)မှ စရေး၍ ပို၍ လင်းသော အရောင်အသွေး(lighter ones)ထိ တဆင့့်ပြီး တစ်ဆင့်တက်၍ အလင်းဆုံး
အရောင်အသွေး(lightest light/highlights) တွင် အဆုံးသတ် ရေးရပေမည်။
     ဆိုလိုသည်မှာ အမှောင်ဆုံးမှ စရေး၍ အအလင်းဆုံး Highlights တွင် ကားပြီးရသော
ရေးနည်းဖြစ်သည်။(from darkest dark to
Lightest light/ highlights )
  (  If you are painting in oils or acrylics,it is best to start with the darker colors and gradually work up
to the lighter ones,ending with the
lightest highlights.)
     ရေဆေးပန်းချီကား ရေးမည်ဆိုလျှင် အလင်း
ဆုံး ဧရိယာတွေအတွက် စက္ကူ အဖြူသားကိုချန်ထားပြိး ၎င်းတို့ကို ပန်းချီရေးပြီးသည်အထိ မထိခိုက်ရအောင် ထိန်းထားရပေမည်။
   ထိုသို့ အလင်းဆုံး(highlights)မှစ၍ တစ်ဖြည်းဖြည်း အရောင်အသွေး ရင့်လာပြီး အမှောင်ဆုံးအရောင် အသွေး darkest dark တွင် ကားကိုလက်စသတ်ရပေမည်။
      တစ်နည်းအား ရေဆေး ရေးနည်းမှာ အလင်းမှစ အမှောင်တွင်ဆုံးရသော ရေးနည်းဖြစ်သည်။(from highlights to darkest dark)
     (If you are using watercolor ,the lightest areas are created preserving
the white of the paper,and you work
gradually towards the darkest tones.)
    ထို့ပြင် ပန်းချီကားအရောင်အသွေး ဖွဲ့စည်းမှု
အတွက် Color scheme တစ်ခုကို ရွေးချယ်မည်ဆိုလျှင်လည်း မိမိရေးဆွဲမည့် subject သည် ရွေးချယ်လိုက်သည့် color schemesရဲ့
အရောင်အသွေးဖွဲစည်းမှုတွေပါရှိရပါမည်။
    သို့မဟုတ် Color scheme နှင့် မဟတ်စပ်သည့် မြင်နေရသည့် အရောင်အသွေးကိုပြောင်း
လြဲပီး သုံးရပေမည်။
    ဥပမာ-Still-life ပန်းချီကားအတွက် blue နှင့် orange ( Complementary color )ကို
သုံးမည်ဆိုလျှင် လိမ္မော်ရောင် မြက်ခင်းပြင်ထဲ
တွင် အပြာရောင် သစ်ပင်များကို ရေးခြယ်နိုင်ပေသည်။
 (When deciding on a color scheme to
follow you can choose a subject that already has certain color characteristics ,or change the color of what you see to stick to your color scheme.
     For example,for a complementary color scheme,you can set up a blue and orange still-life ,or you can choose to paint blue trees in an orange grass field.)
    ထို့ပြင် ပန်းချီကားတစ်ချပ်တွင် ကွြဲပားသော
ရေးဆွဲနည်း (technique) တွေကို သုံးခြင်း
အားဖြင့် ထူးခြားသည့် အကျိုးသက်ရောက်မှု
(Special effects) တွေကို ဖန်တီးဖြစ်ပေါ်နိုင်သလို ၎င်း special effects များသည် ကြည့့်သူအား ခံစားမှု(feeling) ဖြစ်ပေါ်စေသည့့်အပြင်  ပန်းချီကားဖွဲ့စည်းမှုပိုင်းဖြစ်သည့်
Composition ကို ပို၍ စိတ်ဝင်စားစေသည်။
    ပန်းချီရေးဆွဲနည်းဖြစ်သည့် Painting techniques များသည် တကယ်တော့ ရေးဆွဲမည့် ပန်းချီဆရာအတွက် သူ၏ subject ကို ပုံဖော်ဘို့ (ဝါ) Second nature အဖြစ် ရသပါပါ ပြန်လည် တင်ပြဘို့ ဖြစ်ပါသည်။ထိုသို့ တင် ပြနိုင်ဘို့ အတွက် ရေးဆွဲသည့်ပန်းချီဆရာ၏ subject အပေါ်ရှိသည့် ခံစားမှု အမြင်ပေါ်တွင်
 လုံးဝ တည်မှီနေပါသည်။
     တစ်နည်းအားဖြင့် ရေးဆွဲမည့်ပန်းချီ ဆရာသည် ရေးဆွဲမည့် subject အပေါ်မြင်သည့် ခံစားမှု feeling အားကောင်းရမည်ဖြစ်သည့်အပြင် ထိုခံစားမှုကို  ပီပြင် ပေါ်လွင်အောင် ပုံဖော်နိုင်သည့် အတတ်ပညာ (techniques/methods) များကိုလည်း ကျွမ်းကျင်ထားရမည်ဖြစ်ကြောင်း တင်ပြရင်း ဘာကို ဘယ်လို ပန်းချီ
ဆွဲမှာလည်း ပို့စ်ကို ရပ်နား လိုက်ပါသည်။
    (The use of different techniques the
artist to achieve special effects ,transmit a specific feeling to the viewer,and make the composition very interesting.
    Painting techniques are a means to
make a paintimg representthe artist's
interpretation of a subject .
    You'll have to rely on your vision
to make them work for you in the context of your painting.)
      ယခု ညီငယ်ညီငယ်များ လေ့လာနိုင်စေရန်
Famous watercolor artists များ၏ အနုပညာ artworks များကို ဖော်ပြပေးလိုက်ပါသည်။
××××××××××××××××××××××××××××××

Crd: Artist Tin Tun

No comments:

Post a Comment