Pages

ပန်းချီရေးရာဝယ်

 ပန်‌းချီဆရာ ပန်‌းချီ‌ရေးသူတ‌ယောက်‌ဟာ
ရုပ်‌ရှင်‌ သရုပ်‌‌ဆောင်‌ မဟုတ်‌‌သော်‌လည်‌း
ရုပ်‌ရှင်‌သရုပ်‌‌ဆောင်‌လို ‌ရေး‌နေရမယ်‌လို့ ထင်‌‌နေမိ ၊
ရုပ်‌ရှင်‌သရုပ်‌‌ဆောင်‌‌တွေမှာ ဇတ်‌ညွန်‌းကို ဖတ်‌ပြီး
သရုပ်‌‌ဆောင်‌‌ပေမယ်‌့
မိမိကိုယ်‌မိမိ ကိုယ်‌တိုင်‌ကြုံ‌တွေ့‌နေရတဲ့ တကယ်‌့
ဖြစ်‌ရပ်‌လို စိတ်‌မှာထားပြီး ပီပီပြင်‌ သရုပ်‌မ‌ဆောင်‌ရင်‌
စကား‌ပြောတဲ့‌နေရာမှာ
သရုပ်‌‌ဆောင်‌တာနဲ့မတူပဲ စာအုပ်‌ကြီးဖတ်‌‌နေသလို
ဖြစ်‌‌နေတတ်‌တယ်‌ ၊
ဒီ‌တော့ ပန်‌းချီ‌ရေးသူမှာလည်‌း
ကိုယ်‌‌ရေးတဲ့ပန်‌းချီကား အ‌ကြောင်‌းအရာကို
စိတ်‌ထည်‌့ထားနိုင်‌မှ ၊
ပုံတူပန်‌းချီ ပန်‌းချီကားအပ်‌ရင်‌‌တော့
သူ့ဓာတ်‌ပုံနဲ့ တူကိုတူမှဖြစ်‌မယ်‌
ဒါမှ အလုပ်‌အပ်‌သူ သ‌ဘောကျမယ်‌ ၊
ပန်‌းချီကား‌ရေးပြီဆိုကြပါစို့
ဘုရားပုံ‌တော်‌‌ရေးရင်‌
ဘုရားဟာ လူကဖြစ်‌တာပါလို့ဆို‌ပေမယ်‌့
လူ‌တွေလုပ်‌နိုင်‌ခဲ ကျင့်နိုင်ခဲတဲ့အကျင့်‌‌တွေကို
ကျင်‌့‌တော်‌မူ၍
ကိ‌လေသာမရှိ အသိစုံလင်‌ ဘုန်‌း‌တော်‌ရှင်‌
ဖြစ်‌ခဲ့ရခြင်‌း‌ကြောင်‌့
ဘုရားကိုပူ‌ဇော်‌တဲ့အ‌နေနဲ့
ဘုရားစာဆိုမယ်‌
ဂုဏ်‌‌တော်‌ပွား ၊ ‌မေတ္တာပို့ ၊ ပဌာန်‌းရွတ်‌ရင်‌း
ပန်‌းချီဆွဲမယ်‌ဆိုရင်‌
စိတ်‌‌တွေကြည်‌‌နေမယ်‌ ၊
စိတ်‌‌တွေ‌အေး‌နေမယ်‌ ၊
စိတ်‌‌တွေမပြန်‌့လွင်‌့‌တော့ပဲ
စိတ်‌တည်‌‌နေသည်‌ဖြစ်‌‌သောအခါ
ကိုယ်‌ဆွဲတဲ့ဘုရားပုံ‌တော်‌မှာ
ကြည်‌ညိုစရာဖြစ်‌‌နေမယ်‌ ၊
ရာဇဝင်‌းကား တိုက်‌‌နေခိုက်‌‌နေတဲ့ ကားကို
လှုပ်‌ရှား‌အောင်‌‌ရေးတဲ့‌နေရာမှာ မျက်‌နှာ‌တွေ
စပ်‌ဖြဲဖြဲဖြစ်‌‌နေလို့အဆင်‌မ‌ပြေဘူး
မျက်‌ခုံး မျက်‌လုံး ပါးစပ်‌ကအစ မာန်‌ပါ‌နေရမယ်‌
ဒီလိုဖြစ်‌‌အောင်‌ ‌ရေးတဲ့သူမှာ မျက်‌‌မှောင်‌ကြုတ်‌ပြီး
ကိုယ်‌ကိုယ်‌တိုင်‌ တိုက်‌ခိုက်‌‌နေရသလို ‌ရေးမှ
လှုပ်‌ရှားမှု အပြည်‌့အဝဖြစ်‌မယ်‌ ၊
တိုက်‌ခိုက်‌ပြီးလို့ ‌အောင်‌ပွဲဆင်‌တဲ့ကား ‌ရေးရင်‌‌တော့
ပြုံး‌ပျော်‌‌နေတဲ့ပုံ ဆွဲရမှာပါပဲ ၊
တခါ တခါ ပြုံ‌နေတဲ့ပုံ ၊ ရယ်‌‌နေတဲ့ပုံကို
‌ရေးဆွဲရတာရှိ‌သေး ၊
အဲဒီလို ပြုံး‌နေတဲ့ပုံဆွဲရင်‌ ကိုယ်‌ကိုယ်‌တိုင်‌ ပြုံးပြီး
‌ရေးဆွဲမိသလို
ရယ်‌‌နေ‌တဲ့ပုံဆွဲရင်‌ ကိုယ်‌ကိုယ်‌တိုင်‌ရယ်‌ပြီးဆွဲမိ‌သေး၊
ဘာဆိုင်‌လို့လည်‌း ‌မေးကြ‌လေရင်‌ဖြင်‌့ ၊
ပန်‌းချီဆိုတာ လက်‌က‌ရေးတယ်‌ဆို‌သော်‌လည်‌း
စိတ်‌က ညွှန်‌ပြခိုင်‌း‌စေချက်‌ကို လိုက်‌လုပ်‌‌နေရတဲ့
အတွက်‌
ပန်‌းချီ‌ရေးတတ်‌‌သော်‌ငြား စိတ်‌ထည်‌့ထားသူက
ပိုပြီး ရသ‌မြောက်‌နိုင်‌ပါတယ်‌ ၊
အ‌တွေးပန်‌းချီကား‌ရေးဆွဲရင်‌လည်‌း ကိုယ်‌ကိုယ်‌တိုင်‌
ခံစားပြီးဆွဲရမယ်‌လို့ ယုံကြည်‌မိပါတယ်‌ ၊
ဒါမှ ရသ‌မြောက်‌မယ်‌လို့ထင်‌မိပါတယ်‌
သူ့‌နေရာနဲ့ သူ့အ‌ကြောင်‌း
သူ့အ‌‌ကြောင်‌းနဲ့ သူ့စုတ်‌ချက်‌
သူ့‌နေရာနဲ့ သူ့‌ရေးဟန်‌ ကိုက်‌ညီမှ
သဘာဝကျမယ်‌လို့ စိတ်‌မှာထင်‌မိရင်‌း .........

crd: Artist Than Tun

No comments:

Post a Comment