Art ဝါသနာရှင် ညီငယ် ညီမငယ်များ
(အထူးသဖြင့်) ညီမငယ်များ သည် နှင်းဆီပန်း
တစ်ပွင့်၏ တန်ဘိုးကို ပို၍သိကြမှာပါ။ငွေကြေး
အားဖြင့် အနည်းငယ်သာ ပေးကြရပေမည်။
သိ့သော်လည်း ၎င်း သဘာဝနှင်းဆီပန်း
တစ်ပွင့်ကို ထူးချွန်သည့်ပန်းချီဆရာတစ်ယောက်က ပန်းချီကားအဖြစ်(ဝါ)အနုပညာ ပစ္စည်းတစ်ခု
အဖြစ် ဖန်တီးလိုက်သည့်အခါ တန်ဘိုးများစွာ
တက်သွားသည်ကို တွေ့ရပေမည်။
အဘယ်ကြောင့်နည်း ။ ကျွနုပ်တို့ စဉ်းစားရပေမည်။ ဈေးကြီးသော ပန်းချီဆေးရေး ပစ္စည်း
များကို အသုံးပြု၍ ရေးခြင်းကြောင့်လော။
ထိုအချက်သည်လည်း အဓိက မကျပေ။
အဓိက အချက်ကား ပန်းချီဆရာ၏ ရသမြောက်ဖန်တီးမှု စွမ်းရည်ကြောင့်သာလျှင်ဇြစ်ပါသည်။
ထို့အပြင် ပန်းချီကားဝယ်ယူ သူကလည်း
နှင်းဆီပန်းကို ဝယ်ခြင်းမဟုတ်။နှင်းဆီပန်း ပန်းချီ
ကားက ပေးသော၊ကျွမ်းကျင်သည့်အတတ်ပညာ
ဖြင့် ဖော်ထုတ်ထားသော ရသအလှကို ဝယ်ခြင်း
သာဖြစ်ပါသည်။
ထို့ကြောင့် ပန်းချီ ဆရာသည် သဘာဝနှင်းဆီ
ပန်းကိုအခြေခံ၍ ရေးဆွဲသော်လည်းပုံတူကူးခြင်း
မျိုးဖြင့် ပန်းချီရေးဆွဲခြင်းမဟုတ်ပေ။
ခံစားမှုစူးရှထက်မြက်၍ ဆေးရေးအတတ်ကျွမ်းကျင်သည့်ပန်းချီဆရာသည် အလင်းရောင်အောက်တွင် ဖြစ်တည်ပျက် ပြောင်းလဲခြင်းနှင့့်အတူ သဘာဝနှင်းဆီပန်း၏ တဒင်္ဂ တည်ရှိနေသော အလှသွေးကို ထိမိစွာဖော်ထုတ်ပြသလေသည်။
ထို့ကြောင့်သာ ဖန်တီးသူပန်းချီဆရာ၏
အလှရသခံစားတတ်မှုအတိမ်အနက်နှင့်ထို
အလှရသကို ဖော်ထုတ်ပြနိုင်သည့် ဆေးရေး
ကျွမ်းကျင်မှု အလိုက် ပန်းချီအနုပညာပစ္စည်း၏ တန်ဘိုးသည်လည်း ကွာခြားသွားပေသည်။
ညီဖြစ်သူ၏ အထောက်အပံ့ကို ခံယူပြီး
စိတ်ခံစားမှုကိုသာ ဉီးစားပေး၍ ပန်းချီဆွဲခဲ့သော
၊ဘဝ တွင်ပန်းချီကားတစ်ကားသာရောင်းခဲ့ရသော ၊ သူ့ခေတ် သူ့အခါကအပယ်ခံပန်းချီဘဝ
အဖြစ်ဖြင့်သာ ရပ်တည်ခဲ့ရပြီး ဘဝဇတ်သိမ်း
မလှခဲ့သော Dutch post impressionist painter,Vinsent Willem Van Gogh သည် သူသေဆုံးပြီး နောက်မှသာ အောင်မြင်ကျော်ကြားခဲ့လေသည်။သူ့ပန်းချီကားများကိုတန်ဘိုး
ကြီးစွာပေး၍အမြတ်တနိုးဝယ်ယူခဲ့ကြသည်။
လွန်ခဲ့သော အနှစ် နှစ်ဆယ်လောက်က
သူ၏ နေကြာပန်း ပန်းချီကားကို လေလံတင်
ခဲ့ရာ ဒေါ်လာ (35)သန်း ကျော်ဖြင့် ရောင်းချခဲ့ရ
သည်။
အဘယ်ကြောင့် နေကြာပန်း ပန်းချီကား
သည် ဤမျှ အဘိုးထိုက်တန်ခဲ့ရသနည်း။ရုပ်ဝတ္ထု
အနေဖြင့် သဘာဝနေကြာပန်းသည် စွဲမက်ဖွယ်သိပ်မရှိလှသော်လည်း Van Gogh ဖန်တီးခဲ့သော နေကြာပန်း ပန်းချီကားသည်ကား ရေးဆွဲသူပန်းချီဆရာ၏ စိတ်ခံစားမှုရသကို ဖော်ထုတ်ထားသော Expressive Brushstrokes နှင့် Symbolic Color များကြောင့်ပင်ဖြစ်ပေ
သည်။
ထို့ကြောင့် ထူးချွန်သောပန်းချီဆရာသည်
ရုပ်ဝတ္ထုထက် စိတ်ခံစားမှု ရသပေါ်လွင်ရန်ကို
သာ ဉီးစားပေးဖန်တီးတတ်ကြသဖြင့် ဖန်တီး
လိုက်သော အနုပညာပစ္စည်းသည်ကား တန်ဘိုး
ကြီးမားနေရခြင်းသာဖြစ်ပေသည်။
ယခုညီငယ်ညီမငယ်များသည်လည်း ပန်းချီ
ကား၏ ခံစားမှုရသကို ဖော်ထုတ်ဖန်တီးနိုင်ဘို့
ရန်မှာ ကျွမ်းကျင်သော ဆေးရေးအတတ်ကို ဉီးစွာတတ်ထားရမည်ဖြစ်သည်။သို့မှသာ ပုံင်္ဆွဲခံ
ရုပ်ဝတ္ထု၏ အတွင်း၌တည်နေသောအလှရသကို ဖော်ထုတ်နိုင်မည် ဖြစ်သဖြင့် မိမိဖန်တီးလိုက်သော နင်းဆီပန်း ပန်းချီကားသည်လည်း အဘိုးထိုက်အဘိုးတန် ဖြစ်မည်ဆိုသည့်အကြောင်း တင်ပြရင်း နယ်သာလန်ဖွား ဒတ်ချ်
ပန်းချီကျော် Vinsent Van Gogh ၏ နှလုံးသားပုံရိပ်ပန်းချီကားများကို Art ဝါသနာရှင် ညီငယ် ညီမငယ်များ လေ့လာခံစားနိုင်စေရန် မျှဝေပေးလိုက်ပါသည်။
crd: Artist Tin Tun
××××××××××××××××××××××××××××××××
.
No comments:
Post a Comment