Pages

တိုးတက်ပြောင်းလဲခဲ့သော ပန်းချီသမိုင်း ...


ကျုဗစ်ဇင်နဲ့ ဆာရီယယ်လစ်ဇင် (ပီကာဆို၊ ဂျော့ချ်ဘရက်၊ မီရို၊ ဒါလီ၊ တန်ဂိုင်း)
ကျုဗစ်ဇင်ပန်းချီဟာ ကြည့်ရှုသူအတွက်တော့ ပထမဆုံးအခက်ခဲတွေနဲ့ရင်ဆိုင်ရမယ့် အတွေ့ကြုံတွေ ပါ။ ၁၉၀၇ နှစ်မှာ ပေါ်ထွက်လာတဲ့ ပီကာဆိုရဲ့ လက်ရာအသစ် အာဗီနွန်ကမိန်းမများဆိုတဲ့ ပန်းချီကားကြီးဟာ အနုပညာအသိုင်းဝိုင်းမှာ အဲဒီအချိန်က အတော်လေးလှုပ်လှုပ်ရှားရှားဖြစ်ခဲ့တယ်။ ပီကာဆိုနဲ့ ဂျော့ချ်ဘရက် တို့စတင်ခဲ့တဲ့ မျက်နှာပြင်ပိုင်းခြားစိတ်ဖြာဟန် (ဒိုင်မင်းရှင်းနည်း) ရေးချက်တွေဟာ ပရိသတ်ကိုအတော်လေး အခက်တွေ့စေတဲ့လက်မခံနိုင်လောက်စရာ နာမလည်စရာတွေဖြစ်ခဲ့တယ်။ သူတို့ဟာ သူတို့ရှေ့က စေဇန်းနဲ့ မားတီးစ်တို့ တစ်ဆင့်ခြင်းပြခဲ့တဲ့ မျက်နှာပြင်ပိုင်းစိတ်မြင်ရတဲ့အမြင်နဲ့ နေရာဟင်းလင်းပြင်တ်ဆာဆင်ဖြတ် ညှပ် ပုံဇော်တဲ့ နည်းတွေကိုထပ်ဆင့်ချဲ့ထွင်သလို အဲဒီခေတ်ကာလရဲ့ စက်မှုထွန်းကားလာတဲ့သိပံနဲ့နည်းပညာရိုက်ခတ်မှုတွေကိုပါ ပေါင်းစပ်ကြည့်လိုက်ခြင်းမျိုးဖြစ်ပါတယ်။
သူတို့ဟာ သဘာဝအမြင်ကိုလုံးလုံးကျောခိုင်းလိုက်ပြီး ပုံမှန်မြင်ရတာကို ဖျက်ဆီး ပစ်လိုက်သလိုပါပဲ။ ဒါပေမယ့် ဖျက်ဆီးတယ်ဆိုတာထက် ပြောရခက်တဲ့ မျက်နှာပြင်ထောင့်ပေါင်းစုံက မြင်ရတဲ့အမြင်တွေကို ရောယှက်ပြီး တစ်စုထဲပုံဖော်လိုက်ခြင်းပါပဲ။ ဒါဟာ ယခင် မရဖူးရဲ့ အရသာပဲ။ ဥပမာ ရှေ့တည့်တည့်က အမြင်ဟာ ရှေ့ကမြင်ရသလောက်သာရှိနိုင်ပေမယ့် ဘေးတိုက် ရဲ့အမြင် နောက်ပိုင်းအမြင်တွေရှိနေတယ် နောက်ပြီး မျက်နှာပြင်ဖော်ပြမှုမှာလည်း မျဉ်းကြောင်းကလာတဲ့ တြိဂံထောင့်ချိုးတွေသုံးတဲ့ အမြင်ဟာ သုံးဖက်မြင် ထုထည်ဖော်မှုမှာ ထိရောက်သလို လူသားသဘာဝထက်ပိုတဲ့ အခြားဘက်ကိုပါ မြင်နိုင်တာမျိုးလို့ဆိုရပါမယ်။ ပီကာဆိုရဲ့ ဒီလက်ရာဟာ ဥရောပတစ်ခွင်သာမက အမေရိက အထိပါကျြော့်ကားပျံနှံ့ခဲ့တယ်။ ပန်းချီလောကရဲ့ မြင်သမျှအပေါ်မှာမှီခိုနေရဆဲအခြေနေတွေဟာ ပုံသဏန်ချိုး ဖျက်စမ်းသပ်လိုက်ပီးတဲ့နောက်မှာ အမှီခိုကင်းတဲ့အရသာဆိုတာ သိရှိလာကြတော့တယ်။ ဒါကို မော်ဒန်အတ်လှုပ်ရှားမှုစတင်ခြင်းလို့ တင်စားပြောဆိုခဲ့တယ်။ သူတို့စတင်တဲ့ ကျုဗစ်ဇင်လက်ရာတွေဟာ ယခင်ဗန်ဂိုး၊ ဂေါ်ဂင်တို့ရောင်ပြင်ပလိန်းမျဉ်းလိုင်းထူထူတွေကအခြေခံခဲ့သလို စေဇာန်း မားတီးစ် တို့ရဲ့ ပိုင်းစိတ်ခွဲခြမ်းလိုက် တဲ့ပန်းချီတွေက ချပေးခဲ့တဲ့ မျိုးစေ့တွေက ပေါက်ဖွားလာတဲ့ အကိုင်းအခက်တွေဆိုရင်လည်း မမှားနိုင်ပါ။
....
ပီကာဆို..။
ပါဘလိုရူရစ်ပီကာဆိုကို ၁၈၈၁ မှာ စပိန်နိုင်ငံမာလာဂါ မြို့မှာမွေးပါတယ်။ ငယ်စဉ်ကထဲက ပန်းချီ မှာ ပါရမီ ထူးခဲ့တယ်။ ဆယ်ကျော်သက်လောက်မှာ သဘာဝသရုပ်မှန်ပန်းချီတွေကို ခမ်းနားတဲ့ ပန်းချီကျော်တွေရေးသလို အတိုင်း ပိုင်နိုင်စွာရေးနိုင်နေပါပြီ။ သူဟာ အသက်ရွယ်အလိုက်၊ ပြောင်းလဲနေထိုင်ခဲ့တဲ့ နေရာဒေသတွေ အလိုက် ခံစားမှုဖော်ထုတ်ရေးဟန်၊ ပိုင်းစိတ်ဖြတ်တောက်ရေးတဲ့ ကုဗဝါဒဟန်တွေအပြင် ပန်းပုပုံစံတွေ၊ သင်္ကေတဟန်ပုံကြမ်းတွေနဲ့ ဆာရီယယ်လစ်ဇင်ဟန်၊ မော်ဒန်ဟန်၊ အိမ်မက်အမြင်တွေပါ မျိုးစုံအောင်ဖန် တီးခဲ့တယ်။ ပြည်တွင်းစစ်ကာလမှာရေးခဲ့တဲ့ ပုံနှိပ်ကောက်ကြောင်းပန်းချီတွေနဲ့ စစ်ရဲ့အနိဌာရုံကိုဖော်ကျူး တဲ့ ဂွာယာနီကာအပါအဝင် သရုပ်ဖော်ဆန်တဲ့ ဆာရီရယ်လစ်လက်ရာတွေထဲက တချို့ကို ယခုဖော်ပြထားပါတယ်၊
ပီကာဆိုဟာ အခြားခေတ်ပြိုင်ပန်းချီဆရာတွေထက် သရုပ်ဖော်ပန်းချီတွေ ကောက်ကြောင်းလက်ရာတွေ ပိုမိုရေးဆွဲခဲ့တာအထင်ရှားပါ။ သူဟာ ဆီဆေးပန်းချီလက်ရာတွေမှာ ထင်ရှားကျော်ကြားသလို သူ့ရဲ့ဆန်းသစ် တီထွင်မှုများစွာကြောင့်နဲ့ သူ့ရဲ့နေထိုင်ပုံ လိုက်ဖ်စတိုင်ကလည်း သူ့ကိုထင်ရှားကျေောာ်ကားစေခဲ့တာပါ။ပါရီကို သူရောက်လာချိန်မှာ လုဗ်ပြတိုက်က ခေတ်ဟောင်းပန်းချီအကျော်အမော်တွေကိုလေ့လာရေးဆွဲ ခဲ့တယ်။နောက်တော့ မားတီးစ်၊ ဗန်ဂိုး၊ ဂေါ်ဂင် တို့ရဲ့အရောင်ပြင်နဲ့မျဉ်းကြောင်းထူကောက်ကြောင်းများကို သဘောကျခဲ့တယ်။ တူးလုစ်လောထရက်ရဲ့ အရှိန်ပါတဲ့လှုပ်ရှားနေတဲ့ လူပုံကောက်ကြောင်းတွေကိုလည်း နှစ်ခြိုက်ခဲ့ဖူးတယ်။ သူဟာ အခြားပန်းချီဆရာတွေလို တမျိုးထဲ တစ်ခုထဲစွဲမြဲပြီး မလုပ်ခဲ့ဘူး၊ သူ့ပန်းချီကားတွေ အပေါ်မှာထင်ရှားသလို သူ့ရဲ့ဆန်းသစ်တီထွင်မှုများစွာ (ရွံ့စေးပန်းပု၊ မြေအိုး၊ တွေ့ရသမျှ အရာဝထ္တု မျိုးစုံနဲ့ တပ်ဆင်မှုတွေ)အပြင် ဖြတ်ညှပ်ကပ်စုစီးပုံဖေါ်တဲ့ ကော်လပ်ချ် ပန်းချီတွေ စသည်ဖြင့်များစွာ သော အနုပညာ လက်ရာတွေကြောင့်လည်း ကမ္ဘာကျော်ခဲ့သူပါ။ ၁၉၀၄ မှာသူ့ကိုယ်ပိုင်ရေးချက်ကို စတင် အကောင်ထည် ဖော်နိုင်ခဲ့တယ် သူ့ရဲ့အပြာရောင်ကာလများအတွင်းကရေးခဲ့တဲ့ လက်ရာတွေမှာ သူ့ရဲ့ကိုယ်ပိုင်သီးခြားတစ်ခု ဖေါ်ထုတ်နိုင်ခြင်းပါပဲ။ ဒီလက်ရာတွေဟာ ပထမဆုံးပါရီရဲ့ ရိုက်ခတ်မှုတွေဖြစ်ပါတယ်။ အထီးကျန်ဆန်မှု စိတ် ညစ်နွမ်းမှု၊ ကြေကွဲမှုတွေ လွှမ်းနေတယ်။ ဒီကာလအတွင်းရေးခဲ့တဲ့ လူပုံတွေဟာ ရှည်မြောမြောအိတွဲတွဲ လေးလံထိုင်း မှိုင်းနေကြတယ်။
၁၉၁၃ ခုနှစ်မှာ ကော်လာ့ချ်ဆိုတဲ့ ပန်းချီနည်းသစ်တစ်ခုထင်ရှားလာခဲ့ချိန်မှာ ကျူဗစ်ဇင်ဟန်တွေ စတင်စမ်းသပ်နေပြီဖြစ်တဲ့ ပီကာဆိုနဲ့ ဂျော့ချ်ဘရက်တို့ဟာ မျက်နှာပြင်ကင်းဗတ်ပေါ်မှာ သတင်းစာတွေရုပ်ပုံတွေ ပစည်းအစိတ်ပိုင်းတွေ အဝတ်စတွေစသည်ဖြင့်ကပ်ပြီး ပေါင်းစပ်ပုံဖေါ်မှုတွေ စမ်းသပ်လာကြပြန်ပါတယ်။ အခြေခံ အစစ်မှန်ရုပ်ဝထုပုံသဏန် (စက်ဝိုင်း လေးထောင့် တြိဂံ) တွေဆီကို ဦးတည်ပြီး ပေါင်းစပ်မှု (ဒီဇိုင်း ဆင်ဟန်)နှင့် ဒြပ်မဲ့ဆန်ဆန်ကနဦးစမ်းသပ်မှုတွေလုပ်လာခဲ့ကြတယ်။ပီကာဆိုဟာ ဒီအချိန်မှာ ဂီတသရုပ်ဖေါ်တွေ၊ ဇာတ်ဆင်အပြင်ဆင်တွေ ဒီဇိုင်းထုတ်ခြင်းတွေနဲ့အောင်မြင်လာသလို တစ်ဖက်ကလည်း ကုဗပုံ ချိုးဖျက်စိတ်ပိုင်းမြင်တဲ့ဟန်ပန်းချီတွေနဲ့ခေတ်စားလာခဲ့ပါတယ်။ စစ်အတွင်းကာလမှာ ဂရိခေတ်ဂန်ထဝင် ကျောက်သား ရုပ်ထုတွေနဲ့ ဒနာရီလာပုံပြင်ဇာတ်လမ်းတွေကိုလေ့လာရေးဆွဲပြန်တယ်၊ သူရဲက ၁၉၃၇ မှာရေးတဲ့ ဂွာယာ နီကာ နံရံပန်းချီကားကြီးကတော့ အကျော်ကြားဆုံးဖြစ်သလို စစ်တွင်းက ရက်စက်မှုတွေကိုသမိုင်းမှတ်တမ်း သဖွယ် ကျန်ရစ်ခဲ့ပါတယ်။
ဥရောပရဲ့ ရှေးဟောင်းပုံပြင်တွေမှာ နွားရိုင်းဟာ ထင်ရှားတဲ့ ဇာတ်ကောင် ရုပ်တစ်ခုဖြစ်တယ်။ ပီကာဆိုဟာ ဒီဇာတ်ရုပ်ကို ယူပြီး ဥရောပ၊ ဂရိ ဒန္တာရီလာ ကိုးကွယ်မှုဆိုင်ရာ နတ်ဘုရားပုံပြင်တွေကနေ စပိန်းနွားရိုင်းခေါင်း
နဲ့ လူသားရဲ့ လိင်စိတ် ဆန္ဒ ရမက် စိတ်တို့ ကြီးစိုးရာ လောကကြီးကို ပုံဖေါ်ခဲ့တယ်။ ဒီစီးရီးမှာ တစ်ချို့ပုံတွေဟာ မားတီစ်ရဲ့ တကြောင်းဆွဲနည်းနဲ့ တန်ဆာဆင်မှုပုံစံတွေကို သူ့အကြောင်းရာထဲထည့်သွင်းခဲ့တာဖြစ်ပြီး အခြား လက်ရာတွေကတော့ သရုပ်ဖေါ်ဆန်တဲ့ ဇာတ်ကြောင်းပြော ဆာရီရယ်ပုံများပါ၊ နတ်ဆိုးဖန်ဆင်းတဲ့နွားရိုင်း ဦးခေါင်းနဲ့လူသားပုံဖြစ်တဲ့ မင်နိုတာခေါ်တဲ့ဇာတ်ရုပ်ဟာ သူ့ရဲ့အဓိကအရုပ်ပဲ။ မိဆာနွားရိုင်းကောင်ရဲ့ ရက်စက်ကြမ်းကြုတ်မှုကို ခေတ်ကာလရဲ့ ဖြစ်ပျက်နေတဲ့စစ်မက်ရေးတွေမှာ ခိုင်းနှိုင်းပြဖို့ သရုပ်မှန်လွန် အိမ်မက်ဆိုး မြင်ကွင်းမျိုးတွေဖြစ်ပါတယ်။ တစ်ခါတစ်ရံ သူကိုယ်တိုင်နွားရိုင်းအဖြစ်ဈာန်ဝင်စားပြီး အဲဒီနှစ်ကာလမှာ စတင်သိကျွမ်းတဲ့ အော်လ်ဂါဆိုတဲ့ မိန်းမချောတစ်ဦးနဲ့ ချစ်ကျွမ်းဝင်ခဲ့တဲ့ စိတ်ခံစားမှုတွေကို နွားရိုင်းနဲ့မြင်းပုံ
တွေအဖြစ်ပြောင်းလဲရေးဆွဲခဲ့တယ်။ သူအလွန်နှစ်ခြိုက်တဲ့ ဂရိဂန္တဝင်ပန်းပုရုပ်ထုတွေလို အချိုးစားဟန်ပန် တွေနဲ့ ပြန်လည်ထင်ဟပ်ရေးဆွဲတဲ့ ပန်းပုဆရာ ဆိုတဲ့ကောက်ကြောင်းလက်ရာတွေကတော့ပိုမိုထူးခြားတဲ့လက်ရာတွေလို့ ဆိုရမှာပါ။ (၁၉၀၇-၁၄) ကာလကျူဗစ်ဇင်တွေကျော်ကြားနေခဲ့ချိန်ကနေ စစ်အတွင်းမှာ အီတလီနိုင်ငံရောမမြို့က ဂရိပန်းပုတွေ ရီနေးဆွန်းလက်ရာတွေကို ပြန်လည်လေ့လာဖြစ်ခဲ့ယင်း သူ့ရဲ့ ဆာရီရယ်လက်ရာတွေထဲမှာ ပြန်လည်အသက်သွင်းခဲ့ပါတယ်။ ဒီလက်ရာတွေကို ၁၉၃၉ မှာတချို့ကို အပြီးသတ်နိုင် ခဲ့ပြီး ပြန်လည်တည်းဖြတ်ပုံနှိပ်စာအုပ်အဖြစ် ထုတ်ဝေဖြန့်ချီခဲ့တယ်။
ပီကာဆိုဟာ အဲဒီ ပြည်တွင်းစစ်ဆန့်ကျင်ရေး ၁၉၂၇- ၃၇ အတွင်းက လက်ရာတွေကို ပုံနှိပ်ကောက်ကြောင်း သတƒုပြားပေါ်မှာ အပ်သွားနဲ့ ကညစ်နဲ့ ရေးခြစ်တဲ့နည်းနဲ့ ပုံနှိပ်လက်ရာတွေ ထုတ်လုပ်ခဲ့တယ်။ သူ့ ဘဝတစ်
လျှောက်ရေးခဲ့တဲ့ ပုံနှိပ်လက်ရာ ဂရပ်ဖစ်လက်ရာပေါင်း ၂၀ဝ၀ ကျော်မှာ ယခုဖေါ်ပြထားတဲ့ ဗိုလာ့ဒ် ကောက် ကြောင်းပန်းချီသရုပ်ဖေါ် စီရီးအတွဲဟာ သူ့ရဲ့ ဂနƒဝင်ယုံကြည်မှု ယုံတမ်းပုံပြင်တွေရဲ့ လွှမ်းမိုးမှုနဲ့ သရုပ်မှန်လွန် ဆာရီရယ်နည်းတွေ စုပေါင်းဖော်ထုတ်ထားတဲ့လက်ရာတွေပဲဖြစ်ပါတယ်။ သူ့ရဲ့ အခြားပန်းချီလက်ရာတွေနဲ့တော့ လုံးလုံးခြားနားပါတယ်။ ပီကာဆိုရဲ့ ဂရိ ဒန္တာရီ ကာလများလို့ ဆိုနိုင်ပါလိမ့်မယ်။
ဆာရီရယ်လစ် ပန်းချီရေးသူတွေဟာ အများအားဖြင့် မသိစိတ်ကခံစားမှုတစ်ခုကို လက်ကအလိုအလျှောက် ဖြစ်သွားတဲ့ အထိမ်းအကွပ်မဲ့ မျဉ်းကြောင်းလိုင်း တစ်ဆက်ထည်းရေးချက်တွေ ရေးလေ့ရှိကြတယ်။ ရစ်သမ် ကိုတော့ သူတို့အလေးထားကောင်း ထားနိုင်တယ်။ သူတို့ဟာ သူတို့ရဲ့ ကိုယ်ပိုင်အယူဝါဒဖော်ထုတ်ခြင်းတွေ၊ လောကအမြင်အပေါ် သူတို့ဘယ်လိုခံစား သုံးသပ်သလဲဆိုတာတွေကို ဘယ်လိုစည်းမျဉ်းအနှောင်ဖွဲ့တွေမှ လက်မခံပဲ သီးခြားဖော်ထုတ်ချင်ကြတာကို တွေ့နိုင်ပါတယ်။
(ဆက်ပါမည်)
...

န်းချီ၀ိဥာဥ် Art Spirit စာအုပ်မှ ကူးယူဖေါ်ပြသည်။


 

No comments:

Post a Comment