Pages

မော်ဒန်ပန်းချီမိတ်ဆက်(၄).... ဒါဒါ၀ါဒ(DaDa)

 


(၃ စက္ကန့် အတိုချုပ်။
ဒါဒါ၀ါဒအနုပညာဆိုတာ ဘာအဓိပ္ပါယ်မှမပါရှိတဲ့ အနုပညာပါတဲ့၊ ရယ်စရာတွေ၊ မဖြစ်နိုင်တာတွေ မတော်တရော်တွေပဲ။၊ စစ်ပွဲတွေရဲ့ ကြောက်ရွံ့ဖွယ်တွေ၊ အနုပညာအတွေးအခေါ်တော်လှန်ရေးတွေပါ။)
မိနစ်ဝက် ရှင်းပြချက်..။
၁၉၁၄ မှာ ပထမကမ္ဘာစစ်ကြီးဖြစ်ပွားတဲ့အခါ များစွာသောဥရောပ ပန်းချီပန်းပုအနုပညာရှင် တွေဟာ ဆွစ်ဇာလန်နို်င်ငံဇူးရစ်မြို့ကိုပြောင်းရွှေ့အခြေချခဲ့ကြတယ်။ အဲဒီမြို့က စစ်ပွဲထဲမပါ တဲ့ ငြိမ်းချမ်းနယ်မြေဖြစ်လို့ပါပဲ။ သူတို့ဟာ စစ်ပွဲသတင်းတွေကို ဆွစ်ဇာလန်ကနေလှမ်းကြား နေရတဲ့အတွက် စစ်ဆိုတာလူလူချင်း ရက်စက်မှုနှလုံးသားမဲ့တဲ့သက်ဖြတ်မှုတွေပဲလို့မြင်လာ ကြတယ်။ ဒီနောက်မှာ စစ်ပွဲတွေ ကိုဆန့်ကျင်ဆန္ဒပြဖို့နဲ့ အတွေးခေါ်ဟောင်းတွေကိုဆန့်ကျင် ချင်ကြဖို့ Anti-art ဆိုတဲ့ အနုပညာတန်ပြန်ဆန့်ကျင်ရေး အတွေးအခေါ်ပုံစံတစ်ခုကို ပန်းချီ၊ ပန်းပု၊ ဓာတ်ပုံ၊ ဂီတတွေ အဖြစ် ဖေါ်ထုတ်ခဲ့ကြတယ်။ အဲဒီအနုပညာတွေမှာ ဘာအဓိပ္ပါယ်မှ မပါရှိဘူး၊ သူတို့အမြင်မှာ စစ်ပွဲတွေဟာလည်း လူ့လောကအတွက် ဘာအဓိပ္ပါယ်မှမရှိတဲ့အ ရာလို့မြင်ကြလို့ပဲ။
သူတို့စတင်ခဲ့တဲ့ အဲဒီအနုပညာသစ်ပုံစံကို ဒါဒါ လို့ခေါ်ဝေါ်ခဲ့တယ်။ အဲဒီအမည်ကလဲ ဘာ အဓိပ္ပါယ်မှ မပါဘူး၊ ဘယ်သူ့အတွက်မှလည်းအဓိပ္ပါယ်သတ်သတ်မှတ်မှတ်မရှိဘူး။ ဒါပေမယ့် မကြာခင်ပဲ ပြင်သစ်၊ ဂျာမဏီ၊ စပိန်၊ အမေရိကားအထိ ပြန့်နှံ့သွားခဲ့တယ်၊ ဒီလှုပ်ရှားမှုဟာ ၁၉၂၀ လောက်အထိ ဆက်လက်အားကောင်းနေခဲ့တယ်။ ဒါဒါ၀ါဒ အနုပညာရှင်တွေဟာ အယူအဆဟောင်းတွေကို ပျက်ရယ်ပြုပြီး ပရိသတ်ကိုအံ့သြမှင်သက်အောင်လုပ်တယ်။ အနုပညာဖန်တီးစရာပစ္စည်းလို့အရင်ကမသုံးခဲ့တဲ့ သာမာန်အသုံးဆောင်ပစ္စည်းတွေကိုသုံးပြီး ဖန်တီးပြတယ်။ ဂျာမာန်အနုပညာရှင် Hannah Hoch နဲ့Max Ernst တို့ဟာအမှိုက်ထဲကပစ္စည်း ဟောင်းတွေစုစည်းတွဲစပ်ပြီးအနုပညာဖန်တီးတယ်။ တစ်ခါတရံ အိမ်မှာသုံးတဲ့ပစ္စည်းတစ်ခုခု ကိုယူလာပြီး အနုပညာလက်ရာဆိုပြီးပြတယ်၊ ပြပွဲတစ်ခုမှာဆိုရင် စန္ဒယားဆရာတစ်ဦးဟာ သူ့ရဲ့ဖျော်ဖြေမှုကို လုံးဝမတီးပဲငြိမ်သက်ပြီးပြသခဲ့ဖူးတယ်။
.................................................................
အသင့်လုပ်ပစ္စည်း(ရယ်ဒီမိတ်ဆိုတာဘာလဲ)...။
၁၉၁၇ မှာ မာဆယ်ဒူးရွှန်းဆိုတဲ့ အနုပညာရှင်ဟာ အပေါ့သွားကြွေခွက်တစ်ခု ကို ဇောက်ထိုးလုပ်ပြီးပြပွဲတစ်ပွဲမှာ ခုံတစ်ခုပေါ်တင်ပြခဲ့တယ်၊ "R.Mutt" လို့ ဆိုင်းထိုးပြီး လက်ရာအမည်ကို ဖောင်တိန်း(ရေပန်း) လို့အမည်ပေးခဲ့တယ်။ ကြွေခွက်ဟာကြွေခွက်ဖြစ်ပြီး သူကိုယ်တိုင်လုပ်တဲ့ အနုပညာတစ်ခုရယ်လို့ပြ တာတော့ မဟုတ်ဘူး။ ပြပွဲမှာပြတဲ့အခါ ကြည့်သူတွေကတစ်မျိုးအမြင်နဲ့ကြ ည့်ကြတယ်၊ ဒါကအနုပညာလားဆိုပြီး စိတ်လဲဆိုးကြတယ်။ ဒါပေမယ့် အဲဒီ လက်ရာကနေ ကြီးမားတဲ့ထိရောက်မှုတွေဖြစ်ခဲ့တယ်၊ ဒူးရွှန်းဟာ အဲဒီကနေ (ရယ်ဒီမိတ်) အသင့်လုပ်ပစ္စည်းဆိုတဲ့အိုင်ဒီယာကိုစတင်ခဲ့ပြီး အနုပညာအ တွက်ထုတ်လုပ်ထားတာမဟုတ်တဲ့ အခြားပစ္စည်းတွေကို အနုပညာစိတ်ကူး တစ်ခုအတွက်ဖန်တီးမှုမှာ အသုံးချနိုင်လာတယ်။ (ပုံများတွင်ကြည့်ပါ)
မှတ်ချက်။ လူငယ်များအတွက်ရည်ရွယ်ရှင်းပြထားတဲ့ ကမ္ဘာကျော်အနုပညာသမိုင်းစာအုပ်မှ မိတ်ဆက်ဖြစ်ပါတယ်။
ပို့စ်များကိုလွတ်လပ်စွာ ရှယ်နိုင်ပါတယ်။
(သင်ယူလေ့လာပန်းချီအနုပညာပေ့ချ်)

No comments:

Post a Comment