ပန်းချီရေးဆွဲရာတွင် လိုက်နာသိထားသင့်
သည့်အချက်များ။
(1) မိမိပန်းချီကား လက်မှတ်ရေးထိုးရာ
တွင်ပန်းချီကား၏ ညာဘက်ထောင့်တွင်
သာလက်မှတ်ထိုးထားသင့်၏
ပန်းချီကားဘယ်ဘက်တွင်လက်မှတ်
ရေးထိုးမိပါက မိမိပန်းချီကားကိုအလေး
အနက်မထားရာကျ၏တဲ့ တခါတလေ ပန်း
ချီကားကိုအထောက်အပံ့အနေနဲ့သာပညာ
ရှင်က ထိုးမိတတ်လေသည်။
လက်မှတ်ရေးထိုးရာ၌လည်း တခြား
နာမည်ကြီးတစ်ယောက်၏ဆင်တူရိုးမှား
လက်မှတ်မျိုးကိုလိုက်တုမထိုးမိစေရန်အထူးသတိပြုဘို့လိုက်နာရပါမည်။
(2) မိမိရေးဆွဲနေသောပန်းချီကားကို
မျက်စိ အနည်းငယ်မှေးကြည့်ပါတဲ့။
အလင်း အမှောင် ကာလာ အနေအထား တွေကို tone အနုအရင့် အနေနဲ့ အလျော့ အတင်းလိုအပ်ချက်တွေ
ကွဲပြားစွာ သိနိူင်သလို အနီး အဝေးပုံရိပ်
ပေါ်နိူင်မူလည်းတွေ့နိူင်ပါမည်။
(3) မိမိရေးဆွဲနေသောပန်းချီကားကို
အဆုံးသတ်ကာနီးလာရင် ပန်းချီကားကို
ဇောက်ထိုး ထားကြည့်ပါတဲ့ အဲ့လိုထား
ကြည့်မိတဲ့အခါ လူပုံ အဆောက်အဦပုံတွေ
ဆိုရင် အခြေခံလိုင်း မနိူင်နင်းရင် ရွဲ့စောင်း
နေတာသိသာပါသည်။ဥပမာ မျက်လုံး
ဘယ်ညာ နှစါဖက်အနိမ့် အမြင့်မတူ နှာခေါင်း ဘယ် ညာနှစ်ပေါက် လွဲနေတာ
အဆောက် အဦ တွေ ထိပ်ပိုင်းကားနေတာ
တွေ တွေ့မြင်နိူင်ပါသည်။
(4) ပန်းချီကားလက်မှတ်မထိုးခင်
မိမိပန်းချီကားပုံရိပ်ကို မှန်မှတဆင့်ထပ်မံ
ကြည့်ရှုပါတဲ့ မှန်ပုံရိပ်ထဲတွင် ပန်းချီကား
၏အမှားများစွာကိုတွေ့နိူင်ပါသည်။အထူး
သဖြင့်လူပုံ များ၏ အချိုးအစား အနေ
အထား လွဲနေမှုများကိုမှန်မှတဆင့်တွေ့နိူင်
ပါသည်။
(5) မိမိပန်းချီကားကို အခန်းတွင်း
အလင်းရောင်အနည်းဆုံးနေရာနှင့် သဘာ
ဝနေ အလင်းရောင်နားတို့၌ပြောင်းလဲ
ကြည့်ပေးပါတဲ့ ကာလာ အသွေးအရောင်
အနုအရင့် လို တိုး ပို လျော့တွေ တွေ့လာ
နိူင်ပါမည်။
(6) နောက်ဆုံးအချက်ကတော့ ရေး
ဆွဲပြီးဆုံးသွားတဲ့ပန်းချီကားကို မှောက်ထား
သို့မဟုတ် ပိတ်အဝတ်တို့ဖြင့် ဖုံးကာထား
ပါတဲ့ နှစ်ရက်လောက်အနားယူ အိပ်ရေး
ဝဝအိပ်ပြီး ပန်းချီကားကို ပြန်လည်ကြည့်
ရှုသောအခါ အသေးစားလိုအပ်ချက်လေး
တွေထပ်မံတွေ့လိမ့်မည်။
အသေးစားလိုအပ်ချက်လေးတွေ
ပြုပြင်ပြီးသွားရင် လက်မှတ်ထိုးတာ လုပ်
လို့ရပါပီ။ပြီးရင် နောက်ထပ် ထပ်ရေး
ဆွဲစရာမလိုအပ်လောက်အောင်အလွန်
လက်ရာမြောက်တဲ့ပန်းချီကား အမှား
အယွင်းနဲတဲ့ပန်းချီကားတစ်ချပ် ဖန်တီး
နိူင်ပါမည်။
တစ်ချိန်က ရေခဲဆိုင် ရန်ကုန်ပန်းချီ
ပန်းပုကျောင်းအုပ်ကြီးဟောင်း ကွယ်လွန်
သူဆရာကြီးဦးအမ်တင်အေး၏ ပထမနှစ်
ပန်းချီကျောင်းသားတွေကို ဆုံးမသင်ကြား
ပို့ချျချက်ပါ။
Crd: Artist Hla Tun
No comments:
Post a Comment