...........................
စေဇာန်းရဲ့ ကုဗဝါဒဟန် ရေးချက်တွေက ခေတ်ကိုရိုက်ခတ်သလို သဘောတရားရေးရာနဲ့ဝေဖန်ရေးဆရာတွေ ရဲ့ အနုပညာအပေါ် ပိုင်းခြားစိတ်ဖြာမှုအမြင်တွေကိုလည်း တစ်နည်းတဖုံ ပြောင်းလဲသွားစေခဲ့တယ်။ ပန်းချီ သမားတွေအချင်းချင်းမှာလည်း စေဇာန်းရဲ့ ပိုင်းစိတ်ဟန်ဟာ လှုပ်လှုပ်ရှားရှားဖြစ်စေခဲ့တယ်။ ဒီအထဲမှာ ပန်းချီ လောကရဲ့ ရေပေါ်ဆီ အတုယောင်တွေကို စိတ်ကုန်နေကြတဲ့ လူဆိုး (လူတော်)နှစ်ဦးဖြစ်တဲ့ ဗင်းဆင့် နဲ့ ဂေါ်ဂင် တို့ အပေါ်ကိုလည်း များစွာလွှမ်းမိုးလာတော့တယ်။ အဲဒီအချိန်က ပေါလ် ဂေါ်ဂင်ဟာ အောင်မြင်တဲ့ စီးပွားရေးအလုပ်ကို ကျောခိုင်းပြီး ပန်းချီလောကထဲ ခြေစုံပစ်ဝင်လာခဲ့သူ၊ ဗန်ဂိုးကတော့ သူ့ပန်းချီအနုပညာနဲ့ လူမှု ရေးအခက်ခဲတွေကြားမှာ စိတ်နှလုံးဖေါက်ပြန် ရှုပ်ထွေးစပြုနေတဲ့ ကာလ။ သူတို့ နှစ်ဦး ဆုံတွေပူးပေါင်းမိလာပြီး တစ်အိမ်ထဲမှာအတူနေရင်း သူတို့ရဲ့ အနုပညာဘဝတွေကို ရူးရူးမူးမူးဖြတ်သန်းနေကြတယ်။ ၁၈၈၈ ခုနှစ် နောက် ပိုင်းမှာ ပါရီကို အတူတကွရောက်ရှိလာကြပြီး သတင်းကိုးပတ်လောက်အတူနေခဲ့ကြတယ်။ အလွန် ရင်းနှီးကြ သလို ဒီကာလလေးမှာ ပြသနာပေါင်းစုံတွေဖြစ်ခဲ့တယ်။
ဒီလိုပြသနာတွေကြားမှာပဲ ဗန်ဂိုးဟာလည်း သူ့ရဲ့နာမည်ကျော်နေကြပန်းတွေနဲ့ အဝါရောင်အခန်းလို ပန်းချီ ကားတွေ ရေးခဲ့တယ်။ သူတို့နှစ်ဦးဟာ အရာရာမှာ မတူညီကြဘူး၊ ဒါပေမယ့် တစ်ဦးရဲ့အနုပညာနဲ့ခံစားမှုကို တစ်ဦးက အလွန်လေးစားတယ်။ ဂေါ်ဂင်ရဲ့ လက်ရာတွေကို လေးနက်တဲ့ ကဗျာဆန်မှုလို့ ဗန်ဂိုးက တင်စားချီကျုး သလို၊ ဗန်ဂိုးရဲ့ ပန်းချီ တွေ ကိုတော့ ဂေါ်ဂင်က အနုပညာကို စိတ်ခံစားမှုပြင်း ပြင်းနဲ့ ချည်းကပ်ခြင်းလို့ဆိုပြီး အားကျနှစ်ခြိုက်တယ်။ သူ့ရဲ့ အစောပိုင်း စိတ်ဓာတ်ကျမှုတွေ ကုန်လွန်ခဲ့ချိန် ပါရီရဲ့ အပျော်ပါးတွေ တောက်ပလင်းလက်မှုတွေထဲမှာ ရူးမိုက်ပျော်ပါးယင်း ]လောကကြီးအကြောင်း ကို ကြောက်ဖို့ ကောင်းလောက် အောင် ငါနားလည်ခဲ့ပြီ}လို့ သူ့ရဲ့ ညီ သီအိုဆီကို စာရေးခဲ့တဲ့ ကာလ ပါပဲ။ ဂေါ်ဂင်နဲ့ အတူနေခဲ့တဲ့ အိမ် လေးကို အဝါရောင်အိမ်လေးလို့အမည်ပေးပြီး ပန်းချီရေးဆွဲခဲ့ တာဟာ အထူးထင်ရှားပါတယ်။
Image: ဗန်ဂိုး ၊ ၁၈၉၀၊ ပုံနှိပ် လက်ရာ }ဒေါက်တာ ဂါးချက်}ရဲ့ ပုံတူ
ဗင်းဆင့် ဗန်ဂိုးဟာ သူ့အရင် ဒတ်ချ်ပန်းချီဆရာ မီလေးရဲ့ လယ်သမားတွေဟန်ကိုယူပြီး သူ့အနီးနားက သာမန် ဆင်းရဲသားတွေရဲ့ ဘဝကို သူကိုယ်တိုင်ကြေကွဲဝမ်းနဲရမှုတွေနဲ့ရောပြီး ရေးဆွဲခဲ့တယ်။ ဘယ်လိုအကြောင်းအ ရာဟန်ပန်ကိုပဲကြည့်ကြည့် သူ့လူပုံတွေဟာ ထိခိုက်ခံစားနေရတဲ့ လူသားရဲ့ဝေဒနာကို ပေါ်လွင်လှတယ်။ နောက်ပြီးသူ့ရေးဆွဲပုံတွေမှာ စေဇာန်းစတင်ပြောင်းလဲခဲ့တဲ့ မျဉ်းတိုမျဉ်းပြတ်ကလေးတွေနဲ့ မျက်နှာပြင် ပိုင်းစိတ် ရေးဟန်ကို ဝေ့ဝဲနေတဲ့ သူ့ကိုယ်ပိုင်ဟန်အဖြစ် ပြောင်းလဲရယူနိုင်ခဲ့တယ်။
Image2: ဗန်ဂိုး ၊ ဆေးရုံဝင်းထဲက ရေပန်း ၊ ၁၈၈၉၊ မင်ကလောင်၊
၁၈၈၉၊ ၁၈ _၁၇ လက္မ၊ ....
....]ငါ့ဘဝမှာ စိတ်မချရတဲ့
စွန့်စားမှုတွေနဲ့လုပ်နေရတယ်၊
ဘာလို့လဲဆိုတော့
ငါ့ အကြောင်းပြချက်က
ပျောက်ဆုံးနေလို့ပဲ}....။
ဗင်းဆင့် ရဲ့ကောက်ကြောင်းတွေနဲ့ ပန်းချီလက်ရာတွေမှာ ထူးခြားတဲ့အချက်က လိုက်ဖက်ညီအလှဲက အ ပြောင်း ရစ်သမ်မျဉ်းလိုင်းတွေကို စိတ်ဆန္ဒပြင်းပြစွာ ထိထိမိမိ ပုံဖေါ်နိုင်ခြင်းပါပဲ။ အရာဝတ္ထုအသီးသီးက မျက်နှာပြင် အသားသဘောနဲ့ မျက်နှာပြင်အနိမ့်အမြင့်တွေမှာ ကောင်းကင်ကတိမ်တွေမြောလွင့်ဝဲနေတဲ့ လားရာဖက်ဆီသွားနေကြတဲ့ မီးခိုးငွေတွေလို၊ လူပုံတွေကမျက်နှာကြွက်သားတွေနဲ့ အဝတ်စားတွေမှာလို မီး အပူကြောင့်ပျော်ကျနေတဲ့ ဖယောင်းရုပ်ထုတွေအလား ထင်ရပါတယ်။ ဒါ့အပြင် မြင်ရသမျှ အရာတွေကနေ အသားသဘော မာမှုပျော့မှု မှိန်မှု ပြောင်လက်မှုတွေအပြင် သစ်ပင်သစ်ခေါက်အကွက်တွေဟာ ရှင်နေတဲ့အပင်ရဲ့ တိုးထွက်နေမှုတွေပါဝင်နေတယ်။ အခုပြထားတဲ့ ဆိုက်ပရပ်ပင်ဟာဆိုရင် သူ့ရဲ့စိတ်ကြိုက် ရေးစရာဖြစ်ခဲ့သလို အိမ်ခေါင်မိုးလေးတွေ ပျော့ကျ ရွဲ့စောင်းနေတာ၊ ရွာလမ်းလေးတွေ ကွေ့ကောက်ရှည်လျှား နေတာတွေဟာ အပင်ကြီးရဲ့ အရွက်တွေဖွာလန်နေတဲ့ ရေးချက်မျဉ်းတွေနဲ့ လိုက်ဖက် ထပ်တူကျနေပါတယ်။ ဒီ ကောက် ကြောင်းလေးဟာ ခဲနဲ့မင် ကိုသုံးထားပြီး တလျှံညီးညီး မီးတောက်ကြီးတစ်ခုအလယး ကောင်းကင်ဆီတိုးထွက် လွှင့်ပျံနေကြပါတယ်။
(ပေါလ်ဂေါ်ဂင် ရဲ့အကြောင်း နောက်တစ်ပတ် ပို့စ်ကိုစောင့်ပါ..)။
Image 3: ဂေါ်ဂင်၊ မရဏ ဝိညာဉ်၏ စောင့်ကြည့်ခြင်း၊ ၁၈၉၄၊ လစ်သိုဂရပ် ပုံနှိပ်၊ ၁၀ _၇ လက္မ၊ မိုမာ အနုပညာပြတိုက်၊ နယူးယော့ခ်။
ဂျွန် ဒီ ရော့ခ် ဖဲလား (ဂျူနီယာ)လှူဒါန်းသည်။
...................
No comments:
Post a Comment