Pages

ပီခါဆို၏ မိန်းမများ (လီ ဒယ်မွန်ဇဲ ဒ အာဗီညွန်) …………………..


ကပ်ကြည့်တော့ ဒီလိုမြင်ရတယ်။ စပိန်ပန်းချီဆရာ ပါဘလို ပီခါဆို ၁၉၀၇ မှာရေးတယ်။ ၈ ပေမြင့်ပီး ၇ ပေ၈လမ အကျယ်။ ပီခါဆို လူငယ်ပန်းချီဆရာအရွယ်မှာ သူနေတဲ့ ဘာစီလိုနာ အာဗီညွန်လမ်းက အမျိူးသမီးတွေဖြစ်တယ်။ ဆောင်ကြာမြိုင်ရဲ့ မြင်ကွင်းတခုပေါ့။
ဒီလက်ရာမှာ မျဉ်းကြောင်းခပ်သန်းသန်းတွေနဲ့ အရောင်ပြင်အပြားချပ်ရုပ်ပုံတွေဟာ..ပန်းချီလက်ရာတစ်ခုထက် ပန်းပုအဖြစ်ထုတည်ဖေါ်တဲ့..ဂျီအိုမက်ထရစ် ထုတည်ပြမျဉ်းတွေကို ရေးနေကျပုံစံထဲ စတင်စမ်းသိပ်လိုက်တာပါ။ ဒါကိုအစွဲပြုလို့ ကျုဗစ်ဇင်လို့စတင်ခေါ်ကြတာပါ။
ဒီလိုရပ်နေကြတဲ့ မိန်းမတွေကိုရေးထားတာမှာ…ကြည့်နေသူရဲ့နေရာအလိုက် လူတဦးချင်းစီဟာ ကွဲထွက်ရပ်နေသလို ရှေ့နောက်ထွက်ပေါ်မှုကိုရစေတယ်။ မျက်စိမြင်နိုင်သလောက်တင်မက ဉာဏ်ရည်နဲ့ပါမြင်ရပုံမျိုးဖြစ်တယ်။ ဒါဟာသူစမ်းသပ်တဲ့အဓိကအရသာတစ်ခုပဲ။
ပန်းချီပညာဟာအပြားချပ်ပေါ်မှာ ၂ ဖက်မြင် ရုပ်လုံးကြအောင်ရေးရတာပဲ။ ရေးနိုင်သလောက်အမြင်သဘာဝကိုတူမယ်ပေါ့။ အခုလက်ရာကတော့…ဒီလိုရှိပြီးအရသာပေါ်လွင်မှုတွေကနေခွဲထွက်လိုက်တဲ့ နောက်ထပ်ရရှိမှုတခုပဲဖြစ်တယ်။ ပြောရရင် တကယ့်လက်တွေ့သဘာဝကို ဘယ်လိုတူအောင်လုပ်နိုင်သေးလဲဆိုတာပဲ။ မျက်စိမြင်ရတဲ့ပုံလောက်တင်မဟုတ်ပဲ တကယ်အရှိထုထည်ရုပ်ကို အရယူတာပဲဖြစ်တယ်။ ဒါဟာကျူဗစ်ဇင်ရဲ့ ကနဦးအစအောင်မြင်မှုပဲ။
ပန်းချီကားက ဝစ်လစ်စလစ်မိန်မငါးယောက်စုရပ်တယ်။ ပန်းနုရောင်သန်းအုပ်စုတူအရောင်တွေ။ အညို အပြာနဲ့အဖြူရောင်လိုက်ကာနောက်ခံနဲ့။ လူရုပ်တွေက အတော်ခပ်ပြားပြားဖြစ်တယ်...သဘာဝလူသဏန်နဲ့ယှဉ်ရင် အတော်ထင်ယောင်မှားစရာအမြင်ဖြစ်မယ်။ လူပုံတွေကိုကြည့်တဲ့အခါ...ဘယ်ဘက်ဆံးမိန်းမကနေစကြည့်ရင် မတ်တပ်ရပ်နေတယ်လက်ကနောက်ပစ်လို့ အညိုရောင်လိုက်ကာကိုဖယ်နေတယ်။ သူ့မျက်နှာကညာဘက်ကိုကြည့်နေတယ်။ ဆံပင်နက်တွေက နောက်မှာပျံ့ကျဲချထား။ ကိုယ်ခနာထက်စာရင်မျက်နှာကအရောင်ရင့်နေတာ အရိပ်ထဲကျလို့လား။ မျက်နှာခံစားမှုပိုပြချင်လို့လား။ ညာဖက်မျက်စိက အနက်ရောင်နဲ့ခပ်မဲမဲရေးထားပီဒ..မျက်ဆံကရှေ့တည့်တည့်ကိုကြည့်နေတယ်။ သူ့ရင်သားကတော့ လေးထောင့်ပုံစံ ရှေ့ကိုစောင်းထွက်ထားတာ။ သူ့ရဲ့ဘေးက့ဘေးက ပန်းချီကားရဲ့အလည်တဲ့တဲ့နေရာကမိန်းမ၂ယောက်ကတော့ ရှေ့တည့်တည့်ကိုစြူးစိုက်ကည့်နေတယ်။
မျက်လုံးတွေကို မဲမဲနဲ့ထင်ထင်ရှားရှားပြူးနေအောင်ဆွဲတယ်။ သူတို့လက်တွေကနောက်ကိုမြှောက်ထားပြီး ဟန်အမူရာကိုပြတယ်။ ရှေ့ကမိန်းမရဲ့လက်က အပြာရောင်အဝတ်စဆွဲလျှက်။ ပါးစပ်တွေကိုတော့ မျဉ်းဖြောင့်လေးနဲ့ပဲရေးတယ်။ သူတို့ရင်သားတွေကိုတော့ စက်ဝိုင်းခြမ်းသဏန်နဲ့ဆွဲတယ်။ သူတို့နှခေါင်းတွေကတော့အတော်ကြီးပီးရှည်ကြတယ်။ကျန်တဲ့ ညာစွန်ကမိန်းမ၂ယောက်မှာတော့ အာဖရိကမျက်နှာဖုံးတွေလိုမျက်နှာတွေရှိကြတယ်။ ရှေ့ကထိုင်နေတဲ့မိန်းမက လက်တဖက်ကတတောင်ဆစ်ကွေးပြီးခြေတဖက်ကွေးထားလား ပေါင်ကားထိုင်တာမျိုးလားထင်ရတယ်။ သူ့လက်မှာ ဘူမရိန်း လက်နှက်လား ကိုင်ထားတယ်။ မိန်းမနဲ့တူတာကတော့ ခါးလေးသိမ်ထားတာပဲရှိပီး ခနာကိုယ်က အပြားချပ်လို ဖလက်ရောင်ပြင်ပဲ။ မျက်နှာတွေက ခပ်ကြမ်းကြမ်းရေးချက်နဲ့ ထုထည်ထွက်နေတဲ့သဘောအောက်လိုင်းနဲ့ဖေါ်တယ်။ မျက်လုံးတဖက်က အဖြူရောင်နဲ့ တခြားတဖက်ကတော့ အပြာရေင်ဆွဲတယ်။ မျက်ဆံတွေက တခြားမိန်းမတွေလိုမကြီးပဲ အစက်ကလေးပဲ။
ငါးယောက်မြောက်မိန်းမကတော့ ခပ်စင်းစင်းလေးရပ်နေတယ်  သူ့နောက်ကလိုက်ကာအပြာရင့်ကြောင့် သူ့ကိုယ်လုံးပိုပေါ်တယ်။ ကောက်ကြောင်းကို မျဉ်းဖြောင့်တွေနဲ့ချည်းရေးလို့ အရိပ်တွေပါအပြားချပ်လိုပြတ်သားကျနေတယ်။ သူမျက်နှာကလည်းထိုင်နေသူနဲ့ဆင်ဆင်ပါပဲ။
သူတို့ရှေ့ပန်းချီကားအလယ်နားမှာ စတေလိုက်ပန်းချီလို စပျစ်သီး ပန်းသီး ဖရဲသီးတွေချထားတယ်။
.................
ဒါဟာပြတိုက်က ရှင်းပြတဲ့လက်ရာအလိုက် ရှင်းလင်ချက်တွေပါပဲ။ အပေါ်ပိုက်က အနုပညာချဉ်းကပ်မှု အထောက်ကူပြုဖြစ်ပြီး အောက်ကစာပိုဒ်က ကျောင်းသားသုံးပညာရေးရှင်းလင်ချက်ဖြစ်ပါတယ်။
Aung Myat Htay
27 Sept 2014,
@MoMA, New York, NY


 

No comments:

Post a Comment