Pages

မော်ဒန်ပန်းချီအခြေခံမိတ်ဆက်(၈)


မီနီမယ်လစ်ဇင် (အနဲဆုံးဝါဒအနုပညာ)
အနည်းဆုံးဝါဒအနုပညာဆိုတာ ဘာလဲ.....
လူငယ်လူရွယ်မျာကို ဦးတည်ပြီးရှင်းပြထားတဲ့ မိနစ်ဝက်အတွင်း အနုပညာသမိုင်းအပေါ်နားလည်ခြင်းစာအုပ်ကိုပြန်ဆိုထားတဲ့စာအုပ်မှ မီငြမ်းတင်ပြပါတယ်။
စက္ကန့် (၃၀) အတွင်းရှင်းပြချက်....။
မီနီမယ်လစ်ဇင်ဆိုတဲ့အသုံးနှုန်းဟာ ယခင်ကရှိခဲ့ဖူးပေမယ့် ၁၉၆၀ နဲ့ ၁၉၇၀ ခုနှစ်တွေကစလို့ ပန်းချီအနုပညာပုံစံသစ်တစ်ခုအနေနဲ့ ပြန်လည်ထင်ရှားလာခဲ့ပါတယ်။ အမေရိကန်နိုင်ငံ နယူးယောက်မှာ စတင်ခဲ့ပြီး ယနေ့ခေတ်၂၁ ရာစုအထိဆက်လက်ဖန်တီးနေကြဆဲ အနုပ ညာပုံစံတစ်ခုဖြစ်ပါတယ်။ တိကျသေချာမှု၊ စနစ်ကျမှု၊ ဘက်ညီချိန်ဆခြင်းနဲ့ တည်ငြိမ်မှုတို့ ကိုအဓိကအာရုံစိုက်ပါတယ်၊ မီနီမယ်လစ်ဇင်ဟာ ယခင်ကဒြပ်မဲ့ခံစားမှုဖေါ်ထုတ်ခြင်း ပုံစံတွေ လို ရှုပ်ထွေးမှုတွေအရောင်စုံတွေနဲ့တော့ လုံးဝဆန့်ကျင်နေပါတယ်။
ပန်းချီဆေးရောင်တွေမသုံးပဲ စက်ရုံထုတ်အသုံးဆောင်တွေလို သစ်သားပုံး၊ အိမ်ဆောက် အုတ်ခဲ၊ သတ္ထုပစ္စည်းနဲ့ မီးချောင်းတွေ စသဖြင့်သုံးပြီးဖန်တီးကြတယ်။ ဂျီသြမေတြီ(သချင်္ာ) ဆန်တဲ့ အတိုင်းအထွာညီပုံစံတွေ ရိုးရှင်းတဲ့ ၃ဖက်မြင်ထုထည်တွေကို အများအားဖြင့် တည်ဆောက်ယူကြတယ်။ အကြောင်းရာပိုင်းပါဝင်ဖေါ်ပြချက်တေါ လုံးဝနီးပါးကင်းရှင်းပြီး ပုံစံညီဘလောက်တုံးလေးတွေစီထားတာမျိုးပဲဖန်တီးကြတယ်။ သူတို့ဟာ အသုံးပြုအရာ ဝတ္ထုရယ်၊ ရရှိတဲ့ တိတိကျကျပုံသဏ္ဍန်တစ်ခုရယ်ကိုပဲ သူတိ့ုအနုပညာအနေနဲ့ပြတယ်။
မီနီမယ်လစ်အနုပညာလက်ရာတွေက အရွယ်အစားကြီးမားတာတွေများတယ်၊ ရိုးရိုးရှင်းရှင်း နဲ့ပြလေ့ရှိပြီး ဒီလိုအရွယ်အစားကြီးတာတွေဟာ ပြသတဲ့အခန်းနေရာနဲ့ပါ နှိုင်းယှဉ်ကြည့်စေ ချင်တဲ့ရည်ရွယ်ချက်မျိုးဖြစ်တယ်။ ပြတဲ့နေရာ အခန်း အနေအထားဟာ အနုပညာလက်ရာရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်လာတာပေါ့။ ထင်ရှားတဲ့ မီနီမယ်အနုပညာရှင် Donald Judd ဒေါ်နယ် ဂျဒ်အပါဝင် မီနီမယ်လစ်တွေဟာ စက်နဲ့ပြုလုပ်တဲ့အရာဝတ္ထုတွေကိုအနုပညာဖန်တီးဖို့ သုံး ကြတယ်၊ ကိုယ်တိုင်လက်နဲ့ဖန်တီးတဲ့ခံစားမှုအသားပေးခြင်းကနေလွတ်မြောက်ဖို့ပေါ့။ Carl Andre ကားလ်အန်ဒရေ ဆိုရင်လည်း အုတ်ခဲတုံးတွေကို ညီညီညာညာစီတန်းချပြတယ်၊ ကြည့်သူကို ပုံမှန်စီစဉ်ထားတဲ့ အရာဝထ္ထုနဲ့ပုံသဏ္ဍန်အပေါ်ကို စဉ်းစားမိစေဖို့ပေါ့။
၃ စက္ကန့် အတို နားလည်ဖို့ကတော့.....
မီနီမယ်လစ်ဇင် အနုပညာက နေ့စဉ်ဘဝမှာ သုံးတဲ့ရိုးရှင်းတဲ့ သာမန် အသုံးဆောင်တွေ၊ စက် ရုံထုတ်ပစ္စည်းတွေနဲ့ ရိုးရိုးရှင်းဒီဇိုင်းပုံစံတွေတည်ဆောက်ပြခြင်းပါ။
ကိုယ်တိုင်စမ်းကြည်ချင်တယ်ဆိုရင်.........
ကစားစရာ အတုံးဆက် သို့မဟုတ် ကတ်ထူသေတ္တာ ပုံးတွေနဲ့ ဖန်တီးကြည့်ပါ။
မီနီမယ်လစ်ပုံစံ ကိုယ်ပိုင်နေရာချမှုဒီဇိုင်းအထားအသိုတစ်ခုကို ပုံကြမ်းရေးပြီး ညီညာစွာ ထပ်ကျော့နေရာချခြင်း ပက်တမ်သဘောကိုသုံးပါ။ ရိုးရှင်းသော နေရာချခြင်းပုံစံဖြင့် မိမိစိတ်ကြိုက် ကွက်လပ်နေရာလွတ်အကွားအဝေးများကို ပြောင်းလဲနေရာချနိုင်သည်။ ကိုယ်ပိုင်ဖန်တီးသည့် မီနီမယ်အနုပညာပုံစံ ဒီဇိုင်း တပ်ဆင်မှုတစ်ခုရရှိလာပါလိမ့်မည်။
Photo: Credit Google search, Carl Andre, Donald Judd & Sole Lewitt.

No comments:

Post a Comment