Pages

ေမော်ဒန်ပန်းချီအခြေခံမိတ်ဆက်(၇) ပေါ့ပ်အတ်


မော်ဒန်ပန်းချီရေစီးကြောင်းမှာ တဖြည့်းဖြည်းပြောင်းလဲစီးဆင်းလာတဲ့ ပန်းချီဝါဒ(အတွေးခေါ်)များကို လေ့လာကြရာမှာ... ခံစားမှုဖွင့်ထုတ်ခြင်းပန်းချီပြီးနောက် ေရာက္လာာတာက ပေါ့ပ်အတ်ဖြစ်ပါတယ်။ ခေတ်ပြိုင်အနုပညာအခြေနေတွေကို မရောက်ခင်မှာ ပေါ့ပ်အတ်ပြီးရင် မီနီမယ်လစ်ဇင်ကို ဆက်ပြီးလေ့လာမှာဖြစ်ပါတယ်။
အခုပေါ့ပ်အတ်အကြောင်း ရှင်းလင်းချက်ကိုလေ့လာကြည့်ပါ။ ..................................................................................
စက္ကန့် (၃၀) ရှင်းလင်းချက်....
ပေါ့ပ်အတ် ဆိုတာပျော်ရွှင်ဖွယ်ကောင်းတဲ့အနုပညာလှုပ်ရှားမှုတစ်ခုလို့ပြောနိုင်တယ်။ ၁၉၅၀ မှာလန်ဒန်မှာစတင်ခဲ့ပြီး နယူးယောက်ကို ၁၉၆၀ ဝန်းကျင်မှာပျံနှံခဲ့တယ်။ ပေါ့ပ်ပန်းချီသမား တွေဟာ အနုပညာလောကရဲ့ ဇီဇာကြောင်၊ ဟိတ်ဟန်ထုတ်၊ ဘဝင်တွေကိုင်ပြီး ဆရာလုပ် နေတာတွေကို စိတ်ကုန်ခဲ့ကြသတဲ့၊ အထူးသဖြင့် ဒြပ်မဲ့ခံစားမှု Ab-Ex အနုပညာလောကရဲ့ တသွေးတမွေးလုပ်နေမှုတွေပေါ့။ ဒါကြောင့်အများသူငှာလူတိုင်းခံစားနားလည်နိုင်မယ့် အနုပညာမျိုး သူတိ့ုလုပ်ချင်လာကြတယ်။ ဒီလိုနဲ့ နေ့စဉ်ဘဝမှာတွေ့ရတဲ့ ထုတ်ကုန်ဘူးခွံ တွေ၊ စွပ်ပြုပ်သံဘူးတွေ၊ တံဆိပ်တွေ၊ ရုပ်ပြကောမစ်ပုံတွေနဲ့ နာမည်ကျော်တဲ့ မင်းသမီး၊ နိုင်ငံရေးသမားပုံတွေကို အနုပညာဖန်တီးဖိ့ုအသုံးချခဲ့ကြတယ်။
ပေါ့ပ်ပန်းချီဖန်တီးသူတွေဟာ အနုပညာမှာတစ်ခါမှအသုံးမချဖူးတဲ့ ပစ္စည်းတွေ၊ နည်းလမ်း တက္ကနိတွေကို သုံးပြီးဖန်တီးကြတယ်။ ဗြိတိသျှအနုပညာရှင် ရစ်ချပ်ဟမ်မီတန် Hamilton ဆိုရင် မဂ္ဂဇင်းကဓာတ်ပုံတွေကိဖြတ်ညှပ်ပြီး အိမ်နံရံတွေမှာ ကော်လာ့ချ် ပန်းချီလိုစီပြီးကပ် တယ်။ အမေရိကန်က Andy Warhol အင်ဒီဝါးဟိုးကလည်း အရောင်ပလိမ်းတွေနဲ့ကြော်ငြာ ထုတ်ကုန်ပစ္စည်းတွေစီပြသလို ကောမစ်ပုံတွေ၊ သံဘူးခွံတွေ၊ လူသိများတဲ့ပုံတွေကို ကူးပြီး ဖန်တီးတယ်။ သူ့လက်ရာတွေဟာ စူပါမာကတ်မှာတွေ့ရတဲ့ စက်ရုံထုတ်ပုံစံတူကုန်ပစ္စည်း ဒီဇိုင်းတွေကို သတိရစေတယ်။
ခေတ်သစ်ကမ္ဘာကိုထင်ဟပ်ကြပေမယ့် ပေါ့ပ်အားတစ်တွေဟာတစ်ဦးနဲ့တစ်ဦးနည်းလမ်းမတူ ကြဘူး။ အင်ဒီဝါးဟိုးက ဆပ်ပြာဘူးခွံတွေ၊ စွတ်ပြုပ်ဘူးခွံပုံတွေ၊ လူသိများတဲ့တံဆိပ်တွေကို ပန်းချီပြန်ရေးတယ်၊ Claes Oldenburg အိုဒန်ဘာ့ခ်ကတော့ ဟမ်ဘာဂါ၊ ရေခဲမုန့်ပုံတွေကို ပြောင်လက်လက်ပန်းပုရုပ်တွေထုလုပ်ပြတယ်။ Roy Lichtenstein ဆိုရင် ရုပ်ပြစာအုပ်ကပုံ မျိုး ပုံနှိပ်အစက်လေးတွေအထိ ပန်းချီကားလိုပြန်ရေးတယ်၊ လူတွေက ဒီလိုအရောင်စုံ သာ မန်ပုံတွေကိုနှစ်ခြိုက်ကြတယ်၊ အနုပညာအကြောင်းသိသိမသိသိအရေးမကြီးတော့ဘူးပေါ့။
.........................................................
၃ စက္ကန့် အတိုချုပ်
ပေါ့ပ်အတ် ဆိုတာ နေ့စဉ်ဘဝမှာအားလုံး မြင်ဖူးတွေ့ဖူးတဲ့ ကုန် ပစ္စည်းဒီဇိုင်း၊တံဆိပ် တွေ၊ ကောမစ်ပုံတွေ၊ လူပုံတွေပါဝင်ပြီး မော်ဒန် ခေတ်နဲ့ချိတ်ဆက်တယ်။
..................................................................
မိမိကိုယ်တိုင် ပေါ့ပ်အတ်တစ်ခုစမ်းသပ်ကြည့်ချင်ရင်တော့.....
အစားသောက်တစ်ခုရဲ့ ဘူးခွံဒီဇိုင်းတစ်ခုဖန်တီးပါ။ ချောကလက်ထုတ်၊ မြေပဲဘူး၊ ကွေကာထုတ်ဒီဇိုင်း စသဖြင့်၊ ခဲတံဖြင့်ညီညာသပ်ယပ်စွာဒီဇိုင်းပုံဆွဲပြီး ပုံကူးစက် ဖြင့်စပန်ဖတ်ပါ၊ ပြီးလျှင်၄င်းဒီဇိုင်းကောက်ကြောင်းကို A5 အရွယ်ပုံ ၄ခုထုတ်ပါ။ A3 စာရွက်ပေါ်တွင် ၄င်းပုံ ၄ ပုံကို စီရီညီညာစွာကပ်ပါ။ ၄ ပုံအထက်အောက်စီပါ မတူသော အရောင်အထားအသိုဖြင့် ပုံ၄ပုံကိုဆေးခြယ်ပါ၊ တောက်ပသည့်ဆေး အရောင်ဖြင့် ပုံတစ်ခုစီကွဲပြားထင်ရှားအောင်ချယ်ပါ။

No comments:

Post a Comment