Pages

ဆီဆေးပန်းချီ

 

ဝါသနာရှင်များအတွက် မိမိအိမ်မှာပင် လေ့ကျင့်ရေးဆွဲနိုင်ရန် ပုံဆွဲအခြေခံစနစ်များအပါအဝင်ဆီဆေးပန်းချီနည်းစနစ်များကို ဝေမျှလိုက်ပါသည်။ အဆင်ပြေသလို အသုံးချလေ့ကျင်နိုင်ကြပါသည်။ ကျမ်းမာပျော်ရွှင်ပါစေ။
...........
ဆီဆေး ပန်းချီ ပညာသည် ကြွယ်ဝများပြားသော ရေးဟန်နည်းစံနစ်နှင့်အနှစ်သာရ အရသာအမျိုးမျိုးတို့ ကြောင့် ပန်းချီသမိုင်းတလျှောက် ပန်းချီရေးသူများအကြားတွင် အကြိုက်ဆုံးမီဒီယမ်တစ်ခု ဖြစ်နေသည်မှာ ရာစုနှစ်များစွာကထဲကဖြစ်သည်။ ဆီဆေးမီဒီယမ်သည် များစွာသော ရေးဟန်ရေးချက်များ (အသေးစိတ်အနုစိတ်ခြယ် မှုန်းရသော ရီရယ်လစ်ဇင်သရုပ်မှန်ပန်းချီမှသည်။ လွတ်လပ်မှုကို ဉီးစားပေးသော (အက်ဘ်စရက် အိတ်စ်ပရက်ရှင်) ပန်းချီ ဟန်များနှင့် ယနေ့ခေတ်ပြိုင်ပန်းချီဖန်တီးမှုအမျိုးမျိုးထိတိုင် အသုံးဝင် အဆင်ပြေနေဆဲဖြစ်သည်။
ဆီဆေးပန်းချီ၏ အားသာချက်မှာ အချိန်ယူပြီစိတ်ကြိုက်(အနုစိတ်)လက်ရာရသည်အထိ ရေးဆွဲနိုင်ခြင်းပင်ဖြစ်သည်၊ ထို့အပြင် ဆေးသား၏ ပြင်အားနှင့် နူးညံ့မှုကို အသုံးပြုပြီး မိမိလိုချင်သော အရသာပေါ်လွင်မှုကို အလွှာအထပ်ထပ်ဖုံးပြီး ချယ်မှုန်းပုံဖော်နိုင်ခြင်း ပင်ဖြစ်သည်။
ဆီဆေးသည် ဆေးသားအရောင်တောက်ပမှု ရှိသောကြောင့် ပေါ်လွင်မှုတွင်အားကောင်းသည်၊ ဆေးသားထု ထူထဲ၍ အရောင်အားလည်း ကောင်းသည်၊ အရောင်ကွဲများစွာ ရွေးချယ်သုံးစွဲ နိုင်သည်၊ မိမိစိတ်ကြိုက်အရောင် ဖွဲ္ကစည်းမှုများကို ဆေးစပ်ပြားတွင် အစ ဉ်လိုက်နေရာချနိုင်သည်၊ ဆီဆေးပန်းချီ၏ နောက်ထူးခြားချက်တစ်ခုမှာ သဘာဝအလှပကို ပြင်ပအမြင်နှင့် တစ်ထေရာတည်းတူအောင် အနုစိတ်ဖန်တီးနိုင်သလို စုတ်ချက်ကြမ်းကြမ်းနှင့် ဆေးသားထုကိုသုံး၍ စိတ်ခံစားမှုအရှိန်များကဲ့သို့ အမြင်အာရုံအသစ်များကိုလည်း ဖော်ဆောင်နိုင်ခြင်းပင်ဖြစ်သည်။
...........
(နည်းစနစ်များကို စာမျက်နှာတစ်ခုချင်းစီတွင် ကြည့်ပါ)။












No comments:

Post a Comment