Pages

ဆရာကြီး ခင်မောင်ရင်


………………………………………………………®
8.7.18
ခင်မောင်ရင်မှာ ထူးခြားတဲ့ ဝိသေသက
ဘယ်နေရာမှာ မဆိုဆရာကြီးပါပဲ။
ဗိသုကာအဖြစ်  ဘင်္ဂလားမှာဘူတာရုံ တစ်လုံး၊
မြန်မာပြည်မှာ အိမ်တစ်လုံးပဲ designလုပ်ခဲ့တယ်။
စာရေးဆရာကြီး သိန်းဖေမြင့်ရဲ့အိမ်ပါ။   
ဒီအိမ်ကို ရောက်လျင်  ဗမာ့အငွေ့အသက်
ဘမ်းစားတာခံရမယ်။
ဘာမျှလည်းမရှိပဲ ပြည့်စုံနေတဲ့ပုံစံနဲ့ ။
ဒီ အိမ်ပြီး နောက်ထပ် မဆွဲတော့ဘူး။
ခင်မောင်ရင်က  ဗိသုကာတွေရဲ့ ဆရာပါ။                            
ခင်မောင်ရင် ရိုက်တဲ့ဇာတ်ကား ၂ ကားထဲက
ပထမကား "နှမလက်လျော့ နေလေတော့" မှာ
ကားအဖွင့်က ဘီသိုဗင် ၅ ဂီတ အစအဆုံးပဲ။
နှင်းတွေကျ နေတဲ့ အင်းလျားလမ်းက
တက္ကသိုလ်ရိပ်သာအဆုံးထိချေကုန်သုတ်နေတဲ့
ပဲပြု တ်သည်ကို ကြည့်ကြရတယ်။
တမေ့တမောကြာ တေးသွားဆုံးမှ  
"ပဲပြုတ်"လို့ ထအော်လိုက်တော့ လက်ခုပ်သံ
လေချွန်သံတွေညံသွားတာပဲ။
ထူးခြားတဲ့ဝိသေသ ဟန်ကို  ပေးတဲ့သြဘာသံ။
ဒါပေမယ့်နောက်ပိုင်းမှာ
စကားမပြောတဲ့ အသံတွေရဲ့ဒဏ်
မခံနိုင်ကြပြန်တော့ ပရိတ်သတ်က
ခုံတွေရိုက်ချိုးကြလို့ ၃ ရက်နဲ့ကားလဲခဲ့ရတယ်။
ဓါတ်ပုံအယူအဆ  တွေမှာတော့ ထိပ်တန်းပါပဲ။
မွေ့ယာပေါ်က ဆံညှပ်လေးရဲ့ ရူပကအလင်္ကာဟာ
ရုပ်ရှင်မှာ ဒါရိုက်တာ ဝင်းဖေအစ၊ မောင်ဝဏ္ဏ အဆုံး
အားလုံးက ဆရာနေရာ ထားကြရတဲ့ အထိပေါ့။
ပန်းချီဆွဲရတာကို  ခင်မောင်ရင် တော်တော်
နှစ်သက်တယ်။   ခံစားတယ်။   ဖွင့်ဆိုတယ်။
ကိုယ်ကြိုက်တဲ့ အတိုင်းပေါ့။
ပိုင်ရှင်ကို တိုင်ပင်စရာ မလိုဘူးလေ။
သူ့ဝန်းကျင်ကို  တော်လှန်တဲ့ ပေါ်ဦးသက်တို့
စုစည်းမိရာက  မော်ဒန်ပန်းချီ  
အားကောင်းလာတယ်။
မန္တလေး အနုပညာ ကျောင်းအုပ်ကြီး ဦးဝင်းဖေ
အတွက် ခင်မောင်ရင်က ဥပဇ္ဈာယ်ဆရာ။
ဒီတော့ ပန်းချီနည်းဥပဒေတွေ တရားသေထားတာ
မကြိုက်တဲ့ ခင်မောင်ရင် ကဆရာကြီး မလွဲသွေပါပဲ။
တကယ့်  အသုံးချ အနုပညာတွေ
ရှိသေးတာ ပြောပါရစေ။
သူငယ်ချင်း တစ်ယောက် ကြွေးပူနေတယ်။
ခင်မောင်ရင်ကို  အကူအညီတောင်းတော့
"ကြွေးဆိုတာ ကိုယ်ဆပ်မှ ရတာ သိထား" တဲ့။
ဒီအတွေးအခေါ် ရတော့ စိတ်အေးသွားတယ်။
ကြွေးကိုလည်း ဖြေးဖြေးခြင်း
အေးအေးသက်သာ ဆပ်သွားပါတယ်။
တစ်ည ၁၀ နာရီလောက်မှာ
လမ်းဘေး ရေတိုင်က အဝတ်ကို စီးချက်မှန်မှန်
ထုလျော်တဲ့ အသံကို အိပ်နေတဲ့ ခင်မောင်ရင်
သီးမခံနိုင်အောင်ဖြစ်လာတယ်။
အဝတ်လျော်နေတဲ့ မိန်းမထံကို သွားပြီး
ဒေါသတကြီး ရပ်ဖို့ အော်တော့တာပဲ။
လမ်းကလူတွေ နိုးလာတယ်။
အလျော်မရဲ့ မောင် ဗလကြီးတွေလည်းရောက်လာ
ပြီးစကား အကြီးအကြယ် များ ကြပါရော။
ခင်မောင်ရင်က မကြောက်ပဲ စိမ်ခေါ်လိုက်တယ်။
" ဟေ့……မကြောက်လျင် ကြက်ဖခွပ်…ပြို င်မလား။
ဇယ်တောက်…… ပြိုင်မလား။
ကြိုက်ရာရွေး "ဆိုပဲ။
ဗလကြီးတွေ ခင်မောင်ရင်ကို ချော့မော့ပြီး
သူ့ အခန်းကို လိုက်ပို့ရတဲ့ အဖြစ်က……နိဂုံးပါ။
အကို လို့လည်းခေါ် ကြ ခင်သွားကြတယ်လေ။
                            ><

No comments:

Post a Comment