ပနိးချီမှာလူပုံကခက်ခဲသလိုရေဆေးနဲ့ကြည်
လင်အောင်ရေးတတ်ဘို့ကပိုပြီးလေ့ကျင့်ပေးရ
ပါတယ့်ခုဒီပို့စ်လေးကနေပန်းချီသီအိုရီနဲ့
ပြည်ပကရေဆေးဆရာတို့၏သင်ပြချက်တို့
ကိုကြားထဲကနေတင်ပေးလိုက်ပါသည်။
ဘာသာပြန်ဆရာကအမည်မခံဘဲအသုံး
ပြုခွင့်ပေးလိုက်တာပါ့ကျေးဇူးပါ့
ပေါ်(လ်)မက္ကောမက်၏သင်ပြချက်လေး
အစဉ်သဖြင့်ကျွန်တော်သည်အနုပညာဝင်စား
မှုကိုလူ၏ရုပ်သဏ္ဍာန်မှာမြင်သည့်ခံစားမှုအမှု
အရာမှရရှိတတ်သည်။စကားအပြန်အလှန်ပြော
နေကြစဉ့်သူငယ်ချင်း၏အဆတ်မပြတ်ပြောင်း
လဲနေသည့် မျက်နှာအမှုအရာ မြေအောက်ရထား
ပေါ်ကလူစိမ်းတယောက်၏ မလှုပ်မယှက် တွေ
ဝေငေးမောသောအကြည့် ကဗျာဆန်ဆန် နက်နဲ
သိမ်မွေ့သော အသွင်အပြင် စသည်ဖြင့်ပေါ့
ကျွန်တော်သည်ရေဆေး ဆီဆေးနှစ်မျိုးလုံး
ရေးဆွဲနေသော်လည်း လွန်ခဲ့သောအနှစ်နှစ်ဆယ်
က အသက်မွေးမှုလုပ်ငန်းအဖြစ် ပန်းချီကိုစတင်
ရေးဆွဲစဉ်ကမူ လူပုံများကိုရေဆေးဖြင့်ရေးဆွဲခဲ့
ပါသည်။ရေဆေးမီဒီယမ်သည် ပင်ကိုကပင် လူ့
အသားအရေ၏အလွှာကို ကြည်လင်လှပစွာဖန်
တီးနိူင်အောင်အထောက်အကုူပြုနေပါသည်။
ကျွန်တော်သည်ရေဆေးအကြည်ရေးဆွဲ
နည်းအခြေခံဖြစ်သည့် အစိုပေါ်အစိုရေးနည်း
ဆေးလွှာထပ်ရေးနည်း စုတ်တံနှင့်ဆေးအခြော
က်ရေးနည်း ဆိုပြီးနည်း ၃ နည်းကိုအသုံးပြုကာ
ရေဆေးပန်းချီရေးဆွဲနည်း နည်းစနစ်အသစ်
တခုကိုတီထွင်ချဲ့နိူင်ခဲ့သည်။ဤနည်းစနစ်
ကြောင့်ကျွန်တော်၏ပုံတူပန်းချီကားများသည် သမားရိုးကျ အခြားရေဆေးပန်းချီများနှင့်မတူ
သောအမြင်တခုကိုရရှိခဲ့ပါသည်။
ဤအရည်အသွေးရရှိရန် အချိန်များစွာ
လေ့ကျင့်ခဲ့ရပါသည်။ကျွန်တောိက ဦးခေါင်းပိုင်း
နှင့်ပုခုံးကို ရေးဆွဲရာမှာပင် နာရီ (80) နှင့် အထက် အချိန်ယူရေးဆွဲခဲ့ရပါသည်။အချိန်ပေး
ရေးဆွဲရတဲ့အကျိုးရလာဒ်ကြောင့်ရရှိလာသည့်
အဖြေသည်အလွန်ထူးခြားကောင်းမွန်လှသည့်
ပန်းချီကားကောင်းတချပ်အဖြစ်မြက်တွေ့ရခြင်း
ရခြင်းပေတည်း။
အောက်ပါရေးဆွဲနည်းလေးကိုလက်တွေ့
လေ့လာကြည့်လိုက်ပါ။
ပထမဆေးရောင်အလွှာရေးဆွဲခြင်း
ရှေးဦးစွာအဓိကကျသောပုံတူပန်းချီကား
ကောင်းတခုမှာ ကာလအတိုင်းအတာမဲ့သော
အကန့်အသတ်မဲ့သော အရည်အသွေးရှိရပါမည်
ပုံတူပန်းချီကားကောင်းတခုသည် ခံစားမှုကိုလှုံ့
ဆော်နိူင်ရမည် ပုံတူရှင်၏ဥပဓိရုပ်ကို ဖော်ကျူးး
နိူင်ရမည်။ပုံတူပန်းချီမှာတူခြင်းသည် အရေးကြီး
ဆုံးဖြစ်သော်လည်း ကျွန်တော်ကတူယုံမက ပုံတူ
ရှင်ဘယ်သူ ဘယ်ဝါဟုသိ၍ဖြစ်စေ မသိ၍ဖြစ်
စေ ကြည့်ရှုသူ၏နှစ်သက်ကြည်နုးဘွယ် ရသ
မြောက်သော ပနိးချီကားတချပ်အဖြစ် ခံစားနိူင်
အောင်အားထုတ်၍ရေးဆွဲပါသည်။
ရေဆေးပန်းချီသည်အမှားမခံသောမီဒီ
ယမ်တခုဖြစ်သော်ကြောင့်ကျွန်တော်သည်ပုံတူ
ရေဆေးကားကိုစတင်ရေးဆွဲရာမှာ အောက်လိုင်း
ကိုစနစ်တကျရေးဆွဲပါသည်။အရိပ်၏မျက်နှာပြင်
နှင့်အပြင်းဆုံးအလင်းပြန်ရာ high light ၏နေရာ
များကိုအတိအကျထည့်သွင်းရေးဆွဲလေ့ရှိပြီး ပြီး
ပြည့်စုံသောခဲအောက်လိုင်းအတွက် တစ်ရက်
အချိန်ယူရလေ့ရှိသည်။
ရေးဆွဲစာရွက်အမျိုးအစားကတော့
အာချီ arches 140lb cold pressed paper
စက္ကူကိုအသုံးပြုပါသည်။စတင်မရေးဆွဲမီစာ
ရွက်ကို ၅ မိနစ်ခန့်ရေတွင်နှစ်ပြီး တစ်လက်မထု
ရှိသောအထပ်သားပြားပေါ်တွင် ပင်ဂမ်း နှင့် ချူပ်
ပြီး ကပ်ထားလိုက်ပါသည်။
စာရွက်ရေခြောက်သောအခါ အောက်
လိုင်းကောက်ပြီးဖြစ်သည့်ထိုစာရွက်ကိုပနိးချီရေး
ဆွဲရာစားပွဲသို့နေရာချထားလိုက်ပါသည့်ဆေး
ရောင်ရေးခြယ်ရန်အသင့်ဖြစ်နေသည့်စာရွက်ကို
ပန်းချီကား၏အာရုံဖမ်းစားရာဗဟိုချက်ကနေစတင်ရေးဆွဲလေ့ရှိပါသည့်မျက်နှာပိုင်းကိုစတင်ရေး
ဆွဲရာဆိုလိုပါသည့်ပန်းချီကားတစ်ခုလုံး၏တ
ခြားနေရာမှာရေးဆွဲသည့်ဆေးအရောင်းအားလုံး
သည် ထိုအာရုံစူးစိုက်မှုအဓိကနေရာဖိုကယ်လ်
ပိုွင့်မှာရေးဆွဲသည့် ဆေးရောင်များကိုအခြေခံထာ
တွက်ဆရေးဆွဲခြင်းဖြစ်သည်။ဤသို့ကနဦးရေး
ဆွဲရာတွင် ရေးဆွဲသည့်ရုပ်ပုံအလိုက် အလင်း
အမှောင် အနု အရင့်အလိုက်အရိုးရှင်းဆုံးရေးဆွဲ
လေ့ရှိပါသည်။ပန်းချီကားထဲမှာပါဝင်သောအခြေ
ခံအားလုံးကို ကနဦးရေးဆွဲရာမှာ အသားရောင်
ဆံပင်ရောင် အဝတ်အစားရောင် နောက်ခံအရော
င်များအတွက် ကျွန်တော်၏ကိုယ်ပိုင်ဆေးရောင်
စပ်နည်းကိုအသုံးပြုကာသု့နေရာနှင့်သူဆေးရောင်ရောစပ်ပြီး အရိုးရှင်းဆုံးရေးဆွဲနည်းကိုသာ
အသုံးပြူထားပါသည်။
ပထမပိုင်းဒီလောက်ပါဘဲ့နောက်နေ့
များမှာဆက်လက်ရေးသားပါမည်။အောက်ပါ
နမူနာပုံများလေ့လာနိူင်ပါသည်။
crd: artist Hla Tun
No comments:
Post a Comment