…………………..
စပိန်ပန်းချီဆရာ ပါဘလို ပခါဆို ၁၉၀၇ မှာရေးခဲ့တယ်။
ပန်းချီကားကြီးက ကပ်ကြည့်တော့ ဒီလိုမြင်ရတယ်။
၈ ပေအမြင့်နဲ့ ၇ပေ၈လက္မ အကျယ်။
ပခါဆို လူငယ်ပန်းချီဆရာဘ၀က သူနေတဲ့
ဘာစီလိုနာ အာဗီညွန်လမ်းက အမျိူးသမီးတွေ၊ဆောင်ကြာမြိုင်အိမ်ရဲ့မျက်နှာစာမြင်ကွင်းတခုပေါ့။
ဒီလက်ရာမှာ မျဉ်းကြောင်းခပ်သန့်သန့်တွေနဲ့
အရောင်ပြင်အပြားချပ်ရုပ်ပုံတွေဟာ..ပန်းချီလက်ရာတစ်ခုထက် ပန်းပုအဖြစ်ထုတည်ဖေါ်တဲ့..ဂျီအိုမက်ထရစ် ထုထည်ပြမျဉ်းတွေကို
ရေးနေကျပုံစံထဲ စတင်စမ်းသိပ်လိုက်တာပါ။
ဒါကိုအစွဲပြုလို့ ကျုဗစ်ဇင်လို့စတင်ခေါ်ကြတာပါ။
ဒီလိုရပ်နေကြတဲ့ မိန်းမတွေကိုရေးထားတာမှာ…
ကြည့်နေသူရဲ့နေရာအလိုက် လူတဦးချင်းစီဟာ
ကွဲထွက်ရပ်နေသလို ရှေ့နောက်ထွက်ပေါ်မှုကိုရစေတယ်။ မျက်စိမြင်နိုင်သလောက်တင်မက ဥာဏ်ရည်နဲ့ပါမြင်ရပုံမျိုးဖြစ်တယ်။ ဒါဟာသူစမ်းသပ်တဲ့အဓိကအရသာတစ်ခုပဲ။
ပန်းချီပညာဟာအပြားချပ်ပေါ်မှာ ၂ ဖက်မြင်
ရုပ်လုံးကြွအောင်ရေးရတာပဲ။ ရေးနိုင်သလောက်
အပြင်သဘာ၀ကိုတူမယ်ပေါ့။ အခုလက်ရာကတော့…ဒီလိုရှိပြီးအရသာပေါ်လွင်မှုတွေကနေခွဲထွက်လိုက်တဲ့ နောက်ထပ်ရရှိမှုတခုပဲဖြစ်တယ်။ ပြောရရင် တကယ့်လက်တွေ့ သဘာ၀ကို
ဘယ်လိုတူအောင်လုပ်နိုင်သေးလဲဆိုတာပဲ။
မျက်စိမြင်ရတဲ့ပုံလောက်တင်မဟုတ်ပဲ
တကယ်အရှိထုထည်ရုပ်ကို အရယူတာပဲဖြစ်တယ်။
ဒါဟာကျူဗစ်ဇင်ရဲ့ ကနဦးအစအောင်မြင်မှုပဲ။
..............
ပန်းချီကားက ၀စ်လစ်စလစ်မိန်မငါးယောက်စုရပ် နေတယ်။ ပန်းနုရောင်သန်းအုပ်စုတူအရောင်တွေ။
အညို အပြာနဲ့အဖြူရောင်လိုက်ကာနောက်ခံနဲ့။
လူရုပ်တွေက အတော်ခပ်ပြားပြားဖြစ်တယ်...
သဘာ၀လူသဏန်နဲ့ယှဉ်ရင် အတော်ထင်ယောင်မှားစရာအမြင်ဖြစ်မယ်။
လူပုံတွေကိုကြည့်တဲ့အခါ...
ဘယ်ဘက်ဆုံးမိန်းမကနေစကြည့်ရင် မတ်တပ်ရပ်နေတယ်လက်ကနောက်ပစ်လို့ အညိုရောင်လိုက်ကာကိုဖယ်နေတယ်။
သူ့မျက်နှာကညာဘက်ကိုကြည့်နေတယ်။
ဆံပင်နက်တွေက နောက်မှာပျံ့ကျဲချထား။
ကိုယ်ခန္ဓာထက်စာရင်မျက်နှာက အရောင်ရင့်နေတာ
အရိပ်ထဲကျလို့လား။ မျက်နှာခံစားမှုပိုပြချင်လို့လား။ ညာဖက်မျက်စိက အနက်ရောင်နဲ့ခပ်မဲမဲရေးထားပီး...
မျက်ဆံကရှေ့တည့်တည့်ကိုကြည့်နေတယ်။
သူ့ရင်သားကတော့ လေးထောင့်ပုံစံ
ရှေ့ကိုစောင်းထွက်ထားတာ။
သူ့ရဲ့ဘေးက ပန်းချီကားရဲ့အလည်တဲ့တဲ့နေရာက
မိန်းမ၂ယောက်ကတော့ ရှေ့တည့်တည့်ကိုစူးစိုက်ကြည့်နေတယ်။ မျက်လုံးတွေကို မဲမဲနဲ့ထင်ထင်ရှားရှားပြူးနေအောင်ဆွဲတယ်။ သူတို့လက်တွေကနောက်ကိုမြှောက်ထားပြီး ဟန်အမူရာကိုပြတယ်။
ရှေ့ကမိန်းမရဲ့လက်က အပြာရောင်အ၀တ်စဆွဲလျှက်။
ပါးစပ်တွေကိုတော့ မျဉ်းဖြောင့်လေးနဲ့ပဲရေးတယ်။
သူတို့ရင်သားတွေကိုတော့ စက်ဝိုင်းခြမ်းသဏန်နဲ့ဆွဲတယ်။
သူတို့နှခေါင်းတွေကတော့ အတော်ကြီးပီးရှည်ကြတယ်။ ကျန်တဲ့ ညာစွန်ကမိန်းမ၂ယောက်မှာတော့
အာဖရိကမျက်နှာဖုံးတွေလိုမျက်နှာတွေရှိကြတယ်။
ရှေ့ကထိုင်နေတဲ့မိန်းမက လက်တဖက်ကတတောင်ဆစ်ကွေးပြီး ခြေတဖက်ကွေးထားလား ပေါင်ကားထိုင်တာမျိုးလားထင်ရတယ်။
သူ့လက်မှာ ဘူမရိန်း လက်နှက်လား ကိုင်ထားတယ်။ မိန်းမနဲ့တူတာကတော့ ခါးလေးသိမ်ထားတာပဲရှိပီး ခန္ဓာကိုယ်က အပြားအချပ်လို ဖလက်ရောင်ပြင်ပဲ။
မျက်နှာတွေက ခပ်ကြမ်းကြမ်းရေးချက်နဲ့
ထုထည်ထွက်နေတဲ့သဘောအောက်လိုင်းနဲ့ဖေါ်တယ်။ မျက်လုံးတဖက်က အဖြူရောင်နဲ့ တခြားတဖက်ကတော့ အပြာရောင်ဆွဲတယ်။
မျက်ဆံတွေက တခြားမိန်းမတွေလိုမကြီးပဲ
အစက်ကလေးနဲ့ပဲ။
ငါးယောက်မြောက်မိန်းမကတော့ ခပ်စင်းစင်းလေးရပ်နေတယ်
သူ့နောက်ကလိုက်ကာအပြာရင့်ကြောင့် သူ့ကိုယ်လုံးကပိုပေါ်တယ်။ ကောက်ကြောင်းကို မျဉ်းဖြောင့်တွေနဲ့ချည်းရေးလို့
အရိပ်တွေပါအပြားချပ်လိုပြတ်သားကျနေတယ်။
သူမျက်နှာကလည်းထိုင်နေသူနဲ့ဆင်ဆင်ပါပဲ။
သူတို့ရှေ့ပန်းချီကားအလယ်နားမှာ စတေလိုက်ပန်းချီလို စပျစ်သီး ပန်းသီး ဖရဲသီးတွေချထားတယ်။
ဒါဟာပြတိုက်က ရှင်းပြတဲ့လက်ရာအလိုက်
ရှင်းလင်းချက်တွေပါပဲ။
အပေါ်စာပိုက်က အနုပညာချဉ်းကပ်မှုဖြစ်ပြီး
အောက်ကစာပိုဒ်က ကျောင်းသားသုံးပညာရေးရှင်းလင်းချက်ဖြစ်ပါတယ်။
.....
အောင်မြတ်ဌေး (၇ စက်တင်ဘာ ၂၀၁၄)
No comments:
Post a Comment