Pages

"ရေဆေးဖြင့် မျက်လုံး တစ်လုံးကို ဘယ်လို ရေးမလဲ" "HOW TO PAINT AN EYE WITH WATERCOLOR " ××××××××××××××××××××××××××


    ရေဆေးဖြင့် လူပုံရေးဆွဲ လေ့ကျင့်နေသည့်
ညီငယ် ညီမငယ်များ အတွက် မျက်နှာ၏ အစိတ်အပိုင်း တစ်ခု ဖြစ်သည့် မျက်လုံးကိုရေးဆွဲရာတွင် Watercolor ဆေးရောင်များဖြင့်
တဆင့်ပြီး တစ်ဆင့် ရေးချယ်ပုံကို ဖော်ပြပေးမှာဖြစ်ပါသည်။
    မျက်လုံးတစ်လုံး၏ အခြေခံဆေးရောင်သုံးပုံကို သိလျှင် ကျန်မျက်လုံးကိုလည်း ဆေးချယ် နိုင်မှာဖြစ်ပါသည်။
   ပုံမှာ ပြထားသည့်အတိုင်း Outline ကောက်ထားသည့် မျက်လုံးကို ရေဆေးဖြင့် စတင်
ဆေးရောင်ချယ်ပုံမှာ.....
    ပထမဉီးဆုံး Yellow ochre နှင့် winsor
Red ကိုရေများများဖြင့် ရောစပ်လျှင် ပါးလွှာသော
ဆေးလွှာ(light wash)ဖြင့် မျက်လုံးရှိ skn tone နေရာများကို ရေးချယ်ရမည်။
     ထို့နောက်၎င်းlight wash ဆေးမခြောက်မီ
နေရာအနည်းငယ်ကို yellow ochre နှင့် winsor red ပေါင်းစပ်မှုတွင် Winsor red ကို
ဆေးပိုထည့်၍ နောက်ထပ် အလွှာအဖြစ် ပုံပါ
အတိုင်း ရေးရမည် ဖြစ်သည်။
    အမှောင် ဧရိယာ(darker location)
အတွက် yellow ochre နှင့် winsor red ပေါင်းစပ်မှု ထဲတွင် burnt umber အနည်း
ငယ်ကိုထပ်ထည့်၍ ရေးချယ်ပေးရမည်။
   ( First,a light wash using a mixture
of yellow ochre and Winsor Red is applied over the area of skin tone.
   A few areas are enhanced using
an additional application of these colors with a higher concentration of
 winsor Red.
     Additional layers are added while
the surface is still damp.
    Yellow and winsor red are used
With a bit of Burnt Umber in the
darker locations.)
    ထို့နောက် မျက်လုံး၏ အပေါ် မျက်ရစ်ကို
မှောင်ပေးရန် Burnt umber,Alizarin Crimson နှင့်Ultramarine တို့ပေါင်းစပ်မှု
ဖြင့် ဆေးချယ်ပေးရမည်။၎င်း သုံးရောင် ပေါင်း
စပ်မှုဖြင့်ပင် မျက်လုံးပတ်ပတ်လည်ရှိ အမှောင်
ဧရိယာ ရှိသမျှ နေရာအများကို ရေးခြယ်ရမည်ဖြစ်သည်။
    ထို့နောက် မျက်နက်ဝန်း(iris)အတွက် ပထမဉီးဆုံး ဆေးအလွှာအဖြစ် Sap Green နှင့့်Ultramarine bue ကို ရေများများသုံး၍
မျက်နက်ဝန်း တစ်ခုလုံးကို အခံလွှာအဖြစ် ရေးချယ်ရမည်။
   ထို့နောက် သူငယ်အိမ် အဖြူ အတွက် Ultramarine blue ဖြင့်  Shadow အနည်း
ငယ်နှင့် အဖြူ နေရာအများအပြားကို ဖန်တီးရေးချယ်ပေး မည်။
    ဆိုလိုသည်မှာ သူငယ်အိမ် အဖြူ သို့မဟုတ်
Eye ball သည် ချိုင့်ခွက်ထဲတွင်တည်ရှိသဖြင့်
သူငယ်အိမ်မှာ ခုံးနေသောကြောင့် အခုံးသန္ဌာန်ပေါ်လွှင်အောင် အရိပ်အမှောင်နေရာများကို ultramarine blue ဆေးသားပါးပါးဖြင့် ရေးချယ်ပေးရခြင်းဖြစ်သည်။
    ( The crease above the eye is darkened with a mixture of Burnt Umber,Alizarin Crimson and Ultramarine.
    This mixture is also applied to several locations around the eye.
   The intial application of color for the iris is applied using a mixture of Sap Green and Ultramarine.
    Ultramarine is used in the white
areas of the eye to create a bit of shadow and variety.)
    ထို့နောက် မျက်ရည်ထွက်သည့်နေရာ(tear duct)နှင့် အောက်ခြေ မျက်ခမ်းစပ်အဖုံး တစ်လျောက် တို့ကို Alizarin Crimson အနည်း
ငယ်နှင့် Burnt Umber တို့ပေါင်းစပ်၍ ဆေးသားလွှာ ပါးပါးဖြင့် ရေးခြယ်ပေးရမည်။
     ထို့ပြင် မျက်လုံးထဲရှိ အမြင့်ဆုံး highlight
နေရာ အဖြစ်ချန်ထားေသော စက္ကူအဖြူ နေရာကို
မထိခိုက်ရန် ဂရုတစိုက် ထိန်းသိမ်းထားရမည်။
     (A bit of Alizarin crimson and Burnt umber is lghty washed in the tear duct and the visible part of the botton lid .
    Care is taken to preserve the white
of the paper in the area of strongest
highlight in the eye.)
    ထိုသို့ အဉီးအစ ရေးသည့်ဆေးလွှာ (initial
Washes) များ ဆေးခြောက်ပြီးနောက် မျက်နက်
ဝန်းကို ထပ်မံပုံဖော်ရန်အတွက် Ultramarine
နှင့် Sap green ကို ပေါင်းစပ်ပြီး အမှောင်ရင့့်(darker application)ရစေရန် Burnt umber ကို ၎င်း အရောအနှောထဲ ထည့်စပ်ရမည်။သို့မှသာ ရရှိလာသော အရောအနှော
သည် darker value ဖြစ်ပေမည်။
   ထို့နောက် စုတ်ချက် လားရာကို မျက်နက်ဝန်း
အဝိုင်းစပ်မှ အတွင်းဘက်သို့ ဆွဲ၍ မျက်လုံးပုံစံ
နှင့်တူအောင် ရင့်မှောင်၍ ပုံဖော်ပေးရမည်။
   (After these initial washes have dried ,the colors of the iris are develoved further using a darker application of Ultramarine and Sap Green .
     Burnt Umber is also used in the
mixture to make the value darker.
   Colors are pulled with the brush
towards into the iris   to mimic the patterns of eye and the iris are darkend .)
   ထိုသို့ Darker value layers များအတွက်
Burnt umber,winsor red,Alizarin crimson နှင့် yellow ochre ပေါင်းစပ်၍ လည်း ဖန်တီးနိုင်သည်။
    ထိုသို့ ဖန်တီးရခြင်းရည်ရွယ်ချက်မှာ ရေးဆွဲနေသော မျက်လုံးတွင် ပြည့်ဝသော လင်းမှု၊မှောင်မှု အစဉ်( full range of value)ပြည့်ဝစေရန်အတွက် ဖြစ်သည်။ထိုနောက် ဆက်လက်၍ အမှောင်ရင့် နေရာများ (darker value)
များကို ပြည့်စုံ ပြီးမြောက်အောင် လုပ်ဆောင်ပေးရမည်။
   ( Darker values are layered using a variety of colors mixed from Burnt Umber ,Winsor Red,Alizarin crimson
and yellow ochre.
    The goal is to create a painting that
uses a full range of value.)
     ထို့နောက် Ultramarine blue ကိုရေများများဖြင့် ဆေးလွှာပါးစေရန် light wash အဖြစ် ဖန်တီးပြီး စက္ကူအဖြူသားချန်ထားခဲ့သော
အပြင်းဆုံး အလင်း(strong highlights)နေရာများနှင့် အောက်မျက်ခမ်း အဖုံး
(underneath the lid)ကို ရေးခြယ်ပေးရမည်။
    ထို့နောက်မျက်တောင်များကို ရေးချယ်ရတွင်
စုတ်တံတွင်ဆေးသားပါဝင်မှုများများဖြင့် စုတ်ဆွဲ၍လည်းကောင်းသည့်အနေအထားဖြစ်စေရန် ရေလည်း အလုံအလောက်ရော၍ အမှောင်ရင့် လိုင်းများအဖြစ်ဖြင့် စုတ်လိုင်းညီမျှစေ၍
မျက်တောင်များကို ပုံဖော် ပေးရမည်။
   (Ultramarine is lightly washed on the strong highlight and areas underneath the lid.
    Eyelashes are added using a heavyier concentration of pigment.
    The trick is to have enough pigment on the brush to produce
dark marks ,but enough water  to produce an even stroke.)
     မျက်ခုံးမွှေးများကို ရေးဆွဲရာတွင် စုတ်လားရာကို အပြင်သို့ဉီးတည် ဆွဲထုတ်ခြင်းဖြင့်
သဘာဝ မျက်ခုံးမွေးများတည်ရှိ နေဟန် အတိုင်းအသားသဘော Texture တူအောင် ရေးဆွဲပေးရမည်။
   မျက်ခုံးမွေးကို ဆေးခြယ်ရန်အတွက် (ဝါ) မျက်ခုံးမွှေး အရောင်ရစေရန် Burnt Umber နှင့် Ultramarine blue ကို  ပေါင်းစပ်၍ ဖန်တီးရ
မည်။
    ထို့ပြင် မျက်ခုံးမွှေး Highlight များအတွက်
အဖြူ (white gouache)ဆေးအနည်းငယ်ကို
သုံး၍ ဖန်တီးပေးရမည်။
     ၎င်း Highlights များကို ဤသို့ရေးခြယ်ပေးခြင်းသည် အရည်လဲ့နေသော မျက်ဝန်းအမြင်ကို ဖန်တီးနိုင်ဖို့ ပံ့ပိုးပေးနိုင်လိမ့်မည်။
    (Eyebrows are added by "pulling out" strokes to mimic the texture of natural hair .
    A mixture of Burnt Umber and
Ultramarine are used to produce this
Color.
    Highlights are added using a bit of
white gouache.
    These highlights will help you to
create the illusion of a "wet"eye.)
    နောက်ဆုံးမှာတော့ Watercolor eye
sketch တစ်ခုကို ပြီးပြည့်စုံစွာ ဖန်တီးပြီးအခြေအနေ အဆင့်ကို ပုံမှာ မြင်တွေ့ရမှာဖြစ်ပါသည်။
   မည်သို့ပင်ဖြစ်စေ မိမိဘာသာ မှန်းဆ ရေးခြင်း
ထက် ဆရာ့ဆရာများ၏ နည်းနာများကို မှီး၍
ရေးဆွဲခြင်းသည် ဝါသနာရှင် ညီငယ်ညီမငယ်များအတွက် တိုးတက်မှု လမ်းကြောင်း အမှန်ပေါ်သို့သာ ဉီးတည် နေကြောင်းကို အသိပေး
ရင်း ပို့်စ်ကို ရပ်နားလိုက်ပါသည်။
   ယခု waercolor Portrait ဝါသနာရှင် ညီငယ် ညီမငယ်များ အထက်ပါ ရှင်းလင်းချက်များနှင့် တွဲ၍ လေ့လာနိုင်စေရန် မျက်လုံးရေးပုံ အစအဆုံးပြ ပုံများနှင့် watercolor tri palette 3 ခု၊ 6 color palette,7 colors palette,10 colors palette များနှင့် watercolor portrait pale ,mid skin tone ဖန်တီးပုံပြ color charts  အမျိုးမျိုးတို့ကို ဖော်ပြပေးလိုက်ပါသည်။
×××××××××××××××the end××××××××××

Crd: Artist Tin Tun










 

No comments:

Post a Comment