ပန်းချီကားတစ်ချပ်ရေးဆွဲရာ၌
မျက်နှာပြင် တပြေးညီ ဖြစ်နေ
သော စက္ကူ စာရွက် ပိတိစ ပျဉ်
ပြား သွပ်ပြား နံရံ တို့အပေါ်တွင်
မြင်ကွင်းအတွင်းပါဝင်သည့်အစိတ်ပိုင်းများကိုအနီးအဝေးကွဲပြား
အောင်ကြည့်ရှုသူ၏စိတ်တွင်နီသည်ဝေးသည်ဟူ၍စိတိကထင်လာ
အောင်သရုပ်ဖေါ်ရေးဆွဲရပါသည်
နီးဝေးမြင်သဘောမပါသောပန်းချီ
ကားသည်သဘာဝမကျဆွဲဆောင်
နိူင်စွမ်းလည်းမရှိပေ။
ထုထည် အစိုင် အခဲ သ
ဘောများမပါဘဲပြားချပ်နေသော
ရေးချက်များကြောင့်ကြည့်သူ၏
မျက်စိသည် ပန်းချီကားတဘက်
စွနိးအနားမှအခြားတဘက်စွန်းသို့
တောက်လျှောက်ဖြတ်သနိးကြည့်
ရှုမိလိမ့်မည် ပနိးချီကားအတွင်း
တဝဲလည်လည်စိတ်ဝင်စားအောင်
ဆွဲဆောင်နိူင်လိမ့်မည်မဟုတ်ပေ။
ပနိးချီကားတချပ်ရေးဆွဲသည့်အ
ခါသဘာဝတွင်တွေ့မြင်ရသည့်အ
တိုင်း ပုံသဏ္ဍာန် အချိုးအစားနှင့်
အရောင်များတူညီအောင်ရေးဆွဲ
ဖေါ်ပြခြင်းဖြစ်သည် ။ထို့ကြေုင့်သ
ဘာဝတွင်တွေ့မြင်ရသောသက်ရှိ
သက်မဲ့တို့၏ပုံသဏ္ဍာန် အချိုးအ
စား အရောင်တို့သည်အနီးအဝေး
ကွာခြားမှုကြောင့်မျက်စိအမြင်တွင်ပြောင်းလဲတွေ့မြင်ရသည်ကိုသ
တိထားရပါသည်။
နီးဝေးမြင်ခြင်းသဘောပေါ
က်နားလည်ရန် အသိ နှင့် အမြင် ခွဲ
ခြားတတ်ရန်လိုပါသည် အသိ သ
ည်မူလအရှိအတိုင်းကိုနားလည်လ
က်ခံထားမှုဖြစ်ပြီး အမြင်သည်မိမိ
မျက်စိဖြင့်အမှန်တကယ်မြင်တွေ့ရ
မူဖြစ်ပါသည်။
နီးဝေးမြင်ခြင်းအခြေခံသ
ဘောတရာများကိုရှေ့အပိုင်းများ
တွင် perspective ပို့စ်များ၌
ပြန်လည်လေ့လာနိူင်ပါသည်။
(6) texture မျက်နှာပြင်သဘော
ပန်းချီကား ပုံများရေးဆွဲရာ၌
မျက်နှာပြင်အသားသဘောပါ
အောင် မြင်ကွင်းတွင်ပါဝင်သည့်
အစိတ်အပိုင်းများကို စုတ်ချက်
ခဲရေးချက်တို့ဖြင့်အသုံးပြုရေးဆွဲ
ရသည် ဥပမာ အားဖြင့် ရေမျက်
နှာပြင်အလျားလိုက်ကိုမျဉ်းလဲများဖြင့်အသုံးပြုရေးဆွဲရသလို မြက်
ခင်း များကိုလည်း ဒေါင်လိုက်မျဉ်
မတ် မျဉ်းယိုင်တို့ဖြင့် ပုံဖေါ်ရေးဆွဲ
ရပါသည်။
ထိုနည်းတူအခြားအရာဝတ္ထု
များဖြစ်သည့် သစ်ပင် သစ်တော
တဲအိမ် အဆောက်အဦခေါင်မိုး မြေပြင် ကျောက်ဆောင်တို့ကို
လည်းမူလသဘာဝနှင့်နီးစပ်အောင် အသားသဘောပေါ်လွင်အောင်
စုတ် ခဲ ရေးချက်များကိုအသုံးပြု
ရေးဆွဲရခြင်းဖြစ်ပါသည်။
(7) value(tone)အသွေး အနု
အရင့် တန်ဘိုး
အသွေးသည် အရောင် ဝါ နီ ပြာ
တို့၏ အနု အရင့် ဆိုလိုသဖြင့်
(tone) အသွေးအနုအရင့်ဟုသတ်
မှတ်ဖေါ်ပြခြင်းဖြစ်သည် သဘာဝ
မြင်ကွင်း၌သက်ရှိသက်မဲ့တို့ကို
တွေ့မြင်ကြရာ၌အမြင်အာရုံတွင်
ပုံသဏ္ဍာန် အလုံးအထည်နှင့်အ
ရောင်အဆင်း အနု အရင့်စသည်
တို့ကိုမြင်တွေ့ခံစားရပါသည်။
ပုံသဏ္ဍာန် အလုံး အထည်မျာ
ပေါ်လွင်ခြင်းသည် (out line)မျဉ်
ကောက်ကြောင်းကြောင့်ပေါ်လွင်
ခြင်းမဟုတ်ပေ အရာဝတ္ထုတို့၏
လင်းမှု မှောင်မှု အသွေး နု ရင့်သ
ဘောသဘာဝကြောင့်သာပေါ်လွင်
ထင်ရှားရခြင်းဖြစ်သည်။
(tone)ဟူသောဝေါဟာရ
မှာအင်္ဂလိပ်ဝေါဟာရ ဂီတပညာ
ရပ်မှဆင်းသက်လာခြင်းဖြစ်သည်
(tone)အသံ အနိမ့် အမြင့် သံစဉ်
အမျိုးမျိုးပြောင်းလဲတီးခတ်မှသာ
သာယာနာပျော်ဖွယ်ကောင်းသလို
ပန်းချီရေးဆွဲရာ၌လည်း အနီး အဝေး အလင်း အမှောင်တို့ကိုအ
သွေးအရောင်တမျိုးတည်းဖြင့်ရေးဆွဲပါက အမြင်အာရုံကိုမဆွဲဆော
င်နိူင်ပါ လင်းလျင်အသွေးနုမှောင်
နေလျင်အသွေးရင့် ဝေးလျင်နုနီး
လျင်ရင့် စသည်ဖြင့်အသွေး အနု
အရင့်အဆင့်ဆင့်ကိုကွဲပြားခြားနားစွာရေးဆွဲရပါမည်။
အသွေး အနု အရင့်
အရောင်တို့၏ မူလ အသွေးတန်
ဘိုး အဆင့်ဆင့်(grafation of
tone) ကွဲပြားခြားနားစွာဖြစ်ပေါ်
လာရခြင်းမှာ အလင်းအနည်း အ
များ နောက်ခံ အရောင် နု ရင့် ကြ
ည့်သူ၏အနီး အဝေး မူလအရောင်
အသွေးမတုူညီမှုကြောင့်လည်း
(tone) အမျိုးမျိုး အသွေး အနု
အရင့် အမျိုးမျိုးတို့ကိုကွဲပြားခြား
နားစွာတွေ့မြင်နေရခြင်းဖြစ်သည်။
(tone)နုရင့် တစ်ရောင်ဆွဲ ခဲ
ကိုးဆင့်ကိုရှေ့လေ့ကျင့်ခဏ်းများ၌ဖေါ်ပြပြီးဖြစ်ပါသည်။
(😎 colour အရောင်သဘောတ
ရားများ
မူလအခြေခံ အရောင်မှာ ဝါ နီ
ပြာ yellow red blue တို့ဖြစ်ပါ
သည်။ပန်းချီကားများရေးဆွဲရာ၌
အပူရောင် အအေးရောင်များကို
ညီညွတ်မျှတအောင်ပေါင်းစပ်ရေး
ဆွဲရပါသည့်ကောင်းကင်နှင့်နီး
လျင်အပူရောင် ဝေးလျင်အအေး
ရောင် ဝေးလျင်နု ဆေးအပါး နီး
လျင် ရင့် ဆေးပျစ်ပျစ် သဘာဝ
တွင် သက်ရှိ သက်မဲ့အရာဝတ္ထုမျာ
ရေးဆွဲရာ၌ပတ်ဝန်းကျင်ရှိအရောင်များက မူလ အရောင်အပေါ်
ရိုက်ခတ်မှုရှိသည်ကိုသတိထားရ
ပါမည့်အရောင်များနှင့်ပက်သက်၍ မိတ်ဖက်အရောင် ဆန့်ကျင်
ဘက်အရောင် ဂရေး အရောင်
လေ့ကျင့်ခဏ်းများနှင့်နည်းစနစ်
များကိုလည်းရှေ့အပိုင်းပို့စ်များ
တွင်တင်ထားပေးထားပါသည်။
Crd: Artist Hla Tun
No comments:
Post a Comment