Pages

တိုးတက်ပြောင်းလဲခဲ့သော ပန်းချီသမိုင်း၊ ပို့စ်အင်ပရက်ၡင်ခေတ်၊ ဂေါ်ဂင် ရဲ့ တဟီတီယံ ကာလများ


.............
စီးပွားရေးသမားတစ်ဦးဘဝကနေ မြို့ပြနဲ့ အရာအားလုံးကို စွန့်လွတ်ပြီး ကာရစ်ဘီယန်ပင်လယ်တွေဆီ ထွက်ပြီး ကျွန်းသူကျွန်းသားတွေရဲ့ ဘဝတွေကို ရေးဆွဲခဲ့သူ ပေါဂေါ်ဂင်ဟာ ဗန်ဂိုးထက်ပင် ပိုမိုရူးသွပ်ခဲ့ သူလို့ ဆိုရင်မှား မည်မထင်ပါ။ တဟီတီကျွန်းကို အကြိမ်များစွာခရီးရှည်ထွက်ခဲ့ပြီး သူ့ဘဝနောက်ဆုံး အချိန်တွေကို ကျွန်းမှာပဲ နေထိုင်ကုန် လွန်ခဲ့တယ်။ သူ့ရဲ့ ကိုယ်ပိုင်သီးခြား ဖန်တီးမှုတွေ အရောင်ပြင် Plain စူးရဲတောက်ပနေတာတွေဟာ သူဘယ်လောက်နက်နဲစွာ ခံစားဖော်ထုတ်ထားသလဲ သိနိုင် ပါတယ်။
သရုပ်မှန်ကနေ ခွဲထွက်လာတဲ့ ရုပ်ပုံအပြင်အဆင်တွေမှာ ပန်းချီဆရာရဲ့ ခံစားချက်ကို ထည့် ပေါင်းဖြည့် ဖော်ထုတ်မှု (အိတ်စ်ပရက်ရှင်) ပြုလုပ် ခြင်းဖြစ်တယ်။ ကျွန်းသူကျွန်းသားတွေရဲ့ နေ့စဉ်ဘဝ နေထိုင်ပုံတွေ ရိုးရာကိုးကွယ်မှု အယူအဆတွေကို ဒီဇိုင်းအပြင်ဆင်နဲ့ သရုပ်ဖေါ်ခြင်းလို ဖွဲ့စည်းပုံတွေနဲ့
အဝါ အနီလို အရောင်တောက်တွေသုံးစွဲပြီး ရေးဆွဲတယ်။ ဆီဆေးရေးဆေးနဲ့ ခဲခြစ် ကောက်ကြောင်း တွေ မျိုးစုံရေးခဲ့သလို ကျောက်ပုံနှိပ်လက်ရာတွေများစွာလည်း ရေးခဲ့တယ်။
အခုဖော်ပြထားတဲ့ ]မရဏ ဝိညာဉ်ရဲ့ စောင့်ကြည့်ခြင်း} ဆိုတဲ့ ၁၈၉၂ မှာရေးခဲ့တဲ့ပုံဟာ သူ့ရဲ့ ကျွန်းသူ ဇနီးပုံကို ရေးထားတာဖြစ်ပြီး နေအိမ်ခန်းထဲက မီးအိမ်အလင်းရောင် ငြိမ်းသွားချိန်မှာ ကျန်ခဲ့တဲ့ ကိုယ် လုံးတီး အမျိုးသမီးတစ်ခုပါ။ ဒါပေမယ့် သဘာဝအမြင်ကိုသူဆန့်ကျင်ပြီး ဒီဇိုင်ဆင်ပုံ၊ သင်္ကေတအမှတ်
လကဏာတွေသုံးပြီး နောက်ခံမှာ နတ်ဆိုးတွေစောင့်ကြည့်နေကြတဲ့သဏ္ဌာန် လူတွေပါထည့်ရေးထားတယ်။
ဒီပုံကြမ်းကို ဆီးဆေးပန်းချီပြန်ရေးချိန်မှာ သူပြောပြတာက ] ဒီပုံဟာ အစကတော့ ပင်လယ်ကျွန်း သူတစ်ယောက်ရဲ့ ကိုယ်လုံးတီး သဘာဝအလှကို လေ့လာတဲ့သဘောပါပဲ၊ မျဉ်းလိုင်းတွေကို လှိုင်းတွေ တအိအိငြိမ့်လှုပ်ရှားနေသလို ဂီတတစ်ခုရဲ့ အစိတ်ပိုင်းတစ်ခုကိုပြန်လည်ဖော်ကျူးပြီး ရေးထားတာပါ။
ဒီပုံရဲ့ လှို့ဝှက် ချက်အရ ပြောရရင် အသက်ရှင်နေတဲ့ မိန်းခလေးတစ်ဦးရဲ့ ဝိညာဉ်နဲ့ ပေါင်းစည်းဖို့ကြိုးစားချင်နေတဲ့ သေဆုံး ခြင်းဝိညာဉ်တွေကို မြင်ယောင်ရေးကြည့်ထားတာပါ၊ သို့မဟုတ် နေ့နဲ့ ညရဲ့ ကွဲလွဲပြီး အတူယှဉ်တွဲနေတဲ့ သဘောပါပဲ} လို့ ဆိုခဲ့တယ်။
.....
ဂေါ်ဂင်ရဲ့ ပုံနှိပ်ပန်းချီ လက်ရာတွေမှာ အခြားဆီဆေးပန်းချီလက်ရာတွေနဲ့မတူတဲ့ အရသာတစ်ခုပေးပါတယ်။ ၁၉ ရာဇု ရဲ့ ရုပ်ပုံဖန်တီးမှုဓလေ့တစ်ခုဖြစ်တဲ့ သစ်ထွင်းနဲ့ လစ်သိုဂရပ်နည်း ပုံနှိပ် အရသာကို တမူထူးကဲစွာ ခံစားမိစေမှာပါ။
သာမန်ပန်းချီဆေးရေးနည်းတွေလိုမဟုတ်ပဲ၊ အလင်းမှောင်ပြတ်သားသော အဖြူအမဲ(ထွင်းထုတ်ခြင်း) နည်းက ရရှိတဲ့ခပ်ကြမ်းကြမိး အဖြတ်အတောက်၊ ကောက်ကြောင်းနဲ့ ဒီဇိုင်းဆင်မှုတစ်ခုကဲ့သို့ ပေါ်လွင်မှုဟာ နည်းပညာအသုံးချမှု
တစ်ခုကပေးတဲ့ သဘာဝကနေ ခွဲထွက် ဖန်တီးမှုတစ်ခု ဆန်လှတာ မြင်တွေ့ရမှာပါ။
ပုံစာများ
1. ဂေါ်ဂင်၊ မရဏ ဝိညာဉ်၏ စောင့်ကြည့်ခြင်း၊ ၁၈၉၄၊ လစ်သိုဂရပ် ပုံနှိပ်၊
၁၀ _၇ လက္မ၊ မိုမာ အနုပညာပြတိုက်၊ နယူးယော့ခ်။
ဂျွန် ဒီ ရော့ခ် ဖဲလား (ဂျူနီယာ)လှူဒါန်းသည်။
(အောက်ပုံ)
2. ဂေါ်ဂင်၊ မြစ်ကမ်းဘေးက မိန်းမပျို၊ ၁၈၉၁-၉၃၊ ရောင်စုံ သစ်ထွင်းပုံနှိပ် ပန်းချီ၊ ၁၀ _၇ လက္မ၊ မိုမာ အနုပညာပြတိုက်၊ နယူးယော့ခ်။
ဂျွန် ဒီ ရော့ခ် ဖဲလား (ဂျူနီယာ)လှူဒါန်းသည်။
.........
Credit: from the book: "The Art Spirit" by Aung Myat Htay

 

No comments:

Post a Comment