ပန်းချီကားကိုကြည့်လိုက်တာနဲ့ မှော်ဆန်တဲ့ ညို့ငင်မှုတွေကိုတွေ့ရပါတယ်။
ပုံတူပန်းချီဆွဲကြတာ အများကြီးပဲ ဘာကြောင့် ညို့ငင်မှုတွေ မပါကြတာလဲ။
အဲ့ဒီ့မှော်ကတော့ ရချင်မှရတတ်တယ်။
ဒီပန်းချီကားကို ပန်းဆိုးတန်းပန်းချီခန်းမမှာ ပုံတူပန်းချီပြပွဲ လုပ်တုန်းက ပြသခဲ့ဖူးပါတယ်။
မခွဲနိုင်လို့ မရောင်းရက်ဘူး။
ဒီပန်းချီကားကို ပန်းချီဆရာကြီး Sတင်ရွှေ ရေးဆွဲခဲ့ပါတယ်။
သူ့ကိုမမှီလိုက်တော့ သူ့အကြောင်းများများစားစား ရှာမတွေ့ဘူး။
သူ့ရဲ့လုပ်ဖော်ကိုင်ဖက်နဲ့ တပည့်အချို့ရှိနေသေးတော့ ကြုံကြိုက်ရင် သူ့အကြောင်းဖြည့်စွက် ရေးသားပေးပါလို့ တောင်းဆိုချင်ပါတယ်။
သူ့ရဲ့ပန်းချီကား တစ်ချို့စုဆောင်းထားတာ ရှိပါတယ်။
ဒီပန်းချီကားကလည်း ၁၉၇၀ေကျာ်ဝန်းကျင် ဖြစ်ပါလိမ့်မယ်။
ထူးခြားတာက ဆရာဆွဲတဲ့ကားတွေမှာ အဆင်တန်ဆာနဲ့ ကျောက်မျက်ရတနာကို အထူးဂရုပြုပြီး ရေးဆွဲပါတယ်။
အဲ့တာထူးခြားချက်ပါပဲ။
ပန်းချီကားရဲ့အလယ်တည့်တည့်လောက်မှာ မိန်းကလေးဆွဲထားတဲ့ဆဲွဲကြိုးက ပတ္တမြားဟာအားလုံးရဲ့ ဗဟိုချက်ဖြစ်နေပြီး မိန်းကလေးရဲ့မျက်လုံးနှစ်လုံးနဲ့အပြိုင်တောက်ပနေပါတယ်။
အဲ့ဒါဟာ တတိယကာရန် ဒါမှမဟုတ် တုန့်ပြန်ကာရန် သဘောနဲ့ ပန်းချီကားရဲ့အလှကိုဖွဲ့စည်းထားပါတယ်။
အကျီရဲ့ကော်လံကြောင့် တရုတ်စပ်တယ်လို့ထင်ရသလိုပဲ။
လုံခြည်ရဲ့ ချိတ်အကွက်တွေ လှိုင်းတွေကလည်း ဒီဘက်ခေတ် ဒီဇိုင်နာတွေ ပြန်ပြီး အတုယူရမယ့်ဟန်ဖြစ်ပါတယ်။
ဂန္ဓဝင် ရေးချက်တွေနဲ့ ဂန္ဓဝင်အလှကို ဖွဲ့ဆိုခြင်းပါပဲ။
အောင်စိုးမင်း
No comments:
Post a Comment