Pages

ဆရာမဟေမာစုကြည်


 ပန်းချီဆရာမ ဟေမာစုကြည် ထံမှ 

ပန်းချီကား လက်ဆောင်ရတယ်။

တပြားတချပ်မှ မကုန်ဘဲ ရခဲ့တယ် ဆိုပေမယ့်

ဆရာမရဲ့ စေတနာနဲ့ ပန်းချီကားကို

တန်ဖိုးထားပါတယ်။


ဆရာမရဲ့ ပန်းချီကား အလှူလေး ပြုလုပ်ပုံကတော့

ရိုးရှင်းပါတယ်။ မည်သူမဆို ပန်းချီကားကို ရနိုင်ပါတယ်။


facebook မှာ ပန်းချီပုံ တင်ပြီး ထိုပုံရဲ့ အောက်မှာ

ပထမဆုံး ကောမတ် ရေးနိုင်တဲ့သူသာလျှင်

ထိုပန်းချီကားကို ပိုင်ဆိုင်ခွင့်ရမှာပါ။


ကျွန်တော်က ကံကောင်းစွာနဲ့ပဲ

ဆရာမရဲ့ ကြာပန်း ပန်းချီကားရဲ့အောက်မှာ

ပထမဆုံး ကောမတ် ရေးနိုင်ခဲ့တယ်။


ကားဂိတ်ကနေ အိမ်ရောက်ရောက် ခြင်း

ထိုပန်းချီကားလေးကို

ဘောင်တပ်ပြီး  ချိတ်ထားလိုက်တယ်။


ဝမ်းသာကြည်နူးမှုတွေနဲ့

ငေးကြည့်မိတယ်

ပန်းချီကားဆိုတာ

ဇိမ်ခံ ပစ္စည်းတွေ ဖြစ်တယ်တဲ့.....။


ဆောင်းတစ်ရာမင်း (၈.၁၀.၂၀၂၂)

မုဆိုး


မိုးထဲ ၊ လေထဲ

ဓာတ်ကြိုးမှာ ငှက်ကလေး နားနေတယ်။


အဖော်ကွဲနေတဲ့ ငှက်ကလေးလား

အသံလေး မြည်သံက

စိုးထိတ်နေတယ်။


လွယ်အိပ်ထဲကို နှိုက်လိုက်တယ်

လောက်လေးဂွနဲ့ လေးသီးကို ကိုင်ပြီး

ငှက်ကလေးဆီကို ချိန်လိုက်တယ်။


ပြီးတော့ သရေကြိုးကို တင်းအောင်ဆွဲဲပြီး

မိုးပေါ် ထောင်ပစ်လိုက်တယ်

ငှက်ကလေးကို မထိပေမယ့် လန့်ပျံသွားတယ်။


ပြီးတော့လေးဂွပါ လွှစ်ပစ်လိုက်ပါတယ်

အကုသိုလ် ကင်းခဲ့တယ်။


ဒီ တစ်ခါ ငှက်ကလေး ဓာတ်ကြိုးမှာ လာနားခဲ့ရင်

အောက်ကို ငုံ့ကြည့်ပါ

ခြံစည်းရိုးပေါ်မှာ ထမင်းခြောက်ကလေးတွေ

တင်ထားတယ်။


ဆန်စျေး ကြီးတာတွေ

မစဉ်းစားပါနဲ့

ဆင်းစားပါ...။


ဆောင်းတစ်ရာမင်း

၆.၉.၂၀၂၂

အလှတရားမလေး


အလှတရားမလေးရေ
ဆွတ်ပျံ့ဖွယ် ဂီတတွေနဲ့ ထာဝရ ပျော်ရွှင်ဖို့ဆိုတာ
မဖြစ်နိုင်ဘူး
တခါတလေမှာ
ဝမ်းနည်း ကြေကွဲ ရအုံးမယ်.....။

အလှတရားမလေးရဲ့
စကားသံတွေက ထာဝရ ချိုသာနေဖို့ ဆိုတာ
မဖြစ်နိုင်ဘူး
တခါတလေမှာ
အော်ဟစ် ကြိမ်းမောင်းနေအုံးမယ်။

အလှတရားမလေးရဲ့
အလှအပတွေဟာ ထာဝရ လှပနေဖို့ဆိုတာ
မဖြစ်နိုင်ဘူး
တစ်ခုသော အချိန်မှာ
ရင့်ရော် အိုမင်းရအုံးမယ်။

ဒါပေမယ့်
အလှတရားမလေးရဲ့
စေတနာအလှ မေတ္တာအလှ တွေဟာ
ထာဝရ လှပနေလိမ့်မယ်။

ဆောင်းတစ်ရာမင်း
၁.၉.၂၀၂၂

ဗန်ဂိုးရဲ့ နေကြာပန်း

 ဗန်ဂိုး ရဲ့

အဝါရောင် နေကြာပန်းတွေ
ဗန်ဂိုး မရှိတဲ့ နောက်မှ
သိပ် လှပနေတယ်။

ဗန်ဂိုးရဲ့
နေကြာပန်း ပန်းချီလေးဟာ အခုထိ
မညှိုးနွမ်းသေးဘူး
လှပ နေတုန်းပဲ။

ဗန်ဂိုး ကြည့်ပြီး ရေးခဲ့တဲ့
နေကြာ ပန်းလေးကတော့
ညှိုးနွမ်း ခြောက်သွေ့ ပျက်ဆီးသွားပြီ။

ဗန်ဂိုး ရဲ့ နေကြာပန်းက
ပန်းအစစ်လောက် မလှပေမယ့်
အခုထိ ပန်းချီကားအနေနဲ့ ကျန်ရှိနေခဲ့တယ်။

ဘာကြောင့် ပန်းချီဆွဲတာလဲ ဆိုတော့
ကိုယ် ချစ်တဲ့ အရာတွေကို
ကမ္ဘာမြေပေါ်မှာ လက်ဆောင်အဖြစ် ထားခဲ့ချင်လို့တဲ့။

ဗန် ဂိုးရဲ့
နေကြာပန်း ပုံကို
ကျွန်တော် ဖုန်းထဲမှာ ဆေ့လိုက်ပါတယ်။

ဗန်ဂိုးရဲ့ နေကြာပန်း
လက်ဆောင်ကို
ကျွန်တော် ရရှိလိုက်ပါပြီ။

ဆောင်းတစ်ရာမင်း
၂၄.၈.၂၀၂၂

အလွမ်းဆိုတာ ခေါက်ထားတဲ့ စာရွက် (သို့မဟုတ်) ခေါက်ထားတဲ့ စာရွက်ဆိုတာ နောက်တစ်ကြိမ်ပြန်ဖတ်ချင်လို့ စာအုပ်ကို ပိတ်လိုက်ခြင်းသည် အရေးတကြီး ကိစ္စတစ်ခုကြောင့်


အနည်းငယ် လက်ဖဝါးကို ဖြန့်လိုက်တာနဲ့
ဆုပ်ကိုင်ထားတာတွေ
လွတ်မြောက်ကုန်တာပဲ
ကိုယ် သိမ်းဆည်းထားတာတွေဟာ
မျက်ရည်တွေမို့လို့
နှလုံးသားက ဝမ်းနည်းနေရတယ် ထင်တယ်။
တခုခုကို
ဆုံးရှုံး ပစ်လိုက်ရတာမျိုး...
တခုခုကို
မေ့ပစ်လိုက်ရတာမျိုး...
မှန်တယ်ထင်လို့
စတေးခဲ့တဲ့ အရာတွေနဲ့
ရောင့်ရဲ ခဲ့ရပါတယ်။
ကိုယ် ဘာကိုမှ
ဖမ်းဆုပ် မထားချင်တော့ဘူး
ကမ်းခြေကို လှိုင်းတွေ လာတယ်
ပြီးတော့ ကမ်းခြေကို စွန့်ခွာလို့
မာယာပင်လယ်ဆီက
ခင်ဗျားတို့ရဲ့ အလှတရားတွေ မကုန်နိုင်သေးဘူး။
ခံစားချက်တွေ အားလုံး
စီးဆင်းသွားစေဖို့
ကမ်းပါးတွေ ပြိုပေးတယ်
ခြေချစရာ နေရာလေးတစ်ခုကို
လွမ်းနေရုံလေးပါပဲ။
ဆောင်းတစ်ရာမင်း
၁၈.၈.၂၀၂၂

ပုံတူပန်းချီလေးများ လက်ဆောင်ရခဲ့လျှင်


......
အဖြူ ၊ အမဲ အရောင် (၂ ) မျိုးထက် ပိုပါတယ်
စာရွက်ပေါ်က ဧရိယာထက်
တန်ဖိုးထားမှုတွေ ကျယ်ပြန့်ပါတယ်
လက်ချောင်းတွေနဲ့ အချိန်တွေကို
ဆွတ်ခူးထားတာမို့ ရရှိလိုက်သူအဖို့
အမြဲသတိရနေဖို့ သေချာပါတယ်
ကျောက်ဆိုင် ကျောက်သားတွေလို မမာကျောပေမယ့်
တန်ဖိုးထားလိုစိတ်နဲ့ ထိန်းသိမ်းထားတတ်ကြတာမို့
ခုနှစ်အလီလီ ပြောင်းတာတောင်
တချို့တွေဆီမှာ မြတ်နိုးသိမ်းဆည်းစရာ တစ်ခုအနေနဲ့ ရှိနေတတ်တယ်။
ဘယ်သူက ဘယ်သူ့အတွက်
ပန်းချီရေးသူဆီမှာ
ဖန်တီးစေခဲ့တာဟာ
နူးညံ့စွာ ပန်းတွေပွင်နေသလိုပဲ
ပန်းစည်းတွေနဲ့ လက်ဆောင်ပေးခံရသလိုပဲ
သိပ်ကို ကြည်နူးစရာ ကောင်းလိမ့်မယ်။
နည်းပညာခေတ်ကြီးမှာ
လျှပ်စစ်ပစ္စည်းတွေကို ခလုတ်နှိပ်တိုင်း
ကိစ္စတွေ ပြီးမြောက်တယ်
ရောင်စုံ ဗီနှိုင်းတွေနဲ့ ကာလာခေတ်ကြီးထဲမှာ
ခဲပန်းချီပုံ‌တူတွေ အပ်နှံသူတွေ ရှိနေပါသေးတယ်
မိတ္တူကူးစက်ထဲက ထွက်လာတဲ့ပုံလို
မတူနိုင်ပေမယ့်
ပန်းချီရေးသူဟာ သူ့ရဲ့ နှလုံးသားကို
ခလုတ်နှိပ် သူစု‌စောင်းထားသမျှ
အနုပညာ ဝမ်းစာ နဲ့
ရေးရလာတာမို့
ပန်းချီပုံတူလေးတွေကို တန်ဖိုးထားပေးပါ။
ဆောင်းတစ်ရာမင်း
၁၆.၂.၂၀၂၂

🥰 လက်ပံ

 



ဘယ်သူ ပန်ပန် ၊ မပန်ပန်
သူ့အကိုင်းအလက်တွေကတော့
သူ့ကို ပန်ထားပါတယ်။
ဆောင်းတစ်ရာမင်း
19.2.2022

အလိပ်

 အငွေ့အဖြစ် လေထုထဲ ပျောက်ကွယ်ပြီး

‌အဆုတ်ထဲထိ နက်နက်ရှိုင်းရှိုင်း
တိုးဝင် သွားတယ်။
နှုတ်ခမ်းဖျားပေါ် တယုတယ ထိတွေ့ရုံနဲ့
ပြီးတော့မှ လက်ဖျားခါလောက်အောင်
စွဲလမ်းရတယ်ဗျာ။
ခင်ဗျားလည်း ဘာထူးလဲ အချစ်လိုပဲ လွမ်းရလို့
အဆုတ်ကို ပျက်ဆီးစေတာပဲ
ဆေးလိပ်တိုတွေဟာ ကိုယ့်အနားမှာ ပြန့်ကြဲ
သူတို့ကို တို့ထိဖို့ ၊ ပြီးတော့ ဖွာရှိုက်ဖို့၊
ပြီးတော့ ဖိချေဖို့ မကြိုးစားကြပါနဲ့
အဆုတ်တစ်ခုလုံး နာကျင်ရလို့ပါ။
ဆောင်းတစ်ရာမင်း
၁၆/၃/၂၀၂၂

မနှင်းဆီရေ

ကိုယ့်ကို နာကျင်အောင်

ဆူးတွေနဲ့ ကုတ်ခြစ်လိုက်ပါလား
ဒါမှမဟုတ်
မနှင်းဆီရဲ့ ဆူးတွေနဲ့
ကိုယ့်အသားကို နာကျင်အောင်လုပ်ပြီး
အဲ့ဒီ ဒဏ်ရာတွေနဲ့
မနှင်းဆီကို မုန်းပစ်လိုက်ချင်တယ်
မနှင်းဆီရေ ရနံ့အပြင်
သတိရ‌စေခြင်းတွေပါ ထည့်ပွင့်လိုက်လေသလား
မနှင်းဆီရဲ့ပုံရိပ်တွေနဲ့ မလွတ်ကင်းတော့တဲ့
နေ့ရက်တွေမှာ
မနှင်းဆီဟာ ရယ်မောနေမှာလား
ကိုယ့်ဒုက္ခကို ကုစားပေးမှာလား
အားကိုးတကြီး
အော်ဟစ်သံကို မနှင်းဆီက မကြား
ရှုပ်ပွနေတဲ့ ကိုယ့်အဖြစ်ကို
မနှင်းဆီက မမြင်
မနှင်းဆီက သူ လှပစွာ ပွင့်ဖို့ပဲ စိတ်စောနေတယ်။
ဆောင်းတစ်ရာမင်း

(အမှိုက်)



အမှိုက်
အဖြစ်နဲ့ ရှောင်ဖယ်ခံရကာစ
အမှိုက် အဖြစ် ခံစားမိကာစ
ထိုခဏမှာပဲ
အမှိုက်ကို
အမှိုက်ပုံးထဲ ထည့်ကြတယ်။
အမှိုက်က လက်မခံဘူး
အမှိုက်က ရွှေဖြစ်တယ်ဆိုတဲ့ ဥပမာကို
လက်ခံထားတယ်
အမှိုက်ဟာ
ကြီးမြတ်ချင်လာတယ်
အမှိုက်ကို လုံးခြေ
အမှိုက်ကို အဆုံးသတ်ပေးဖို့
ကြိုးစားကြတယ်
နောက်ဆုံး အမှိုက်ကလည်း ပြဿဒ်မီးလောင်ဖို့
ကြိုးစားလာတယ်။
အမှိုက်ဟာ
လေရူးတွေကြားပြေးလွှား
ရေမျှောကမ်းတင်
အမှိုက်ဟာ ပတ်ဝန်းကျင်သာယာမှုကို
နှောင့်ယှက်ဖို့ ကြိုးစားတယ်
အမှိုက်တွေဟာ
ကူးစက်ရောဂါလို ပျံ့နှံ့လွယ်တယ်
ပြီးတော့ အမှိုက်တွေ အဆက်မပြတ်
ဖြစ်ပေါ်လာတယ်။
လမ်းပေါ်မှာ
ဖိနပ်အောက်မှာ
စားပွဲခုံတွေကြားမှာ
အမှိုက်တွေ အများကြီးဗျာ
နောက်ဆုံး အမှိုက်တွေက
ကျွန်တော့် အတွေးတွေထဲ ရောက်လာတယ်
ပြီးတော့ ကျွန်တော် နှလုံးသားကို ကြီးစိုးတယ်
ပြီးတော့ ကျွန်တော်လဲ တဖြည်းဖြည်း
အမှိုက်အဖြစ်
ပြောင်းလဲသွားတယ်။
ဆောင်းတစ်ရာမင်း
၂၃.၅.၂၀၂၂
Like
Comment
Share

7

အလှတရား မလေးရေ


ပုလဲလုံးတွေဟာ လှပေမယ့်
ခံစားချက် မရှိကြဘူး။
အလှတရား မလေးရေ
ပုလဲ လုံးတွေဟာ
ကမာ ကောင်လေးတွေရဲ့ မျက်ရည်ဖြစ်နေပြန်တယ်။
မျက်ရည်တွေနဲ့
စုစည်းထားလို့ ပုလဲလုံးလေးက
လှပ နေရတာလား။
မျက်ရည် အတွက်
အဆင်မပြေမှုတွေ ဘယ်လောက်စုထားခဲ့သလဲ။
အလှတရား မလေးရေ
လွမ်းတိုင်း မငိုပါနဲ့
ပုလဲလုံးလေးတွေထက်
အလှတရားမလေးရဲ့ မျက်ရည်တွေက တန်ဖိုးပိုရှိလို့ပါ။
ဆောင်းတစ်ရာမင်း
၂၅.၅.၂၀၂၂

ပန်းချီဆရာအတု

 

.....
စာရွက်ဖြူလေး ၊ မခမ်းနားပါဘူး
ခဲတံလေး၊ မခမ်းနားပါဘူး
ကျွမ်းကျင်စွာ ဖန်တီးမှု ပန်းချီကားလေးကိုတော့
မခမ်းနားဘူးလို့ မပြောနိုင်ဘူးနော်
ပန်းချီဆရာ အတု တစ်ယောက်အတွက်
ပန်းချီရေးချိန် အရမ်းကိုရှားပါတယ်
ပန်းချီဆရာ အတု ဆိုတာ
ပန်းချီပညာနဲ့ အသက်မွေး ဝမ်းကြောင်း
မပြုနိုင်တဲ့သူပါ
ပန်းချီကို သေလောက်အောင် ဝါသနာပါပေမယ့်
ပန်းချီနဲ့ ဘဝကို မရပ်တည်ရဲတဲ့သူပါ
ပန်းချီဆရာအတုဟာ တစ်ခြားသူမဟုတ်ပါဘူး
ကျွန်တော်ပါပဲ
ပန်းချီ ၁ ပုံ ရေးဖို့အတွက်
အချိန်လိုပါတယ်
အားတဲ့ အချိန်မှာလဲ ရေးချင်စိတ်ရှိဖို့ လိုအပ်တယ်
အလုပ်တာဝန်တွေ
လူမှုရေးတွေ
ဘာတွေ
ညာတွေနဲ့
ပန်းချီရေးဖို့ မလွယ်သလို
ပန်းချီ တစ်ကားဖြစ်ဖို့လဲ မလွယ်ပါဘူး
ဒါကြောင့်
ကျွန်တော် ဆီက ပန်းချီကား လက်ဆောင်ရရင်
ပန်းချီကားတွေကို တန်ဖိုးထားပါ
ပန်းချီကို ကျွန်တော် အရမ်း မြတ်နိုးလို့ပါ။
ဆောင်းတစ်ရာမင်း
၆.၇.၂၀၂၁

ပန်း

 ကြွေကျရချင်း အတူတူ

ဆံနွယ်တွေကြားက ပန်းအယဉ်လေးဆိုတော့
ပါးပြင်နုနုလေးပေါ်မှာ
ခင်ဗျားက လှပတဲ့ ပန်းချီကား တစ်ချပ်ပေါ့။
ပန်းကလေး ဖြစ်ရတာချင်း အတူတူ
ရနံ့ရှိခဲ့တယ်
ဆူးရှိခဲ့တယ်
ပြီးတော့ ခင်ဗျားရဲ့ လှပမှုကို
တန်ဖိုးထားသူ ရှိတယ်။
စာဖွဲ့ခြယ်သဖို့
နုဖတ်နေတဲ့ နှလုံးသားမှာ
တစ်ခါတစ်လေမှာတော့
ခင်ဗျားဟာ အလှ ကျက်သရေတွေနဲ့ ပြည့်စုံနေတယ်။
ဒီလိုနဲ့
ခင်ဗျားကိုအရမ်း ချစ်မိသလို
အရမ်းလဲ မုန်းချင်လာတယ်။
ခင်ဗျားရဲ့ နှင်းဆီဆူးတွေပေါ်
ဖိနပ်မပါပဲ ဖြတ်လျှောက်တယ်
ဒဏ်ရာလေး မဖြစ်စလောက်နဲ့
ခင်ဗျားကို ပုံကြီးချဲ့ပြီး မုန်းလိုက်ပါတယ်။
အချစ်မှာ အကြောင်းပြချက် မရှိသလို
အမုန်းမှာလဲ အကြောင်းပြချက် မရှိခဲ့ဘူး
ကိုယ့်ရဲ့ အမုန်းဆိုတာကလဲ ခင်ဗျားအတွက်ဆို
အပြုံးတစ်ပွင့်ပါပဲ.. ။
နှင်းဆီတွေ ပွင့်တိုင်း
မပိုင်ဆိုင်ချင်တော့ပါဘူး။
ဆောင်းတစ်ရာမင်း
၁၀.၇.၂၀၂၂

အတ္တနှင်းဆီ


..
ဂရုစိုက်မှုနဲ့
ပွင့်ခဲ့ရတဲ့ ပန်းထက်
လျစ်လျူရှုမှုနဲ့ ပွင့်ရတဲ့
ပန်းအရေအတွက်တွေက ပိုများလာတယ်။
နှင်းဆီပွင့်ဖို့
ချစ်ခြင်းမေတ္တာ လိုအပ်တယ်
ဂရုစိုက်မှုတွေ ပေးရုံနဲ့
နှင်းဆီပွင့်တွေ လှပေးကြမှာပါ။
နှင်းဆီက တိုးတိုးလေး ရေရွတ်တယ်
ချစ်တယ် ပြောပြီး
ဂရုစိုက်ခြင်း မခံရတဲ့အခါ
ရေမလောင်းဘဲ ပန်းပင်စိုက်ထားသလိုပါပဲတဲ့
ဒုက္ခအိုးလေးထဲ
ရုန်းကန်ရတာ နေလောင်နေတဲ့
ပန်းတစ်ပွင့်ဖြစ်နေကြောင်း
လေညှင်းလေးတွေ ပြောပြပေးပါ။
ဆောင်းတစ်ရာမင်း

ညီလေးကောင်း ကဗျာများ

 နွေလမ်း

ငွေခရီးလမ်းအတွက် နေထီးကြမ်းကိုမမူဘူး အရှိအတိုင်းရတဲ့ဘဝမှာ လိပ်ပြာလှခဲ့တာအမှန်ပါ ရေခဲခေါင်းလောင်းလေးက လွင်လွင်ကလေးပြောရှာတယ် အချိန်တန်ရင်တော့ သာမာန်စက်ဘီးအနွမ်းလေးက သူ့ရဲ့ပါရမီဖြည့်ဘက်တဲ့ ။ ။ အရသာရှိတဲ့ဒုက္ခ ကျောပေါ်ကနေ့တွေကို ဂျင်းဖျော့ဖျာ့လိုဝတ်ခဲ့တယ် အနက်ရောင်ရာသီခွင်ကို ဒိန်ချဥ်လိုကြိုက်ခဲ့တယ် ခင်ဝမ်းရဲ့ရေတွင်းလေးကို နွေးနွေးနှင်းလိုချစ်ခဲ့တယ် ကိုယ်မကောင်းကြောင်း သူမကောင်းကြောင်း ပြိုင်​မောင်းရသလိုမျိုး လ၀န်းမြို့မှာရောင်းချင်တဲ့ တကိုယ်ရည်ခေါင်းလောင်းသံပါ သုညတွေမှာဆေးခြယ်စရာ ပင်လယ်ချိုချိုမရှိပါဘူး ။ မျှော်တစိမ့်စိမ့်များ၂ ပြတင်းပေါက်လေးကို စိတ်နဲ့ဖွင့်ကြည့်မှမဟုတ်ဘူး ကိုယ့်အိတ်ကပ်လေးထဲကို ဒုက္ခတဆုံးနှိုက်ကြည့်ရင်လည်း မြက်ခင်းစိမ်းရဲ့အမောကိုမြင်ရတာပဲ ။ အဟောင်းဆိုင် ကိုယ်ခေါ်ကြည့်မှ မပျော်မိတော့တဲ့ တီရှပ်ရောင်နှစ်တွေ ဘယ်မိုးတိမ်နဲ့ပဲလှလှ သူ့ထက်ငြိမ်ပြအောင် အစစတွေးပစ်ရမှာလား ရင်ဘတ်နဲ့ရေးပြီး အထိအခိုက်ပေးခဲ့တာပါပဲ တစ်ခါတုန်းက တေလေဘီးကလေးရဲ့ အစွန်းအထင်းတွေပေါ့ အဲ့ဒီလမ်းတွေထဲ လွမ်းမနေတတ်ဖို့ မှာခဲ့ဖူးပါတယ် ။ အစွဲ သူတို့ညနေခင်းကို ဘယ်သူတွေအစိုးရသွားတာလဲ ပျက်လုပျက်စီးခေတ်လေးထဲ အသက်လုပြီးချစ်နေရတဲ့ လူ့အဖွဲ့မျဥ်းကြားလေး ကွဲရှရှညခင်းတွေထဲ အဆိုးတွေ အတိုးမရချင်ပါဘူး အစိုးရတွေသိပ်ကောင်းတယ်ဆိုတာ တကယ်တော့ ကိုယ်ညာတာပါအချစ်ရေ ။ နို၀င်ဘာ နီရွှန်းကြည်လွန်းသော ပါးပြင်ဒေါင့်ချိုးလမ်းကလေးပါ စာကြည့်တိုက်ဟောင်းလေးရဲ့ လက်ဝဲဘက်အပြုံးဆိုင်လေးပါ အဝါရောင်မထိတထိလေးရဲ့ ညနေဆောင်တွင်းစိုစွတ်မှုတွေပါ ရင်ခုန်မိသူကရှုံးရတယ်ဆိုတာ ညီ မ လေး နို ၀င် ဘာ ။ ဆေးရောင်စုံ ကမ္ဘာကြီးကြီးရေးချင်မိတဲ့ ဆေးသားဖျော့ခဲတံငယ်လေး စာရွက်အလွတ်ထဲဆင်းကြည့်မှ လိုရမယ်ရချွန်ထက်ခဲ့ပုံများ လမ်းတွေအကြောင်းဆိုတာနဲ့ ပန်းတွေအ​ကောင်းပဲ ​ရိုးသားတယ်ပြောမရဘူးကွယ့် စိတ်ကူးထဲခိုးနစ်ဖူးတဲ့တက်တူးမှာ မျှော်စရာအိမ်လေးရှိခဲ့ဖူးပါတယ် ။ ဒီဇင်ဘာဝေး စိတ်အပိုင်းနံပါတ်တစ်ခုပါပဲ မြူမှုန်တွေဘယ်လောက်များများ ကိုယ့်အပေါ်သီးပွင့်ဝေဆာနေမလဲ ကျောက်စရစ်ခဲလေးလို ရေထဲကြာကြာငုပ်ကြည့်မှ အောင်မြင်ရေးလို့ခေါ်တာတဲ့လား ကိုယ်တို့မချစ်ရသေးတဲ့ နှစ်တွေအများကြီးရှိခဲ့သလို မနေ့တုန်းကအပြုံးကို မရှုံးရင်ပဲကျေနပ်မယ့်နှုတ်ခမ်းတွေ ။ ကြယ်သားလမ်း ကိုယ်ပိုင်အသီးအပွင့်ဆိုလည်း မျက်ရည်နဲ့တွန်းဖွင့်တယ် မှောင်လွန်းတဲ့မီးအိမ်နွမ်းလေးလို စစ်ကြိုခန်းများကိုမျက်နှာမူခဲ့သလို မြက်ခင်းစိမ်းအဝေးဝေးသို့ပဲ ရိုးမြေကျနေရောင်ဖြာပုံကအစ မင်းရဲ့လမ်းကိုအတူတူလွှင့်ရင်း ညနေခင်းဆီဖွင့်ကြည့်ရအုံးမှာ မပြိုပါလေနဲ့တိမ်စိုင်ကလေးရဲ့ စီးဝင်စရာမြို့တွေ ညို့နေအုံးမယ် လွမ်းရဲ့ ။ ​ ငွေဖိအားနည်းရပ်ဝန်း မျက်လုံးမှိတ်ကြည့်ရုံနဲ့ ရွှဲရွှဲစိုတတ်တဲ့ဒုက္ခတွေက မိုးလုံလေလုံဖြစ်သွားမှာမှမဟုတ်တာ ဝါဖန့်ဖန့်မီးရောင်နှစ်များထဲက ကျောမွဲလူငယ်လေးတစ်ယောက် ရောင်စုံလမ်းမကြီးကိုမျက်နှာမူကြည့်ရအောင် ကိုယ်ပိုင်အခက်အလက်တွေဝေဖို့ သူ့အကြောင်းကိုယ့်အကြောင်း လိုရမယ်ရရေးတတ်ဖတ်တတ်ဖို့ ဘဝဆိုတာမီးခြစ်ဆံလေးတစ်ခုရှိမှထတောက်ရမလို စံပယ်တွေမပွင့်လည်းအတူတူပေါ့ လူတစ်လုံးသူတစ်လုံးခြေစစ်ပွဲကန်တိုင်း ကျနော်တို့ဘက်ကအကျအရှုံးများပါတယ် ။

ဂျယ်လီ(၁)


------------- အနှစ်တိုက်ထားတဲ့အအေးခန်းရယ်မောခြင်းတွေ ဖျော်ရည်ပုလင်းကိုလက်ထိန်းထည့်ပါအဖျော်ဆရာ သလိပ်ဟပ်လည်ချောင်းဆီကအက်ကွဲကွဲအပြစ်တင်သံ ပိုးစားသွားရဲ့အပြင်းစားတောက်ခေါက်သံတွေဟာ ကော်ပုံစံခွက်တောင်မျက်ရည်လည်မိသတဲ့ ဆေးဆိုးပန်းရိုက်လေးလည်းလျှော့ပေးပါ အကြွေအစုတ်မမက်တဲ့လျှာတွေအပေါ်ပျော်ဝင်ရတာအားနာလွန်းလို့ပါရှင် ကျွန်မဟာအသိမရှိတဲ့အစိုင်အခဲအယောင်ဆောင်ဖြစ်လို့ လူကြီးမင်းအနေနဲ့အစာအိမ်မနာဖို့အာမခံပါတယ် 4.9.2021 ဂျယ်လီ

သီအိုရီဝါဒ


----------------- ဝေဒနာဝါဒ၊ သောကဝါဒ၊ မုသာဝါဒ ဟိုကောင်ဝါဒ၊ ဟိုကောင်မဝါဒ အသံထွက်ရမှာရှက်တဲ့ဖားက ပုစဥ်းရင်ကွဲဝါဒ သားသတ်ရုံကနွားဟာ မဆလာဝါဒ ခေါင်းရင်းကနတ်စင်က အယူဝါဒ အလွတ်အံတာ စာသင်ခန်းဝါဒ မဂ်လာဦးညတွေက လင်မယားဝါဒ အတင်းတုတ်ခြင်းက ပေါင်းအိုးဝါဒ ငါစည်းလွတ်ဝါးလွတ်လက်ခုတ်တီးလိုက်တယ် သီအိုရီဝါဒ.......သောက်သုံးမကျတဲ့ဝါဒ 29.8.2021 ဂျယ်လီ

သန်ချဆေး


------------------- တီရှပ်+ဒူးကျ+ဂုတ်မကျဆံမဲ ဇီဝိတဒါနပြုသူတောင်ပြုခဲ့သေး ဝမ်းခေါင်းထဲထိုးသွင့်ဖို့ဘာတွေများစိတ်စမ်းနေသလည်း ယင်နားပြီးဆေးဟာ ဒက်ဂရေးရှင်း လိုသေးလား မျှောချဖို့ ဒိုင်အောဂျနိ လက်ခုတ်ထဲကရေလိုသေးတာလား စအိုပေါက်ကအံ့ထွက်ဖို့ပဲဟာ အလုံးလိုက်အခဲလိုက် လူသားဆန်ခြင်းထည့်ကိုက်လိုက်ရင်ရပါပြီငါ့ကောင်ရာ 17.8.2021 ဂျယ်လီ

ချောကလက်အပျိုစင်


---------------------------------- ကျဆိမ့်တခွက်ပေးပါ ချိုဆိမ့်တခွက်ပေးပါ ပုံမှန်တခွက်ပေးပါ အခါးရည်လေးဖြည့်ပေးပါ နံပြားတချပ်ပေးပါ ပေးပါ...ပေးပါ ငါ့ကိုလည်းထပ်ဖြည့်ပေးပါ ဒီနယ်မြေဟာ ဦးဂျေကြီးအလွမ်းကဖီးလိုမဟုတ် အမည်ပျက်စာရင်းဝင် အဖျော်ဆရာတွေဆဲကြဆိုကြနဲ့ ဒေါသပုံဆောင်ခဲတွေလည်းရဲလို့... 22.7.2021 ဂျယ်လီ

ဂျယ်လီ(၃)


------------------ သူ့အဖေပုံပြင်တွေကိုအိုးပုတ်ခွက်ထဲထည့်ပိတ်ထားတဲ့ကလေး ဘိုင်နိုမီယမ်ကိန်းတန်းတွေအပေါ်ဆပ်ပြာရည်လောင်းချခဲ့တဲ့အဲ့ကလေးရဲ့လက်တွေ ခုဆိုလေလွင့်ခွေးရဲ့အသံဝင်ခြင်းကိုအခွင့်အရေးယူတတ်နေပြီ သူ့အမေသင်ပေးခဲ့တဲ့ဘုရားစာတွေနဲ့ကောင်းကောင်းတစ္ဆေခြောက်တတ်နေပြီ သူမကိုယ်သူမလည်းသရော်တတ်နေပြီ Disneyရဲ့မင်းသားမျှော်ဇာတ်ကောင်တွေမှာ မင်းသားအစား Luciferကိုထည့်မယ်ဆိုတဲ့သူမရဲ့စိတ်ကူးကိုပေါ့ သေချာတယ်ပြီးရင် သရေကြိုးလျော့နေတဲ့ဘောင်းဘီတွေကိုပုခက်ထည့်ပြီးချော့သိပ်လိမ့်မယ် ဘိသိတ်ဆရာကိုလည်းမုသာဝါဒနဲ့ငရဲပို့လိမ့်မယ် 26.9.2021 ဂျယ်လီ

ပုံပြင်

----------

ကစဥ့်ကလျားအိမ်မက်တို ပြိုတော့မဲ့မိုးသားတွေ ကြောင်တကောင်ရဲ့စကားသံတွေ ခံဘက်အပြည့်နဲ့ဗီလိန်တွေ ထိန်ထိန်သာနေတဲ့လပြည့်ညတွေ နေသားတကျပုံပြင်တပုဒ်ရဲ့အဆုံးသတ်တွေ 13.8.2021 ဂျယ်လီ

ဂျယ်လီ(၄)


တတိယမြောက်ရေပိုက်ခေါင်းထဲကအခါးရည်ခပ်နွေးနွေးတွေထွက်လာတယ် လက်ချောင်းနဲ့စို့ထားဖို့ ကျွန်မအားယူမိလိုက်သလိုပဲ ဒီဖြစ်ရပ်ကိုပြောပြတော့ကဗျာဆရာကပါတိတ်ဝမ်းဆက်နဲ့ဟိုနားကမိန်းမတွေကိုလက်ညိုးထိုးပြတယ် အထက်ဆင့်မပါတဲ့ဒီမိန်းမတချို့ကတော့အခါးရည်နွေးနွေးတွေကိုပဲအာရုံရောက်နေတယ် သိပ်မကြာခင်မှာဒီမိန်းမတွေခေါင်းကိုက်လာမယ် လက်ဖျံရိုးတွေအပူလျှပ်လာမယ် ပြီးတော့ဘုရားကိုလူမှုရေးအရပြုံးပြလိမ့်မယ် အထက်ဆင့်မပါတဲ့မိန်းမတွေခက်တာပဲ သိပ်ခက်တဲ့မိန်းမစားတွေပဲတဲ့ ဒါလူရူးတွေပြောနေကြစကားပဲကဗျာဆရာ အခါးရည်တွေကိုမြိုချလိုက်ရင် သိပ်လွယ် သွားတာပေါ့ရှင် 22.10.2021 ဂျယ်လီ

အာသာပြေညနေခင်း


--------------------------------- စာအုပ်တွေအပျင်းပြေလမ်းလျှောက်ထွက် ခြေညောင်းလက်ဆန့်လောက်ပါပဲ... ပန်းဆိုးတန်းကခါးကိုင်းကိုင်းဘဲကြီးပါမယ် Bookmark လှလှလေးနဲ့ပနံသင့်ရိုမက်တစ်ကောင်လည်းပါတယ် ဝဝဖိုင့်ဖိုင့်သူ့ကိုသူမြင့်မြတ်လှပါချည်ရဲ့ဆိုတဲ့ ဘုန်းကြီးလူထွက်ရောပေါ့ ဪ...နေမညိုခင်ပြန်ကြအုန်း ပရမ်းပတာဥပဒေကြမ်းဆိုတဲ့ငနဲ ဆင်ကြံ ကြံနေလေတယ်။ ။ 13.8.2021 ဂျယ်လီ

နံကြားညပ်နေတဲ့ကဗျာ(၁)


----------------------------------------- ကျွန်မအခန်းဒေါင့်မှာစာအုပ်စင်ရှိတယ် ညကတော့ ခြေထောက်နဲ့စောင့်ကန်မယ်ပေါ့ မနက်ရောက်တော့ အဲ့ခြေထောက်တွေကျိုးသွားတယ် ဟုတ်လိမ့်မယ် ဦးနှောက်ထဲရာသီသွေးရောက်သွားလို့လား စောက်စကားများတဲ့ ကျွန်မပါးစပ်နဲ့ ဆေးထိုးအပ်တန်းလန်းနဲ့ လူနာတွေကို ငုံထားမိလို့လား တော်ပါပြီရှင်... ကျိုးသွားတဲ့ခြေထောက်တွေထက် အပျိုစင်ဘဝမှာမာကျူရီပျက်သွားတာကိုပဲ အရသာခံညည်းညူပစ်တယ်
12.11.2021
ဂျယ်လီ

လေနုနွေး


ရိုးမရဲ့ပေါက်ဖော် အာရှတိုက်သူဗမာအမျိုးသမီးပါပဲ လူ့အခွင့်အရေးဆုံးရူံးဆဲကာလတစ်ခုမှာ သူမခြေထောက်တွေ ဖိနပ်ပေါက်နေတယ် စက်ဘီးခြေနင်းတွေအပေါ်မရောက်ခင် ဖိနပ်နဲ့ခွဲခြားခြင်းကာလဖြစ်လိမ့်မယ် ရှေ့ခြင်းထဲမှာ ဥသျှစ်သီးမှည့်ရယ် ဝက်ပေါင်ခြောက်ရယ် ထည့်လာခဲ့တယ် ဖိနပ်မပါတဲ့ ဗမာအမျိုးသမီးတစ်ယောက်ရဲ့ ခြေထောက်မှာ ခဲစတွေဆူးတယ် သဘာဝကဖှုန်မှုန့်တွေသိပ်ပေးခဲ့ အိတ်ကပ်ထဲက ရွက်ဝါပေါ်မှာသိုးမွှေးစထိုးထားတဲ့ ကဗျာတစ်ပုဒ်ကိုထုတ် ထုတ်ရွတ်နေရဲ့ လေးနုနွေးဆီရောက်သွားခဲ့တယ် ဆောင်းတွင်းမို့ဗမာအမျိုးသမီးလေးအတော်နွေးခဲ့ရပါတယ်

14.12.2021 ဂျယ်လီ

ပူရှိန်း --------


အဖျားကိုမီးလောင်ရာလေပင့်လိုက်တယ် ဪ...ဖျားနေတာပဲ လူနာသတင်းမေးဖို့မိုးပျံပူပေါင်းထဲပြဒါးတိုင်ထည့်ပြီးလွှတ်တင်ပေးလိုက်တာပေါ့ ရေဆူဆေးပြားစား ဆိုဒါမော့ အနည်းဆုံးတော့ ပါးစပ်ထဲကလိပ်ပြာတွေခေါင်းကိုက်သက်သာမှာပါ ငါသာဆရာဝန်နေရာမှာဆို ငါသာဆရာဝန်နေရာမှာဆိုရင်လေ မနေ့ညကမိုးရည်တွေကို အသိနဲ့တရားရောပြီး ငါးမိနစ်ခြားတခါထိုးသွင်းမိမှာသေချာတယ် ကောင်းပြီလေ အဖျားကျတဲ့မနက်ကျရင်တော့ပူရှိန်းငုံဖို့မမေ့နဲ့ပေါ့
3.10.2021 ဂျယ်လီ

လီယာ


ကိုယ်လက်သန့်စင်ပြီးသနပ်ခါးအဖွေးသားလက်တံများ အရက်ပြန်နဲ့သေချာမျက်နှာပိုးသတ်ပေးပါ 'လီယာ' ဟာပြောင်စပ်စပ်လမ်းလျှောက်သံမျိုးကိုမုန်းတယ်ရှင့် ဒိုင်ကွက်တွေမျက်ကြောမစင်းခင် ငါ့လက်ပေါ်ခေါင်းအုံးချလိုက်ပုံများ ပြေးလမ်းပေါင်း ၈၀၀၀ကျော်မရပ်မနားပြေးတဲ့စက္ကန့်တံလည်း အရိုးတခြားအသားတခြားလုံးပါး ပါးလို့ ဆင်ဆာလွတ်ဇာတ်ဝင်ခန်းတွေကိုကြည့်မရတဲ့ 'လီယာ' အနောက်တိုင်းနဲ့မှအသားတကျဖြစ်ခဲ့ မကြာခဏ ခရီးလွန်တော့ နာရီတလုံးပေးမဲ့အစားအဝတ်လျှော်စက်သာပေးခဲ့ပါ 'လီယာ' ဆိုဖာပေါ်ကယဥ်ကျေးမှုတွေလျှော်ဖွတ်ပြီးမှအိမ်ထဲဝင်ခဲ့ပေါ့
25.8.2021 ဂျယ်လီ

ပန်းချီစာအုပ် ဦးလှထွန်း မြန်မာပန်းချီရေစီးကြောင်း

 ဦးလှထွန်း မြန်မာပန်းချီရေစီးကြောင်း

https://u.pcloud.link/publink/show?code=XZwnV5VZv3zllyHDappIwcK9IusfE8jv9U47

ပန်းချီကို အင်္ကျီတစ်ထည်လို ဝတ်ခဲ့တယ်

အရှက်လုံအောင် ဝတ်ရမယ့် အင်္ကျီ တစ်ထည်ကို 
ကဗျာကသီ ဝတ်ခဲ့တယ်
မလုံမလဲ ပန်းချီတွေ ရေးချင်တော့လဲ 
ကိုယ်တိုင် ရှက်မိပါသေးတယ်။

ရေအိုးတွေနဲ့ ‌ရေခပ်ဆင်းခဲ့တဲ့ 
ပျိုဖြူတို့ရဲ့ အလှဟာ အနုပညာဖြစ် ပြောင်းလဲသွားတယ်
ရေစိုနေတဲ့ အဝတ်တစ်စုံနဲ့
အခုထိ စွဲမက်စရာကောင်းလွန်းနေတယ်။

ဆောင်းတစ်ရာမင်း
၂၈-၃-၂၀၂၂