Pages

အလိပ်

 အငွေ့အဖြစ် လေထုထဲ ပျောက်ကွယ်ပြီး

‌အဆုတ်ထဲထိ နက်နက်ရှိုင်းရှိုင်း
တိုးဝင် သွားတယ်။
နှုတ်ခမ်းဖျားပေါ် တယုတယ ထိတွေ့ရုံနဲ့
ပြီးတော့မှ လက်ဖျားခါလောက်အောင်
စွဲလမ်းရတယ်ဗျာ။
ခင်ဗျားလည်း ဘာထူးလဲ အချစ်လိုပဲ လွမ်းရလို့
အဆုတ်ကို ပျက်ဆီးစေတာပဲ
ဆေးလိပ်တိုတွေဟာ ကိုယ့်အနားမှာ ပြန့်ကြဲ
သူတို့ကို တို့ထိဖို့ ၊ ပြီးတော့ ဖွာရှိုက်ဖို့၊
ပြီးတော့ ဖိချေဖို့ မကြိုးစားကြပါနဲ့
အဆုတ်တစ်ခုလုံး နာကျင်ရလို့ပါ။
ဆောင်းတစ်ရာမင်း
၁၆/၃/၂၀၂၂

No comments:

Post a Comment