နွေလမ်း
ငွေခရီးလမ်းအတွက် နေထီးကြမ်းကိုမမူဘူး အရှိအတိုင်းရတဲ့ဘဝမှာ လိပ်ပြာလှခဲ့တာအမှန်ပါ ရေခဲခေါင်းလောင်းလေးက လွင်လွင်ကလေးပြောရှာတယ် အချိန်တန်ရင်တော့ သာမာန်စက်ဘီးအနွမ်းလေးက သူ့ရဲ့ပါရမီဖြည့်ဘက်တဲ့ ။ ။ အရသာရှိတဲ့ဒုက္ခ ကျောပေါ်ကနေ့တွေကို ဂျင်းဖျော့ဖျာ့လိုဝတ်ခဲ့တယ် အနက်ရောင်ရာသီခွင်ကို ဒိန်ချဥ်လိုကြိုက်ခဲ့တယ် ခင်ဝမ်းရဲ့ရေတွင်းလေးကို နွေးနွေးနှင်းလိုချစ်ခဲ့တယ် ကိုယ်မကောင်းကြောင်း သူမကောင်းကြောင်း ပြိုင်မောင်းရသလိုမျိုး လ၀န်းမြို့မှာရောင်းချင်တဲ့ တကိုယ်ရည်ခေါင်းလောင်းသံပါ သုညတွေမှာဆေးခြယ်စရာ ပင်လယ်ချိုချိုမရှိပါဘူး ။ မျှော်တစိမ့်စိမ့်များ၂ ပြတင်းပေါက်လေးကို စိတ်နဲ့ဖွင့်ကြည့်မှမဟုတ်ဘူး ကိုယ့်အိတ်ကပ်လေးထဲကို ဒုက္ခတဆုံးနှိုက်ကြည့်ရင်လည်း မြက်ခင်းစိမ်းရဲ့အမောကိုမြင်ရတာပဲ ။ အဟောင်းဆိုင် ကိုယ်ခေါ်ကြည့်မှ မပျော်မိတော့တဲ့ တီရှပ်ရောင်နှစ်တွေ ဘယ်မိုးတိမ်နဲ့ပဲလှလှ သူ့ထက်ငြိမ်ပြအောင် အစစတွေးပစ်ရမှာလား ရင်ဘတ်နဲ့ရေးပြီး အထိအခိုက်ပေးခဲ့တာပါပဲ တစ်ခါတုန်းက တေလေဘီးကလေးရဲ့ အစွန်းအထင်းတွေပေါ့ အဲ့ဒီလမ်းတွေထဲ လွမ်းမနေတတ်ဖို့ မှာခဲ့ဖူးပါတယ် ။ အစွဲ သူတို့ညနေခင်းကို ဘယ်သူတွေအစိုးရသွားတာလဲ ပျက်လုပျက်စီးခေတ်လေးထဲ အသက်လုပြီးချစ်နေရတဲ့ လူ့အဖွဲ့မျဥ်းကြားလေး ကွဲရှရှညခင်းတွေထဲ အဆိုးတွေ အတိုးမရချင်ပါဘူး အစိုးရတွေသိပ်ကောင်းတယ်ဆိုတာ တကယ်တော့ ကိုယ်ညာတာပါအချစ်ရေ ။ နို၀င်ဘာ နီရွှန်းကြည်လွန်းသော ပါးပြင်ဒေါင့်ချိုးလမ်းကလေးပါ စာကြည့်တိုက်ဟောင်းလေးရဲ့ လက်ဝဲဘက်အပြုံးဆိုင်လေးပါ အဝါရောင်မထိတထိလေးရဲ့ ညနေဆောင်တွင်းစိုစွတ်မှုတွေပါ ရင်ခုန်မိသူကရှုံးရတယ်ဆိုတာ ညီ မ လေး နို ၀င် ဘာ ။ ဆေးရောင်စုံ ကမ္ဘာကြီးကြီးရေးချင်မိတဲ့ ဆေးသားဖျော့ခဲတံငယ်လေး စာရွက်အလွတ်ထဲဆင်းကြည့်မှ လိုရမယ်ရချွန်ထက်ခဲ့ပုံများ လမ်းတွေအကြောင်းဆိုတာနဲ့ ပန်းတွေအကောင်းပဲ ရိုးသားတယ်ပြောမရဘူးကွယ့် စိတ်ကူးထဲခိုးနစ်ဖူးတဲ့တက်တူးမှာ မျှော်စရာအိမ်လေးရှိခဲ့ဖူးပါတယ် ။ ဒီဇင်ဘာဝေး စိတ်အပိုင်းနံပါတ်တစ်ခုပါပဲ မြူမှုန်တွေဘယ်လောက်များများ ကိုယ့်အပေါ်သီးပွင့်ဝေဆာနေမလဲ ကျောက်စရစ်ခဲလေးလို ရေထဲကြာကြာငုပ်ကြည့်မှ အောင်မြင်ရေးလို့ခေါ်တာတဲ့လား ကိုယ်တို့မချစ်ရသေးတဲ့ နှစ်တွေအများကြီးရှိခဲ့သလို မနေ့တုန်းကအပြုံးကို မရှုံးရင်ပဲကျေနပ်မယ့်နှုတ်ခမ်းတွေ ။ ကြယ်သားလမ်း ကိုယ်ပိုင်အသီးအပွင့်ဆိုလည်း မျက်ရည်နဲ့တွန်းဖွင့်တယ် မှောင်လွန်းတဲ့မီးအိမ်နွမ်းလေးလို စစ်ကြိုခန်းများကိုမျက်နှာမူခဲ့သလို မြက်ခင်းစိမ်းအဝေးဝေးသို့ပဲ ရိုးမြေကျနေရောင်ဖြာပုံကအစ မင်းရဲ့လမ်းကိုအတူတူလွှင့်ရင်း ညနေခင်းဆီဖွင့်ကြည့်ရအုံးမှာ မပြိုပါလေနဲ့တိမ်စိုင်ကလေးရဲ့ စီးဝင်စရာမြို့တွေ ညို့နေအုံးမယ် လွမ်းရဲ့ ။ ငွေဖိအားနည်းရပ်ဝန်း မျက်လုံးမှိတ်ကြည့်ရုံနဲ့ ရွှဲရွှဲစိုတတ်တဲ့ဒုက္ခတွေက မိုးလုံလေလုံဖြစ်သွားမှာမှမဟုတ်တာ ဝါဖန့်ဖန့်မီးရောင်နှစ်များထဲက ကျောမွဲလူငယ်လေးတစ်ယောက် ရောင်စုံလမ်းမကြီးကိုမျက်နှာမူကြည့်ရအောင် ကိုယ်ပိုင်အခက်အလက်တွေဝေဖို့ သူ့အကြောင်းကိုယ့်အကြောင်း လိုရမယ်ရရေးတတ်ဖတ်တတ်ဖို့ ဘဝဆိုတာမီးခြစ်ဆံလေးတစ်ခုရှိမှထတောက်ရမလို စံပယ်တွေမပွင့်လည်းအတူတူပေါ့ လူတစ်လုံးသူတစ်လုံးခြေစစ်ပွဲကန်တိုင်း ကျနော်တို့ဘက်ကအကျအရှုံးများပါတယ် ။
No comments:
Post a Comment