ကြွေကျရချင်း အတူတူ
ဆံနွယ်တွေကြားက ပန်းအယဉ်လေးဆိုတော့
ပါးပြင်နုနုလေးပေါ်မှာ
ခင်ဗျားက လှပတဲ့ ပန်းချီကား တစ်ချပ်ပေါ့။
ရနံ့ရှိခဲ့တယ်
ဆူးရှိခဲ့တယ်
ပြီးတော့ ခင်ဗျားရဲ့ လှပမှုကို
တန်ဖိုးထားသူ ရှိတယ်။
စာဖွဲ့ခြယ်သဖို့
နုဖတ်နေတဲ့ နှလုံးသားမှာ
တစ်ခါတစ်လေမှာတော့
ခင်ဗျားဟာ အလှ ကျက်သရေတွေနဲ့ ပြည့်စုံနေတယ်။
ဒီလိုနဲ့
ခင်ဗျားကိုအရမ်း ချစ်မိသလို
အရမ်းလဲ မုန်းချင်လာတယ်။
ခင်ဗျားရဲ့ နှင်းဆီဆူးတွေပေါ်
ဖိနပ်မပါပဲ ဖြတ်လျှောက်တယ်
ဒဏ်ရာလေး မဖြစ်စလောက်နဲ့
ခင်ဗျားကို ပုံကြီးချဲ့ပြီး မုန်းလိုက်ပါတယ်။
အချစ်မှာ အကြောင်းပြချက် မရှိသလို
အမုန်းမှာလဲ အကြောင်းပြချက် မရှိခဲ့ဘူး
ကိုယ့်ရဲ့ အမုန်းဆိုတာကလဲ ခင်ဗျားအတွက်ဆို
အပြုံးတစ်ပွင့်ပါပဲ.. ။
နှင်းဆီတွေ ပွင့်တိုင်း
မပိုင်ဆိုင်ချင်တော့ပါဘူး။
ဆောင်းတစ်ရာမင်း
၁၀.၇.၂၀၂၂
No comments:
Post a Comment