.....
စာရွက်ဖြူလေး ၊ မခမ်းနားပါဘူး
ခဲတံလေး၊ မခမ်းနားပါဘူး
မခမ်းနားဘူးလို့ မပြောနိုင်ဘူးနော်
ပန်းချီဆရာ အတု တစ်ယောက်အတွက်
ပန်းချီရေးချိန် အရမ်းကိုရှားပါတယ်
ပန်းချီဆရာ အတု ဆိုတာ
ပန်းချီပညာနဲ့ အသက်မွေး ဝမ်းကြောင်း
မပြုနိုင်တဲ့သူပါ
ပန်းချီကို သေလောက်အောင် ဝါသနာပါပေမယ့်
ပန်းချီနဲ့ ဘဝကို မရပ်တည်ရဲတဲ့သူပါ
ပန်းချီဆရာအတုဟာ တစ်ခြားသူမဟုတ်ပါဘူး
ကျွန်တော်ပါပဲ
ပန်းချီ ၁ ပုံ ရေးဖို့အတွက်
အချိန်လိုပါတယ်
အားတဲ့ အချိန်မှာလဲ ရေးချင်စိတ်ရှိဖို့ လိုအပ်တယ်
အလုပ်တာဝန်တွေ
လူမှုရေးတွေ
ဘာတွေ
ညာတွေနဲ့
ပန်းချီရေးဖို့ မလွယ်သလို
ပန်းချီ တစ်ကားဖြစ်ဖို့လဲ မလွယ်ပါဘူး
ဒါကြောင့်
ကျွန်တော် ဆီက ပန်းချီကား လက်ဆောင်ရရင်
ပန်းချီကားတွေကို တန်ဖိုးထားပါ
ပန်းချီကို ကျွန်တော် အရမ်း မြတ်နိုးလို့ပါ။
ဆောင်းတစ်ရာမင်း
၆.၇.၂၀၂၁
No comments:
Post a Comment