Pages

ပုံတူပန်းချီလေးများ လက်ဆောင်ရခဲ့လျှင်


......
အဖြူ ၊ အမဲ အရောင် (၂ ) မျိုးထက် ပိုပါတယ်
စာရွက်ပေါ်က ဧရိယာထက်
တန်ဖိုးထားမှုတွေ ကျယ်ပြန့်ပါတယ်
လက်ချောင်းတွေနဲ့ အချိန်တွေကို
ဆွတ်ခူးထားတာမို့ ရရှိလိုက်သူအဖို့
အမြဲသတိရနေဖို့ သေချာပါတယ်
ကျောက်ဆိုင် ကျောက်သားတွေလို မမာကျောပေမယ့်
တန်ဖိုးထားလိုစိတ်နဲ့ ထိန်းသိမ်းထားတတ်ကြတာမို့
ခုနှစ်အလီလီ ပြောင်းတာတောင်
တချို့တွေဆီမှာ မြတ်နိုးသိမ်းဆည်းစရာ တစ်ခုအနေနဲ့ ရှိနေတတ်တယ်။
ဘယ်သူက ဘယ်သူ့အတွက်
ပန်းချီရေးသူဆီမှာ
ဖန်တီးစေခဲ့တာဟာ
နူးညံ့စွာ ပန်းတွေပွင်နေသလိုပဲ
ပန်းစည်းတွေနဲ့ လက်ဆောင်ပေးခံရသလိုပဲ
သိပ်ကို ကြည်နူးစရာ ကောင်းလိမ့်မယ်။
နည်းပညာခေတ်ကြီးမှာ
လျှပ်စစ်ပစ္စည်းတွေကို ခလုတ်နှိပ်တိုင်း
ကိစ္စတွေ ပြီးမြောက်တယ်
ရောင်စုံ ဗီနှိုင်းတွေနဲ့ ကာလာခေတ်ကြီးထဲမှာ
ခဲပန်းချီပုံ‌တူတွေ အပ်နှံသူတွေ ရှိနေပါသေးတယ်
မိတ္တူကူးစက်ထဲက ထွက်လာတဲ့ပုံလို
မတူနိုင်ပေမယ့်
ပန်းချီရေးသူဟာ သူ့ရဲ့ နှလုံးသားကို
ခလုတ်နှိပ် သူစု‌စောင်းထားသမျှ
အနုပညာ ဝမ်းစာ နဲ့
ရေးရလာတာမို့
ပန်းချီပုံတူလေးတွေကို တန်ဖိုးထားပေးပါ။
ဆောင်းတစ်ရာမင်း
၁၆.၂.၂၀၂၂

No comments:

Post a Comment