Pages

အလှတရား မလေးရေ


ပုလဲလုံးတွေဟာ လှပေမယ့်
ခံစားချက် မရှိကြဘူး။
အလှတရား မလေးရေ
ပုလဲ လုံးတွေဟာ
ကမာ ကောင်လေးတွေရဲ့ မျက်ရည်ဖြစ်နေပြန်တယ်။
မျက်ရည်တွေနဲ့
စုစည်းထားလို့ ပုလဲလုံးလေးက
လှပ နေရတာလား။
မျက်ရည် အတွက်
အဆင်မပြေမှုတွေ ဘယ်လောက်စုထားခဲ့သလဲ။
အလှတရား မလေးရေ
လွမ်းတိုင်း မငိုပါနဲ့
ပုလဲလုံးလေးတွေထက်
အလှတရားမလေးရဲ့ မျက်ရည်တွေက တန်ဖိုးပိုရှိလို့ပါ။
ဆောင်းတစ်ရာမင်း
၂၅.၅.၂၀၂၂

No comments:

Post a Comment