Pages

ဂျယ်လီ(၄)


တတိယမြောက်ရေပိုက်ခေါင်းထဲကအခါးရည်ခပ်နွေးနွေးတွေထွက်လာတယ် လက်ချောင်းနဲ့စို့ထားဖို့ ကျွန်မအားယူမိလိုက်သလိုပဲ ဒီဖြစ်ရပ်ကိုပြောပြတော့ကဗျာဆရာကပါတိတ်ဝမ်းဆက်နဲ့ဟိုနားကမိန်းမတွေကိုလက်ညိုးထိုးပြတယ် အထက်ဆင့်မပါတဲ့ဒီမိန်းမတချို့ကတော့အခါးရည်နွေးနွေးတွေကိုပဲအာရုံရောက်နေတယ် သိပ်မကြာခင်မှာဒီမိန်းမတွေခေါင်းကိုက်လာမယ် လက်ဖျံရိုးတွေအပူလျှပ်လာမယ် ပြီးတော့ဘုရားကိုလူမှုရေးအရပြုံးပြလိမ့်မယ် အထက်ဆင့်မပါတဲ့မိန်းမတွေခက်တာပဲ သိပ်ခက်တဲ့မိန်းမစားတွေပဲတဲ့ ဒါလူရူးတွေပြောနေကြစကားပဲကဗျာဆရာ အခါးရည်တွေကိုမြိုချလိုက်ရင် သိပ်လွယ် သွားတာပေါ့ရှင် 22.10.2021 ဂျယ်လီ

No comments:

Post a Comment