Pages

(အမှိုက်)



အမှိုက်
အဖြစ်နဲ့ ရှောင်ဖယ်ခံရကာစ
အမှိုက် အဖြစ် ခံစားမိကာစ
ထိုခဏမှာပဲ
အမှိုက်ကို
အမှိုက်ပုံးထဲ ထည့်ကြတယ်။
အမှိုက်က လက်မခံဘူး
အမှိုက်က ရွှေဖြစ်တယ်ဆိုတဲ့ ဥပမာကို
လက်ခံထားတယ်
အမှိုက်ဟာ
ကြီးမြတ်ချင်လာတယ်
အမှိုက်ကို လုံးခြေ
အမှိုက်ကို အဆုံးသတ်ပေးဖို့
ကြိုးစားကြတယ်
နောက်ဆုံး အမှိုက်ကလည်း ပြဿဒ်မီးလောင်ဖို့
ကြိုးစားလာတယ်။
အမှိုက်ဟာ
လေရူးတွေကြားပြေးလွှား
ရေမျှောကမ်းတင်
အမှိုက်ဟာ ပတ်ဝန်းကျင်သာယာမှုကို
နှောင့်ယှက်ဖို့ ကြိုးစားတယ်
အမှိုက်တွေဟာ
ကူးစက်ရောဂါလို ပျံ့နှံ့လွယ်တယ်
ပြီးတော့ အမှိုက်တွေ အဆက်မပြတ်
ဖြစ်ပေါ်လာတယ်။
လမ်းပေါ်မှာ
ဖိနပ်အောက်မှာ
စားပွဲခုံတွေကြားမှာ
အမှိုက်တွေ အများကြီးဗျာ
နောက်ဆုံး အမှိုက်တွေက
ကျွန်တော့် အတွေးတွေထဲ ရောက်လာတယ်
ပြီးတော့ ကျွန်တော် နှလုံးသားကို ကြီးစိုးတယ်
ပြီးတော့ ကျွန်တော်လဲ တဖြည်းဖြည်း
အမှိုက်အဖြစ်
ပြောင်းလဲသွားတယ်။
ဆောင်းတစ်ရာမင်း
၂၃.၅.၂၀၂၂
Like
Comment
Share

7

No comments:

Post a Comment