လေနုနွေး
ရိုးမရဲ့ပေါက်ဖော် အာရှတိုက်သူဗမာအမျိုးသမီးပါပဲ
လူ့အခွင့်အရေးဆုံးရူံးဆဲကာလတစ်ခုမှာ သူမခြေထောက်တွေ ဖိနပ်ပေါက်နေတယ်
စက်ဘီးခြေနင်းတွေအပေါ်မရောက်ခင် ဖိနပ်နဲ့ခွဲခြားခြင်းကာလဖြစ်လိမ့်မယ်
ရှေ့ခြင်းထဲမှာ ဥသျှစ်သီးမှည့်ရယ် ဝက်ပေါင်ခြောက်ရယ် ထည့်လာခဲ့တယ်
ဖိနပ်မပါတဲ့ ဗမာအမျိုးသမီးတစ်ယောက်ရဲ့ ခြေထောက်မှာ ခဲစတွေဆူးတယ်
သဘာဝကဖှုန်မှုန့်တွေသိပ်ပေးခဲ့
အိတ်ကပ်ထဲက ရွက်ဝါပေါ်မှာသိုးမွှေးစထိုးထားတဲ့
ကဗျာတစ်ပုဒ်ကိုထုတ် ထုတ်ရွတ်နေရဲ့
လေးနုနွေးဆီရောက်သွားခဲ့တယ်
ဆောင်းတွင်းမို့ဗမာအမျိုးသမီးလေးအတော်နွေးခဲ့ရပါတယ်
14.12.2021
ဂျယ်လီ
No comments:
Post a Comment