ပူရှိန်း --------
အဖျားကိုမီးလောင်ရာလေပင့်လိုက်တယ်
ဪ...ဖျားနေတာပဲ
လူနာသတင်းမေးဖို့မိုးပျံပူပေါင်းထဲပြဒါးတိုင်ထည့်ပြီးလွှတ်တင်ပေးလိုက်တာပေါ့
ရေဆူဆေးပြားစား ဆိုဒါမော့
အနည်းဆုံးတော့ ပါးစပ်ထဲကလိပ်ပြာတွေခေါင်းကိုက်သက်သာမှာပါ
ငါသာဆရာဝန်နေရာမှာဆို
ငါသာဆရာဝန်နေရာမှာဆိုရင်လေ
မနေ့ညကမိုးရည်တွေကို အသိနဲ့တရားရောပြီး ငါးမိနစ်ခြားတခါထိုးသွင်းမိမှာသေချာတယ်
ကောင်းပြီလေ အဖျားကျတဲ့မနက်ကျရင်တော့ပူရှိန်းငုံဖို့မမေ့နဲ့ပေါ့
3.10.2021
ဂျယ်လီ
No comments:
Post a Comment