ကိုယ့်ကို နာကျင်အောင်
ဆူးတွေနဲ့ ကုတ်ခြစ်လိုက်ပါလား
ဒါမှမဟုတ်
ကိုယ့်အသားကို နာကျင်အောင်လုပ်ပြီး
အဲ့ဒီ ဒဏ်ရာတွေနဲ့
မနှင်းဆီကို မုန်းပစ်လိုက်ချင်တယ်
မနှင်းဆီရေ ရနံ့အပြင်
သတိရစေခြင်းတွေပါ ထည့်ပွင့်လိုက်လေသလား
မနှင်းဆီရဲ့ပုံရိပ်တွေနဲ့ မလွတ်ကင်းတော့တဲ့
နေ့ရက်တွေမှာ
မနှင်းဆီဟာ ရယ်မောနေမှာလား
ကိုယ့်ဒုက္ခကို ကုစားပေးမှာလား
အားကိုးတကြီး
အော်ဟစ်သံကို မနှင်းဆီက မကြား
ရှုပ်ပွနေတဲ့ ကိုယ့်အဖြစ်ကို
မနှင်းဆီက မမြင်
မနှင်းဆီက သူ လှပစွာ ပွင့်ဖို့ပဲ စိတ်စောနေတယ်။
ဆောင်းတစ်ရာမင်း
No comments:
Post a Comment