Pages

ဂျယ်လီ(၁)


------------- အနှစ်တိုက်ထားတဲ့အအေးခန်းရယ်မောခြင်းတွေ ဖျော်ရည်ပုလင်းကိုလက်ထိန်းထည့်ပါအဖျော်ဆရာ သလိပ်ဟပ်လည်ချောင်းဆီကအက်ကွဲကွဲအပြစ်တင်သံ ပိုးစားသွားရဲ့အပြင်းစားတောက်ခေါက်သံတွေဟာ ကော်ပုံစံခွက်တောင်မျက်ရည်လည်မိသတဲ့ ဆေးဆိုးပန်းရိုက်လေးလည်းလျှော့ပေးပါ အကြွေအစုတ်မမက်တဲ့လျှာတွေအပေါ်ပျော်ဝင်ရတာအားနာလွန်းလို့ပါရှင် ကျွန်မဟာအသိမရှိတဲ့အစိုင်အခဲအယောင်ဆောင်ဖြစ်လို့ လူကြီးမင်းအနေနဲ့အစာအိမ်မနာဖို့အာမခံပါတယ် 4.9.2021 ဂျယ်လီ

No comments:

Post a Comment