ဂျယ်လီ(၃)
------------------
သူ့အဖေပုံပြင်တွေကိုအိုးပုတ်ခွက်ထဲထည့်ပိတ်ထားတဲ့ကလေး
ဘိုင်နိုမီယမ်ကိန်းတန်းတွေအပေါ်ဆပ်ပြာရည်လောင်းချခဲ့တဲ့အဲ့ကလေးရဲ့လက်တွေ
ခုဆိုလေလွင့်ခွေးရဲ့အသံဝင်ခြင်းကိုအခွင့်အရေးယူတတ်နေပြီ
သူ့အမေသင်ပေးခဲ့တဲ့ဘုရားစာတွေနဲ့ကောင်းကောင်းတစ္ဆေခြောက်တတ်နေပြီ
သူမကိုယ်သူမလည်းသရော်တတ်နေပြီ
Disneyရဲ့မင်းသားမျှော်ဇာတ်ကောင်တွေမှာ မင်းသားအစား Luciferကိုထည့်မယ်ဆိုတဲ့သူမရဲ့စိတ်ကူးကိုပေါ့
သေချာတယ်ပြီးရင်
သရေကြိုးလျော့နေတဲ့ဘောင်းဘီတွေကိုပုခက်ထည့်ပြီးချော့သိပ်လိမ့်မယ်
ဘိသိတ်ဆရာကိုလည်းမုသာဝါဒနဲ့ငရဲပို့လိမ့်မယ်
26.9.2021
ဂျယ်လီ
No comments:
Post a Comment