ဗန်ဂိုး ရဲ့
အဝါရောင် နေကြာပန်းတွေဗန်ဂိုး မရှိတဲ့ နောက်မှ
သိပ် လှပနေတယ်။
ဗန်ဂိုးရဲ့
နေကြာပန်း ပန်းချီလေးဟာ အခုထိ
မညှိုးနွမ်းသေးဘူး
လှပ နေတုန်းပဲ။
ဗန်ဂိုး ကြည့်ပြီး ရေးခဲ့တဲ့
နေကြာ ပန်းလေးကတော့
ညှိုးနွမ်း ခြောက်သွေ့ ပျက်ဆီးသွားပြီ။
ဗန်ဂိုး ရဲ့ နေကြာပန်းက
ပန်းအစစ်လောက် မလှပေမယ့်
အခုထိ ပန်းချီကားအနေနဲ့ ကျန်ရှိနေခဲ့တယ်။
ဘာကြောင့် ပန်းချီဆွဲတာလဲ ဆိုတော့
ကိုယ် ချစ်တဲ့ အရာတွေကို
ကမ္ဘာမြေပေါ်မှာ လက်ဆောင်အဖြစ် ထားခဲ့ချင်လို့တဲ့။
ဗန် ဂိုးရဲ့
နေကြာပန်း ပုံကို
ကျွန်တော် ဖုန်းထဲမှာ ဆေ့လိုက်ပါတယ်။
ဗန်ဂိုးရဲ့ နေကြာပန်း
လက်ဆောင်ကို
ကျွန်တော် ရရှိလိုက်ပါပြီ။
ဆောင်းတစ်ရာမင်း
၂၄.၈.၂၀၂၂