ဆရာများ သိပီးသူ များ မျက်စိနောက်က သည်း ခံကြပါကုန်





*အဖြူချန် ခြင်း နှင့် နှုပ်ယူ ခြင်း*
ရေဆေး အကြည်မှာ အဖြူ ချန် ခြင်း ဆိုတာ စာရွက်သား အဖြူ အတိုင်း လိုတဲ့နေရာတွေကို ချန်ထား ခဲ့ ခြင်း ကို ဆို လိုပါတယ် နှုပ်ယူ ချင်း ဆိုတာကတော့ ဆေး အရောင်တင်ပီး မှ စုတ်အမာ တစ်ရှုး စတာတွေနဲ့ ပွတ်နှုပ်ခြင်း ကို ဆို လိုတာပါ။
အဖြူ ချန်ခြင်း
အဖြူ ကိုဘယ် လို နေရာတွေမှာ ချန် သင့်တာပါလဲ?
အလင်းပြင်းပြင်း hight light တွေမှာပါ အလင်းပြင့်းတွေ ဟာ ဘယ်လို နေရာတွေမှာ ရှိသလဲ ရေးဆွဲသူ အနေနဲ့ သိထား ရပါမယ် ဥပမာ မာကျော ပြောင်လက်သော အရဝတ္တုတွေ နံယံတွေ မျက်နှာပြင် ကျယ်ပြန့် သော သစ်ရွက် (ငှက်ပျော ရွက် လဗာဒံ ရွက်) စသည်ဖြင့် ပေါ့ ဒါတောင် မိမိရေး ဆွဲချိန် သို့မဟုတ် ရေး ဆွဲ သော ဓါတ်ပုံ ရဲ့ မူရင်း ရှိတဲ့ အလင်း ရောင်ဟာ မှိန် သလား လင်း သလား ဘယ်လောက် လင်း သလဲသိဖို့ လိုပါ တယ် မိမိ ရေးဆွဲတဲ့ အရာတွေ ရဲ့ မူရင်း အရောင် အသွေး ဒါလည်း သတိထား ရမည့် အချက်ပါ ပြောချင်တာက အဖြူ ချန် ပီး ရေး ဆွဲ တဲ့ကား ဟာ ကြည်ပါတယ် သို့သော် အမြဲတမ်း အဖြူ ချန်ရေး ဆွဲ၍ မသင့်တော်ပါ ****အဘယ့်ကြောင့် ဆိုသော့ သစ်ရွက်ပေါ်ကျ တဲ့ အလင်း တောင်မတူ ညီလို့ ပါ ဆို ခဲ့သလို ငှက်ပျော ရွက် ဗာဒံ ရွက်တို့ အပေါ်မှာ အလင်း ပြင်းပြင်း ထိုး လိုက်တဲ့အခါ ကျတဲ့အလင်း ဟာ ပြင်း ပါတယ် အလား တူ အလင်း ပြင်းပြင်း ထဲမှာ ပဲ မန်ကျည်း ရွက် ထနောင်း ရွက် ကဲ့သို့ အုပ်စု ဖွဲ့ အရွက်သေး တွေ မှာ ကျတဲ့အလင်း ဟာ မပြင်း လို့ပါ အရွက်သေး အုပ်စုတွေ က အလင်း ကို စုတ်ယူ ပါတယ် ပြန်ထွက်လာ တဲ့တန်ပြန် အလင်း က အလင်း ပျော့ ပါ တစ်နည်း ပြော ရရင် မာ ကျော ပြောင်လက်တဲ့ အရာတွေ ပေါ်မှာ အလင်း ဟာ ပြင်း ပီး** ပွတဲ့ အရာ တွေ ပျော့ပျောင်း တဲ့အရာ တွေပေါ် က အလင်း ဟာ အလင်းပျော့ တတ်ပါတယ် ဒီနေရာမှာ အရာဝတ္တု တွေရဲ့မူ ရင်း အရောင် အသွေး ကို မေ့ထား လို့ မရကောင်း ပါ။
္*အလင်းပျော့ တွေ အလင်း မှိန်တွေကိုဘယ်လို ရေး မလဲ?*
*နှုပ်ယူခြင်း *
နှုပ်ယူ ခြင်း ဟာ အပြော လွယ်ပါတယ် သို့သော် ရေချိန် အယူ အဆ အား ဖြင့် တွက်တတ်ဖို့ လိုပါတယ်
ဆေး တင်ထား ပီးမှ စုတ်အမာ တစ်ရှုး တို့နဲ့နှုပ်ယူ ရတာပါ
ရေအစို ထဲမှာ မိမိ လို သလို နှုပ်ယူ မယ်ဆို လျှင်တစ်ရှုး လိုပါတယ် ဥပမာအား ဖြင့် တိမ် နဲ့ သစ်ပင် အဖျား တွေပါ( တစ်နည်း)သစ်ပင်အဖျား တွေကို စုတ်တံနဲ့ ရေထိုး ပီး နှုပ်ယူ လို ့ ရနှိုင်ပါတယ် သို့သော် ကျွမ်း ကျင်မှု့ လိုအပ်ပါတယ် ရေအနဲ အများ ပြသနာ ရှိတတ် လို့ပါ ။
*စုတ်အမာ ဖြင့် နှုပ်ယူ ခြင်း *
စုတ်အမာ နဲ့နှုပ်ဖို့ အတွက် မိမိရေး ဆွဲထား သော ပန်း ချီကား ဟာရေ အစို လား ရေအဖန့် လား အခြောက် လား သိဖို့ လိုပါတယ် (ရေအစို မှာ စုတ်အမာ နဲ့နှုပ်ယူ လို့ မရပါ စာရွက်နာသွား တတ်ပါတယ် )ရေအဖန့် ရေ အခြောက်မှာ နှုပ်ယူ နှိုင်ပါတယ် စုတ်အမာကို ရေစွတ်ပီး နှုပ်ယူ ပါ (စုတ်ပြား အမာ ပိုအဆင်ပြေပါတယ်) အလင်း ပျော့ အလင်း မှိန် များ ရပါလိမ့်မယ် (အမျိုးအစား ညံ့သော ကော် မပါသော စာရွက်များ တွင် စုတ်အမာ ဖြင့် နှုပ်ယူ လို့ မရနှိုင်ပါ စာရွက်ပျက်စီး သွား ပါမည်****အချို့ အရာဝတ္တုတွေမှာ အလင်း ပျော့ အလင်းပြင်း တွေရောပြွန်နေတတ်ပါ တယ် အဲဒီအခါ နှုပ်ယူ ခြင်း အဖြူချန်ခြင်း နှစ်မျိုး လုံး အသုံး ပြုရတတ်ပါတယ် ရေဆေးစတင်လေ့ကျင့် သူများ အဆင်ပြေကြပါစေ***
ဆရာသန်းထိုက်စိုး
No comments:
Post a Comment