ဆရာရေ ဘယ်လိုရေးရမလဲ ?လုံးအောင် မရေးတတ်ဘူး
ဆရာရေ မျဉ်းလေးတွေကို တစောင်းလေးရေးရမှာလား ?
toneရေးတဲ့အခါ အနု ဆို ပွတ်လိုက်ရမှာ လား ?
စတဲ့ မေးခွန်းများစွာ ရဲ့ အဖြေကတော့ 



အောက်မှာ ပါတဲ့အတိုင်းပါပဲဗျာ





အခြေခံအားဖြင့်
hatching /cross hatching /stippling/blending ဆိုပြီးရှိပါတယ်



1 =hatching
(မျဉ်းများဖြင့် သရုပ်ဖော်ရေးခြစ်ခြင်း )

ဒီနည်းက တော့ ဥိီးတည်ချက် တူ တဲ့ လမ်းကြောင်း
အတိုင်း
ဒေါင်လိုက် /အလျားလိုက် မျဉ်းတွေကို
ဦးတည်ချက် တူ ရေးခြစ်ကြတာ ဖြစ်တယ်
ဒီနည်းကိုတော့ ( မှင်ခြစ်တွေ /ပုံကြမ်း ကောက်တဲ့သူတွေ အများအားဖြင့် လိုင်းကို ဦးစားပေးရေးသူများ အသုံးများ ပါတယ်

2=cross hatching



ဒီနည်းက အပေါ်က နည်း ကို ထပ်ပေါင်း ထည့်ခြင်းလို့ပဲ
အဓိပ္ပါယ် ဖွင့်ချင်တယ်
ဦးတည်ရာ လမ်း ကြောင်းရဲ့ ဆန်ကျင် ဘက် ဖြတ်မျဉ်း
ထည့်ပြီး ရေးခြစ်ခြင်းလို့ ခေါ်ပါတယ်
ဒီနည်း လမ်းက လဲ အထက်ကပြောသလို (ပုံကြမ်း /
မှင်ခြစ်/design စတာတွေမှာ အသုံးများပါတယ်)
3= stippling





အစက်အပျောက် spotလေးများ ဖြင့်
အနုရင့် ခွဲပြီးထုထည် ပုံဖော်ခြင်း
ဒီနည်းလေးက တော့ ရေဆေး ဆီဆေး စတဲ့
ကားတွေမှာ ခနခန ကျွန်တော် ကိုယ်တိုင် မြင်ဘူး
တွေ့ဖူး ခဲ့တဲ့ နည်းတခုလို့ပဲ ပြောရမှာပေါ့


ဒီနည်းစနစ်ကို အသုံးပြု ပြီး ပန်းချီကားများစွာထိန်းညှိရေးဆွဲ နိုင်တာကို
ကျန်တော် ကိုယ်တိုင် နာမည်ကျော် ဆရာကြီး များရဲ့ လက်ရာမွန်ကားတွေ မှာ တွေ့ ခဲ့ရတယ် တွေ့ခဲ့ဖူးတယ်



လက်ရာရှင် ပန်းချီဆရာ ကြီးများရဲ့
ပန်းချီကားတွေကို ဖော်ပြပေးပါဦးမယ်ဗျ



4 blending မှုန်းခြယ်ရေးခြင်း







ဒီနည်းကတော့
charcoal ရေးနည်း /potrait ပုံတူတွေ မှာ လိုမျိူး
ရေဆေး ဆီဆေး စတဲ့ ပုံတူရေးဆွဲ သော ပန်းချီ
ဆရာများမှာအသုံးအများ ဆုံးနည်း စနစ်တခုပါ 



(ပုံတူဆွဲရင် မှုန်းခြယ် ညက်ညော ဖို့လိုသော အပိုင်းတွေရှိတာကိုးဗျ )
ဒါပေမဲ့
ဒီနည်းကို ပုံတူရေးတဲ့နေရာမှာတခုထဲပဲ သုံးတာလားလို့မေးရင်တော့
noလို့ပဲ ပြောရမယ်ဗျ
တကယ့် landscapeရေးသော still lifeရေးသော
ပန်းချီဆရာများ လဲ ဒီနည်းကို လိုအပ်ရင်အမြဲ အသုံးချလေ့ရှိပါတယ်
ဟုတ်ပြီဗျာ ဆိုလိုရင်းကို သွားလိုက်ရအောင်
ဆိုတော့
ပန်းချီရေးလက်စ ညီငယ်ညီမငယ်များ
ကိုယ် ဘာကိုရေးနေလဲ /ဘာကြောင့်ရေးရသလဲဆိုတာ ကို လိုတိုရှင်းလေး သိသွားမယ်လို့ ထင်ပါတယ်ဗျ
သိသွားရင်တော့လွယ်သလိုပါပဲ အသုံးပြုဖို့ ရင်ထဲ စိမ့်ဝင်နေဖို့က အမြဲ စွဲမြဲနေမှဖြစ်မယ်
တီထွင်ကြံဆ နည်းလမ်းရ ဆိုသလို
ဒီနည်းလေးမျိူး ပဲလားဆိုရင် မဟုတ်ပြန်ဘူးဗျ
မိမိဘာသာ ရှာဖွေပြီး နည်း လမ်းသစ်တွေ တွေ့ရှိနိုင်ပါသေးတယ်ခင်ဗျ
တခုပဲ သိထားတဲ့နည်းလမ်းတွေကို ဘယ်နေရာမှာ ဘယ်လို သုံးရမလဲ ဆိုတာကတော့
ရေးဆွဲ သူရဲ့ အသိညာဏ် အတွေ့အကြုံ နဲ့ ဆရာကောင်းလိုအပ်ပါမယ်
ဒါကြောင့်မို့
အခုအချိန်ထိ အတွေးခေါ် မပါသေးပေမဲ့skill ကျွမ်းကျင်မှု ပန်းချီကားတွေ ကို
အခု ထိ အများသူအမြင်မှာ စွဲမက် အံဩ စရာဖြစ်
နေကြ တာပဲကိုး ဗျ !!
ဒါကတော့ ပန်းချီ သင်ကြားသော ရေးနည်း စနစ်တွေထဲက အပ်ိုင်းလေးတခုပေါ့
ဆက်လက်ပြီးလဲ ကျန်တော်နားလည်သလို ရှင်းပြပြောပြပေးပါဦးမည် !!
No comments:
Post a Comment