Tone ဆိုတာ အရောင်တစ်ရောင်ရဲ့
အနုအရင့်"အသွေး"ကို ပြောခြင်းဖြစ်ပါတယ်
အလင်းဆုံး 1 ကနေ အနက်ဆုံး 9 ထိ ရှိပါတယ်
ပန်းချီမှာတော့ Drawing ပိုင်နိုင်မှုပြီးရင်
Tone Skill က အခရာတစ်ခုပါ
ခဲပန်းချီရဲ့ သဘောသဘာ၀က
အရောင်မပါတဲ့ အဖြူအမည်းအမြင်ပါ
ကိုယ်ဆွဲမယ့် မူလပုံက အ၀ါ အညို
အနီ နီညို စိမ်း၀ါ စတာတွေကို
အဖြူအမည်းဟန်နဲ့ ပြန်လည်ရေးဆွဲတဲ့အခါ
မူလ Tone ကိုးမျိုးကို ခွဲခြမ်းစိတ်ဖြာတတ်ဖို့
မြင်တတ်ဖို့က အရေးကြီးပါတယ်
Tone ကိုးမျိုးကို Analyst လုပ်တတ်မှ
ကိုယ်ဆွဲတဲ့ပုံက အသွေးမှန်ကန်ပြီး
မူလကာရိုက်တာကို ဖမ်းမိနိုင်မှာပါ
Medium (ဆေး/အရောင်)တစ်ခုခု မထည့်ခင်
ခဲရာOutline စမကောက်ခင်ကတည်းက
မူလအရာ၀တ္ထုပေါ်က Tone တွေကို
အောက်ပါအတိုင်း ယေဘူယျသဘောနဲ့
ခွဲခြမ်းစိတ်ဖြာတတ်ဖို့ လိုအပ်ပါတယ်
Tone ကလည်း ပုံတစ်ပုံရဲ့ အရေးပါတဲ့
အသက်သွေးကြောတစ်ခုမို့ပါ
No comments:
Post a Comment