Pages

ပန်း ချီကား တစ်ချပ် ဖန် တီး ရေး ဆွဲ တဲ့အခါ မပါ မဖြစ် ပါရမည့် အချက် ၉ ချက် ရှိပါတယ်

 (ဝါသနာရှင်များ သို့ ) ဆရာများ နှင့် သိပီး သူများ နား လည် ပေး ကြပါ🙏🙏🙏*****

ပန်း ချီကား တစ်ချပ် ဖန် တီး ရေး ဆွဲ တဲ့အခါ မပါ မဖြစ် ပါရမည့် အချက် ၉ ချက် ရှိပါတယ်တဲ့ *****
အဲ ဒါတွေကတော့ နီး/ လယ်/ ဝေး
ပြတ်/ ပြေ / ရော
လင်း/ မှောင် / ရိပ် ပါပဲ**

ပန်း ချီကား တစ်ချပ် မှာ အဆိုပါ ၉ ချက်ထဲ က.၉ ချက် လုံး နဲ့ ငြိ ရမယ်


၉. ချက် လုံး မငြိရင်တောင် ၆. ချက်တော့ ငြိ ရပါမယ် လို့ ဆရာ ကြီး တွေ ပြော ခဲ့ပါတယ် ***

ကဲ ရိုးရိုး ပဲပြောရအောင် နီး ::::လယ် ဝေး ဆိုတာဘာလဲ?
နီး မိမိရေးဆွဲသော ပန်း ချီ ကား ထဲ မှာ မိမိ နှင့် အနီး ဆုံး နေရာ **
လယ် ::::: မိမိ နှင့် လှမ်း မကမ်း နေ ရာ တွေ ( အသေး စိတ် သေချာ စွာ မမြင်ရ) တဲ့နေရာ **
ဝေး: :::: မိမိ နှင့် ဝေး ကွာ လွန်း သော(အသေး စိတ် လုံး ဝမမြင်ရ တဲ့နေရာ) တစ်နည်း အား ဖြင့် perspective သဘော ပါပဲ***

ပြတ်/ ပြေ / ရော ဆိုတာကရော?

ခင်ဗျား တို့အတွဲ နဲ့ ဆိုင် ထိုင်တုန်း က. ကိုယ့် ကောင်မလေး /ကောင်လေး မျက်နှာကို အနီး ကပ်မြင်ရတယ်မဟုတ် လား မျက်တောင်လေး တွေ ကအစ ပေါ့ **
ဒါ ဖြင့် ကိုက် ၅၀ လောက်ရောက်သွား တဲ့ အခါ ငါ့ ကောင် မလေး / ငါ့ ကောင်လေး ဆိုတာ လောက် ပဲသိပီး ခုဏ မျက်တောင် ကော့ လေး မြင်ရ သေး ပါရဲ့လား **
ဒါဖြင့် ကိုက် ၃၀၀ လောက် ရောက်သွား ရင်ရော လူတစ်ယောက် လမ်းလျှောက် လာ တယ် ဆို တာက လွဲပီး ကျန် တာမသိနှိုင်တော့ပါဘူး ဒီနေရာမှာ လူတစ်ယောက် သစ်ပင်တစ်ပင် အဆောက် အဦး တစ်ခု အား လုံး သဘော တရား အတူတူ ပါ ပဲ တစ်ခု သတိ ထား ရမှာက မိမိ ရေး ဆွဲတဲ့ အရာ ဝတ္တု ရဲ့ အရွယ်အစား ပါ ဥပမာ ကြောင်တစ်ကောင် ဟာ ကိုက် ၁၀၀ အကွာ အဝေး မှာသေးသေး လေး မြင်ရ ပေမဲ့ ဆင်တစ်ကောင်က တော့ ဒီ လို မဟုတ် ပါဘူး**

ဒါဆိုရင် ဒီလို တွဲ ကြည့် ရအောင် ---

နီး - ပြတ်သား
လယ် - ပြေ (မပြတ်မသား)
ဝေး -ရော (ရောထွေး ထွေပြား)

ဒီတော့ ::: နီး /လယ် / ဝေး
ပြတ်/ ပြေ/ ရော ဒီ ၆ ချက်ဟာ ပန်းချီကား မှာမပါမဖြစ်ပါ ပဲ။

လင်း / မှောင်/ ရိပ် ကတော့ရှင်း ပါတယ် အလင်း ပြင်း ရင် အမှောင်ပြင်း အရိပ် လဲ ပြင်း မှာပါ

မိုး အုံ့နေတဲ့ ကား မျိုး မှာ တော့ အလင်း အမှောင်တွေ ပြတ်သား မည် မဟုတ်ပါ **
မှတ်သား ရမှာ က. အလင်း အမှောင်နဲ့ အရောင်ဟာ အဝေး ရောက်သွားလျှင် အား ပျော့ သွား တတ်တာပါပဲ။
စတင်လေ့လာသူ များ အဆင်ပြေကြပါစေသိသလောက် မျှဝေချင်းပါ*****

သင်ဆရာ မြင်ဆရာ များ အား ဦးထိပ် ထား လျက်🙏🙏🙏
See less 
ဆရာသန်းထိုက်စိုး

No comments:

Post a Comment