မနေ့တနေ့က ပန်းချီသာဆိုင်နှင့်ဆက်သွယ်ဖြစ်သည်။
ကိုသာဆိုင်က အညာ၊ မန္တလေးကဖြစ်သည်။
ဆရာ(ဦး)ခင်မောင်သန်း (မန္တလေး)နှင့်ပတ်သက်၍
သိခြင်းဖြစ်သည်။ ရေဆေးပန်းချီကိုရေးလေ့ရှိသည်။.
မန္တလေးရောက်တိုင်းမန္တလေးတောင်ခြေရှိပန်းချီပြခန်းတွင်တွေ့ရလေ့ရှိသည်။ တွေ့ရတိုင်းပန်းချီရေးနေလေ့ရှိသည်။ ပန်းချီရေးရင်းဖြင့်ကျနော့်ကိုဧည့်ခံလေ့ရှိသည်။
အခုတော့ ကျနော်မန္တလေးမရောက်သဖြင့်မတွေ့ရတာ
ကြာပြီ။ အခုမှအဆက်အသွယ်ရသဖြင့်စကားပြောရသည်။ သူ့ပုံတွေကို fb ပေါ်တွင်တွေ့ရသည်။
အတော်ရေးဖြစ်တာဘဲ ဟု အံအားသင့်ရသည်။
ရေးဆေးများသဖြင့် အမြဲလိုလိုရေးသောကြောင့်
ပုံတွေအများကြီးပြီးသည်ထင်သည်။
သူ့လက်ရာတွေကကောင်းလှသည်။
ကောင်းမှာပေါ့ out-door ကားတွေကိုး။
မန္တလေးဟန်တော့မကင်း။
နွားလှည်းလေးတွေ၊ ရွာအ၀င်လမ်းလေးတွေ
အစရှိသဖြင့် ရေဆေးကားတော်တော်များများကို
တွေ့ရသည်။ မန္တလေး၏ရေဆေးအကျော်အမော်
တို့၏ လက်ရာမွန်တို့တွင် စာရင်းဝင်သည်။
ရွာအဝင်လက်ပံရဲရဲနဲ့ ကားကိုတော့အတော်ကြိုက်မိသည်။ မန္တလေးကပန်းချီဆရာတွေ လက်ပံ၊ စိန်ပန်းတို့ကို
ရေးလေ့ရှိသည်။ လှလည်းလှ၊ကောင်းလည်းကောင်းကိုး။ ထူးထူးခြားခြား ဆီဆေးကားတချပ်ကိုလည်းတွေ့မိသည်။ ရေးဆေးကားတွေကဲ့သို့ပင်ကောင်းပါသည်။
ဆီဆေးကားကိုရေဆေးကားလို ရေးတတ်ရမည် ဟုဆရာကြီးတဦးပြောတာကြားမိသလိုလိုပင်၊
ဘယ်သူပြောတာလည်းမမှတ်မိတော့။
မန္တလေးမြိုရိုးကိုအတွင်းဘက်မှရေးသည့်ကားတချပ်
ကိုတွေ့မိသည်။ out-door လက်ရာပင်ဖြစ်လိမ့်မည်။
ဆရာသာဆိုင့်ကားတွေကြည့်ရသည်မှာ အကြည်ဓါတ်
ကလေး 'သန္တရသ' ရသည်ဟုဆိုရမည်လား။
မြင့်စိုး
Summit
20th of February 2022
Sunday
No comments:
Post a Comment