ကျနော်စိတ်လေနေတယ်။
ပန်းချီလည်းမဆွဲချင်။
အဲဒီတော့ ပန်းချီကားတွေ လျှောက်ရှာကြည့်တယ်။
တဖြည်းဖြည်း စိတ်ကပေါ့ပါးလာတယ်။
တချို့ပန်းချီကားတွေကတော်တော်ကောင်းတယ်။
အဲဒီတော့ ရောဂါဟောင်းကပြန်ပေါ်လာတယ်။
ကောင်းတာလေးတွေ့ရရင် ကြည့်ချင်မှန်းမသိ၊
မကြည့်ချင်မှန်းမသိ လိုက်ပြတတ်တာကျနော့်အကျင့်။
ခုလည်း ပြရမှာဘဲ၊
မကြည့်ချင်လည်းကျော်သွားပေရော့။
ဒီတယောက်က Jonas Lie (ဂျိုနတ်လိုင်း)တဲ့။
နော်ဝေက၊ ကြီးတော့ အမေရိကန်မှာ။
သူ့ပန်းချီကားတွေက တော်တော်ကောင်းတယ်ဗျ။
အရောင်သုံးစွဲပုံက impressionist style ဘဲ။
တချို့နေရာတွေမှာဆေးထူထူသုံးထားပုံက နှစ်သက်စရာ။
အရောင်တွေသုံးထားပုံက တကယ်ဆရာကြီးကျတယ်။
မယုံရင်ကြည့်၊ တကယ်ကောင်းတာပါ။
အမျိုးသမီးတယောက်ပုံကိုရေးထားတာတွေ့တော့
လက်ဖျားခါတယ်။ တကယ်တော်တဲ့သူဗျာ။
ရေလည်း ရေမို့လို့ ကောင်းတာဘဲ။
မြစ်ပြင်ကိုနေရောင်ထိလို့ အရောင်ပြန်တာများ
မျက်စေ့တောင်ကျိန်းတယ်။
ဒီတသက်သူ့လိုရေးတတ်ပါ့မလားလို့ အားငယ်ချင်။
ဘာဘဲဖြစ်ဖြစ် သူတို့ပန်းချီကားတွေ
ကြည့်ရတာဗဟုသုတရတယ်။
ဝီရရသ ရတယ်ခေါ်မလား ကိုယ်လည်း
အဲဒီလိုရေးချင်လာတယ်။
တကယ်ကောင်းတဲ့ကားတွေပါ။
မြင့်စိုး
Summit
26th of February 2022
Saturday
No comments:
Post a Comment