ဘယ် Medium နဲ့ဘဲ အသုံးပြုရေးဆွဲပါစေ
အခြေခံသီအိုရီတွေကတော့ အတူတူပါဘဲ
ဒါပေမယ့် ကိုယ်အသုံးပြုရေးဆွဲမယ့်
Medium အပေါ်မူတည်ပြီး နည်းစနစ်ကတော့
သူ့ဟာနဲ့သူ ကွာခြားချက်တွေရှိတတ်ပါတယ်
ဥပမာအနေနဲ့ ယှဥ်ပြပါ့မယ်
ခဲမှာ Tone အနုအရင့် ကွဲဖို့ လက်ကို လိုသလို
အဖိအဖော့လုပ်ပေးပြီး ရေးဆွဲရပေမယ့်လို့
မင်ခြစ်မှာတော့ သူ့မင်ရဲ့ သဘာဝအရ
တစ်သမတ် Mono Tone ဖြစ်နေတဲ့အတွက်
လက်အဖိအဖော့ဆွဲလို့ သိပ်အဆင်မပြေတော့ပါဘူး
ဒါဆိုရင် Tone ကိုးမျိုးကို ဘယ်လိုရေးရမလဲ
ဒါဟာ မင်ခြစ်အတွက် နည်းကွဲလေးဖြစ်ပါပြီ
မင်ခြစ်မှာတော့ Tone ကိုးမျိုးကို
မျဥ်းကြောင်းအစိပ်အကြဲ မင်ခြစ်ရာ သိပ်သည်းဆနဲ့
Tone အသွေးနဲ့ Form ထုထည်တွေကို ခွဲထုတ်ပါတယ်
နားလည်လွယ်အောင် ထပ်ရှင်းပြပါမယ်
Tone အနုရောင် Light Tone Key တွေကို
မျဥ်းကြောင်းနဲ့ မင်ခြစ်ရာကို ခပ်ကြဲကြဲဆွဲပါမယ်
Tone အလတ် Medium Tone Key တွေမှာ
မျဥ်းကြောင်းနဲ့ မင်ချက်ရာက နည်းနည်းစိပ်လာပြီး
Tone အရင့် Dark Tone Key တွေဆွဲရာမှာတော့
မျဥ်းကြောင်းနဲ့ မင်ခြစ်ရာတွေက ပူးကပ်ပြီး
သိပ်သည်းဆများပြီး မင်ချက်ပိတ်သွားရပါမယ်
မင်ခြစ်မှာ အဓိက အရေးများတဲ့
ရေးချက် လေးမျိုးရှိပါတယ်
1. Hatch အစင်းခြစ်ရေးဟန်
မျဥ်းဖြောင့် မျဥ်းစောင်း မျဥ်းတို မျဥ်းပြတ်များကို
အစိပ်အကြဲကစား၍ မင်ချက်ဖော်ရေးဆွဲခြင်း
2. Cross Hatch ထရံကွက်ရေးဟန်
မျဥ်းများကို ထရံကွက်ယက်သလို
Cross ဖြတ်ခြစ်၍ ရေးဆွဲခြင်း
3. Stipple အစက်ချရေးဟန်
အစက်အပျောက်လေးများကို အစိပ်အကြဲ
လိုသလိုကစား၍ ရေးဆွဲခြင်း
4. Scumble ရေညှိမျှင်/ဆံချည်ထွေးရေးဟန်
ဆံချည်ထွေး သို့မဟုတ် နန်းကြိုးမျှင်လေးများ
ရှုပ်ထွေးလိမ်ကောက်နေသည့် ရေးဟန်မျိုးဖြင့်
အရာဝတ္ထုတစ်ခု၏ အလင်းအမှောင်နှင့်
ထုထည်များကို ပုံဖော်ရေးဆွဲခြင်း စသဖြင့်
ဖန်တီးရေးဆွဲနိုင်ပါတယ်
မင်ခြစ်ကလည်း တကယ်စိတ်ဝင်စားစရာ
တစ်ဘာသာထူးတဲ့ Medium တစ်ခုပါ
ခဲတံ တစ်ချောင်းရှိရင် ပုံတစ်ပုံဖြစ်သလို
ဘောလ်ပန်တစ်ချောင်းရှိရင်လည်း
ပုံတစ်ပုံ လက်တန်းကောက်ခြစ်လိုက်ရုံပါဘဲ
အခြေခံပိုင်ထားရင် သီအိုရီနိုင်ထားရင်
အနုပညာမျက်စိနဲ့ ရှုမြင်ခံစားတတ်ပြီး
လက်အကျင့်ရှိရုံနဲ့တင် ကိုယ့်ဖန်တီးမှုဆိုတာ
ကိုယ့်လက်ထဲမှာ အဆင်သင့်ဘဲမဟုတ်လား
များများလေ့ကျင့် များများဖန်တီးကြစို့
သူများရေးဟန်တွေကို လေ့လာနိုင်ဖို့
တချို့ပုံလေးတွေကို photo credit ပေးပါတယ်
No comments:
Post a Comment