Pages

Colour perspective..2021.


အ​​​ခြေခံ ကာလာသီအိုရီ​တွေ မ​ကျေညက်ထားရင် ပန်းချီကား​တွေ​ရေးသည့်အခါမှာ အခက်ခဲ​တွေ့ရတတ်ပါသည်၊ အနီး အ​ဝေး အရာဝတ္ထု​တွေ ကွဲဲပြား​အောင်​ရေးသည့်အခါ နီးလျှင် အ​ရောင်ရင့်ပြီး​ဝေးလျှင်အ​ရောင်တ​ဖြေး​ဖြေး​ဖျော့သွားသည့် ​ယေဘူယျ သ​ဘော​လောက်ဘဲသိထားကြပါသည်။
တကယ့်လက်​တွေ့မှာ အရာဝတ္ထုများ နီးလျှင်အ​ရောင်ကာလာများပူ​နွေး​သောအ​ရောင် ရင့်​မှောင်​သောအ​ရောင်များပါဝင်​နေတတ်ပြီး ​ဝေးသွား​လေ ကြားခံ​လေထု atmospheric ပါလာပြီးအ​အေး​ရောင် အပြာ​ရောင်များ ​ရောလာပြီး ​အရာဝတ္ထု​ကောက်​ကြောင်းအနားသတ်​တွေလည်း​ဝေဝါးလာတတ်ပါသည်။
ကာလာသီအိုရီသ​ဘောတရားများမသိထားပါက ဓါတ်ပုံများကူး​ရေးသည့်အခါ အ​ရောင်အနု အရင့်သာ ခွဲခြား​ရေးတတ်ကြပြီး ​ကြားခံ​လေထု မပါဝင်​သော အ​ရောင်များ မထည့်သွင်း မ​ရေးဆွဲတတ်ကြ​ပေ။
ဝါသနာရှင်​တွေအ​နေနှင့်အကြမ်းဖျင်း​လေးသိထားမည်ဆိုရင်​တောင်အဆင်​ပြေလှပါသည်။
​အောက်ပါပုံနှစ်ပုံကို​လေ့လာကြည့်နိူင်ပါသည်။
crd: artist hla tun



No comments:

Post a Comment