အခြေခံခဲလေ့ကျင့်ခဏ်းမှာ မသိမဖြစ် ဆက်လက်လေ့ကျင့်ရမှာက surfacing lines မျက်နှာပြင်ပြမျဥ်းလေ့ကျင့်ခဏ်းတွေပါ။
ပြင်ပအောက်ဒိုးထွက်ရေးဆွဲရင် သစ်ပင်တွေရဲ့ texture တွေကို မျက်နှာပြင်ပြမျဥ်းတွေနဲ့စတင်လေ့ကျင့်ရတာပါ၊ဒါမှသာ အခြေခံရေဆေးလေ့ကျင့်ရင် စုတ်တံရဲ့ လားရာတွေ ထုထည် စုတ်ချက်တွေ မှန်ကန်စေမှာဖြစ်ပါသည်။
အပင်တွေမှာလည်းအပင်ရဲ့ သဘောသဘာဝတွေသိထားရပါမည်၊မည်သည့်အပင်ဖြစ်ဖြစ် ကိုင်း များသည် ဟိုဘက် ဒီဘက် စုံမထွက်ကြပါ, အများအားဖြင့် ဇစ် တွေလို ဇစ် ဇက် ထွက်ကြသည်ကို သတိပြုရပါမည်၊အခြေခံအချက်များ မသိထားပါက စိတ်ကူးတည့်ရာ ကိုင်းများ ထွက်ချင်သလိုထွက် ရေးဆွဲမိတတ်ကြပါသည်။
နိူင်ငံတကာ အကယ်ဒမစ်နည်းစနစ်တွေ လေ့လာ လေ့ကျင့်နိူင်ပါသည်။
crd: Artist Hla Tun
No comments:
Post a Comment